အမေရိကန်နိုင်ငံ၏ အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ Iranian Hacker ကို လွတ်ပေး



အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ Iranian နိုင်ငံသား အကျဉ်းသားများထဲတွင် Hacker တစ်ယောက်ပါဝင်ပါတယ်။ ပြစ်ဒဏ်လျှော့ချပြီး Prisoner Swap ဒါမှမဟုတ် Prisoner Exchange Program မှာ အီရန် မှ ဖမ်းဆီးထားသော အကျဉ်းသား ၅ ယောက် နှင့် လဲလှယ်ခဲ့ပါတယ်။ Iranian နိုင်ငံသား အမေရိကန်တွင် အကျဉ်းချခံနေရသော အကျဉ်းသားများကို ထောင်မှလွတ်ပေးရသည့် အကြောင်းရင်းမှာ အီရန် နိုင်ငံ၏ Nuclear အရေးကိစ္စနှင့် ပတ်သက်သည့် သဘောတူညီချက်ပင်ဖြစ်ပါတယ်။

အီရန် မှ လွတ်ပေးမည့် အမေရိကန် နိုင်ငံသားများ စာရင်းတွင် ပါဝင်သော သူများမှာ - Washington Post Reporter - Jason Rezaian , Former U.S. Marine - Amir Hekmati , Student - Matthew Trevithick , Christian Pastor - Saeed Abedini , Pastor - Nosratollah Khosravi-Roodsari တို့ပဲဖြစ်ပါတယ်။ အမေရိကန် တို့ဘက်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသော Iranian နိုင်ငံသား ၇ ဦးမှာ - Nader Modanlou , Bahram Mechanic , Khosrow Afqahi , Arash Ghahreman , Touraj Faridi , Nima Golestaneh (Hacker) , Ali Sabounchi တို့ပဲဖြစ်ပါတယ်။

အီရန်အကျဉ်းသားများသည် ခြိမ်းခြောက်ငွေတောင်းခြင်း လူသတ်ခြင်း စသည့် ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။ ထိုသူများသည် အရပ်သားများ ဖြစ်ကြပြီး သူတို့လွတ်မြောက်မှုသည် အီရန် ကိုပေးသော ရှားပါးသည့် အခွင့်ရေးမျိုး ဖြစ်တယ်လို့ သမ္မတ Barack Obama မှ Sunday မှာ ပြောခဲ့ပါတယ်။


ယခုလို ကျွှန်တော်တို့ဘက်မှ လိုလိုလားလားကမ်းလှမ်းခြင်းသည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည့်မှုတွေ တိုးပွားလာဖို့ အတွက်ဖြစ်ပါတယ်။ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ခံရေး တိုးတက်လာစေရန်အတွက် ဖြစ်တယ်လို့ အမေရိကန်သမ္မတ  Barack Obama မှ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးကောင်စီ မှာ ပြောကြားခဲ့ပါတယ်။ အီရန် ဟက်ကာ တစ်ဦးကို အမေရိကန် အစိုးရမှမှ လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ သူသည် အမေရိကန် စစ်တပ်နှင့် သက်ဆိုင်သော လျှိုဝှက်ချက်များကို အမေရိကန်ရှိ စစ်ဆင်ရေးများနှင့် ပတ်သက်နေသော ကုမ္ပဏီများမှ ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။

Nima Golestaneh သည် အသက် ၃၀ အရွယ်ရှိ အီရန် နိုင်ငံသားဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ကာကွယ်ရေး လုပ်ငန်းဖြစ်သော Arrow Teach Associates ကို ဆိုက်ဘာ တိုက်ခိုက်မှူ့ပြုလုပ်ခြင်းကြောင့် သံသယရှိခဲ့ပြီး October 2012 ခုနှစ်မှာတော့ Vermont-Based Aerodynamics Company ၏ Server ကိုချိုးဖောက်ခဲ့ပါတယ်။ ထို့နောက် အမေရိကန်ဒေါ်လာ သန်းပေါင်း မြောက်များစွာ တန်ကြေးရှိသော Database အချက်အလက်များကို ခိုးယူခဲ့ပါတယ်။ အစိုးရစုံစမ်းစစ်ဆေးသူများသည်  Golestaneh ၏ Turkey ကိုသွားသော လမ်မှာခြေရာခံမိခဲ့ပါတယ်။ ထို့နောက် ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှူ့ကျူးလွန်ခဲ့သောနေရာဖြစ်သည့် အမေရိကန်နိုင်ငံကို လွဲပြောင်းပေးအပ်ခြင်း ခံခဲ့ရပါတယ်။

Golestaneh ကို အမေရိကန်တွင် ပစ်ဒဏ်ချမှတ်ခဲ့ပြီး သူ့၏တိုင်းပြည်ဖြစ်သော Islamic Republic ကိုပြန်ပို့ပေးခဲ့ပါတယ်။ Golestaneh သည် Iranian Hacking Team များ၏ အရေးပါသော အစိတ်အပိုင်းအဖြစ် ယုံကြည်လာကြပါတယ်။ အီရန်နိုင်ငံ အကျဉ်းသားများ ပြန်လာပြီး ရက်အနည်းငယ် အတွင်းမှာပဲ အီရန်မှ Persian ပင်လယ်ကွေ့မှာ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား သဘောင်္သား ၁၀ ယောက်ကိုထပ်မံ လွှတ်ပေးခဲ့ပါတယ်။


5-2-2016
သတင်းစီစဉ် တင်ဆက်သူ - Zarni (MEHN Team)
အမေရိကန်နိုင်ငံ၏ အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ Iranian Hacker ကို လွတ်ပေး အမေရိကန်နိုင်ငံ၏ အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ Iranian Hacker ကို လွတ်ပေး Reviewed by Myanmar Ethical Hacking News on 5:37 PM Rating: 5

No comments:

MEHN Team. Powered by Blogger.