အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ အချက်အလက်များ ဖွင့်ချခံရခြင်း



မကြာသေးမီက ထုတ်ပြန်ခဲ့သောသတင်းများအရ Database Configuration အမှားကြောင့် အမေရိကန်မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များ ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အစီအရင်ခံစာများအရ “Database Configuration အမှားကြောင့် မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ မှတ်တမ်းများအား အမြစ်မှ ဖော်ထုတ်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုမှတ်တမ်းများထဲတွင် မဲဆန္ဒရှင်များ၏ နာမည်အပြည့်အစုံ မဲဆန္ဒရှင်များ၏ ID နံပါတ် မွေးနေ့ နှင့် Phone Number များပါဝင်သည်။ Database Configuration အမှားကြောင့် မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ ယိုစိမ့်မှူများကို သုတေသီ Chris Vickey မှ ပထမဆုံး အစီရင်ခံခဲ့သည် ဟုသိရသည်။ ထို အစီအရင်ခံစာတွင် Salted Hash ၏ Steve Ragan နှင့် Vickery တို့၏ စုံးစမ်းဖော်ထုတ်မှု ရလဒ်တချို့လည်း ပါဝင်ခဲ့သည်။

နည်းပညာဆိုင်ရာ လုံခြုံရေးသုတေသီ Chris Vickery မှ မှားယွင်းစွာ Configuration ပြုလုပ်ထားသော Database ကြောင့် မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ အချက်အလက်များ Internet ပေါ်တွင် ပျံနှံ့ခဲ့ခြင်းမှာ ထိုအချက်အလက်များကို ကာကွယ်မှုမလုပ်ထားသောကြောင့် ဖြစ်ကြောင်း တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

Texas ပြည်နယ် Austin မှ သုတေသီ (နည်းပညာကူညီမှု အထူးပြု) Cyber လုံခြုံရေးကျွမ်းကျင်သူ Mr.Vickery မှလည်း နည်းပညာပေါက်ကြားမှု အသိပညာပေးရန်အတွက် Web ပေါ်တွင် အချက်အလက်ရှာနေစဉ် ထိုအကြောင်းအရာ အချက်အလက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုပြောခဲ့သည်။ Mr.Vickery တွင် မဲဆန္ဒရှင်များ၏ နာမည်အပြည့်အစုံ (အစ အလယ် အဆုံး)၊ နေထိုင်ရာလိပ်စာ၊ Email လိပ်စာ၊ မဲဆန္ဒရှင်များ၏ ID၊ ပြည်နယ် မဲဆန္ဒရှင်များ၏ ID ၊ ကျား မ မွေးနေ့၊ မှတ်ပုံတင်သည့် ရက်စွဲ ၊ ဖုန်းနံပါတ်၊ နိုင်ငံရေးဆက်သွယ်မှု၊ ၂၀၀၀ ပြည့်နှစ်တည်းက မဲပေးခဲ့သည့် အသေးစိတ်သမိုင်း၊ မဲဆန္ဒရှင်များအတွက် ခန့်မှန်းရမှတ် စသည်တို့ကို မှတ်သားထားသည့် Database File 300 GB ခန့်ရှိကြောင်းသိရသည်။


ထို့အပြင်သူက အမျိုးမျိုးသော Service တွေ App တွေမှ အသုံးပြုသူ User Accounts ၂၅ သန်းကျော် နှင့် ဆက်စပ်မှုရှိသော MongoDB Data 650 Terabytes ကျော်ကို တွေ့ခဲ့ကြောင်း၊ ထိုထဲတွင် OX X Optimization Program Mackeeper အသုံးပြုသူ ၁၃ သန်း ပါဝင်ကြောင်းပြောခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် သုတေသီ Chris Vickery က Databreaches.net ကိုဆက်သွယ်ခဲ့ပြီး သူ့အနေဖြင့် အမေရိကန်မဲဆန္ဒရှင်များ၏ အချက်အလက် ၁၉၁,၃၃၇,၁၇၄ သန်း ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ချိုးဖောက်မှုများအတွက် အလားအလာ ?

Vickery သည် အားနည်းချက်များကို ရှာဖွေတွေ့ရှိပြီး တစ်ပတ်အကြာ နောက်ထပ်တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးရန် စတင်ကြိုးစားခဲ့ပါသည်။ “အချက်အလက်များ ပေါက်ကြားမှူ့ကိုခြေရာခံရန် ကြိုးစားနေသော ကျွန်တော်တို့သည် နာရီပေါင်းများစွာ မရေမတွက်နိုင်အောင် ကြာခဲ့ပေမယ့် Database ကတော့ အင်တာနက် ပေါ်တွင် ပျံနှံနေဆဲဖြစ်ပါတယ်” လို့ Vickery မှ ဖွင့်ဟခဲ့ပါသည်။

“ Database သည် ဘယ်အချိန်ထိ မလုံမခြုံဖြစ်နေပြီးတော့ လူဘယ်လောက်ဝင်ရောက်ခဲ့ပြီး ဘယ်လောက် Download ဆွဲနေမည်ဆိုတာလဲ မသိနိုင်ပါဘူး။ Databreaches.net ကလည်း ထင်ကြေးတွေပြောဆိုတာကို ပယ်ချထားသလို ကျွန်တော်တို့ကလည်း တကယ်မသိခဲ့ပါဘူး” ဟု Vickery မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပက်သက်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေကို သင်သိပါလား??

Database ပေါက်ကြားမှုအတွက် မည်သူတစ်ဦးတယောက်မှာမှ တာဝန်ရှိကြောင်း ခုချိန်ထိ မပြောသေးပါဘူး။
Databreaches.net နှင့် Mr.Vickery တို့သည် များစွာသော နိုင်ငံရေးနည်းပညာအုပ်စုများကို ဆက်သွယ်ခဲ့ပြီး
Database မဲဆန္ဒရှင်များနှင့် ပက်သက်သော ဖြေရှင်းမှုတွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုင်တွယ်ရန် ပြောခဲ့သော်လည်း အားလုံးက Database ကိုသူတို့မပိုင်ကြောင်း ငြင်းဆိုခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေး ချိုးဖောက်မှူ့ဖြစ်စဉ်များသည် အားနည်းချက်အနည်းအများအပေါ်မူတည်ပြီး အမြဲတစ်စေ ဖြစ်ပွားနေမည်ဖြစ်သည်။ Vickery နှင့် နည်းပညာဆိုင်ရာ လုံခြုံရေးအဖွဲ့များပူးပေါင်းပြီး အဆိုပါ Database ပေါက်ကြားမှူ့ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှူ့များ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်ကြောင်း နည်းပညာဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

1-2-2016
သတင်းစီစဥ်တင်ဆက်သူ : bel0 (MEHN Team)
အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ အချက်အလက်များ ဖွင့်ချခံရခြင်း အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင် ၁၉၁ သန်းကျော်၏ အချက်အလက်များ ဖွင့်ချခံရခြင်း Reviewed by Myanmar Ethical Hacking News on 6:15 PM Rating: 5

No comments:

MEHN Team. Powered by Blogger.