ဖုန်းများအတွက် လုံခြုံစိတ်ချရမည့် ၀ှက်စာသွင်း စာပို့စံနစ် နှင့် ဖုန်းခေါ်ဆိုမှူ့စံနစ်
အစိုးရများကပင် ထောက်လှမ်းနေသည့်ခေတ်တွင်
နိုင်ငံသားများအနေဖြင့် အင်တာနက်ပေါ်တွင် မိမိ၏ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်သည်မှာ ဝှက်စာသွင်းခြင်းပင်
ဖြစ်သည်။ သမိုင်းကြောင်းများအရ လူသားများအား ဝှက်စာသွင်းရန်နှင့် ဝှက်စာဖော်ရန် သင်ကြားရခြင်းသည်
အလွန်ခက်ခဲသောကိစ္စတစ်ခု ဖြစ်ခဲ့သည်။ Edward Snowden က Glenn Greenwald အား ၎င်း၏ Email
ကို ဝှက်စာသွင်းရန် သင်ကြားပေးနေသည့် ဗွီဒီယိုကိုကြည့်လျှင် အလွယ်တကူ သိမြင်နိုင်ပါလိမ့်မည်။
သို့သော် ခေတ်အခြေအနေ ပြောင်းလဲလာခြင်းနှင့်အတူ အရည်အသွေးမြင့်၍ အသုံးပြုရန် လွယ်ကူသော
ဝှက်စာသွင်းသည့် ဆော့ဖ်ဝဲလ်များ အလွယ် တကူရရှိလာနိုင်ပြီ ဖြစ်သည်။
(၂၀၁၅) ခုနှစ် မတ်လတွင် Open Whisper
Systems လုပ်ငန်းသည် ဝှက်စာသွင်းခြင်းလုပ်ငန်းအတွက် အရေးပါသော ခြေလှမ်းတစ်ခုကို တက်လှမ်းနိုင်ခဲ့သည်။
၎င်း၏ ဖုန်းခေါ်ဆိုမှုများကို ဝှက်စာသွင်းနိုင်မည့် App ကို iPhone နှင့် iPad များအတွက်
ဗားရှင်းအသစ် ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Signal 2.0 တွင် အသုံးပြုသူများအနေဖြင့်
TextSecure ဟု အမည်ပေးထားသည့် Protocol အား အသုံးပြုကာ စာရိုက်ခြင်း၊ ဖုန်းခေါ်ခြင်းတို့အား
ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မည်သို့သော ကြားဖြတ်ဖမ်းယူမှုကိုမှ ခံရနိုင်မည်
မဟုတ်တော့ပေ။
ဤကိစ္စသည် ကြီးကျယ်သောအရာမဟုတ်ဟု ထင်မြင်စရာ
အကြောင်းရှိသည်။ ထိုသို့လုပ်ဆောင်ပေးနိုင်သော App များသည် Play Store တွင် အမြောက်အများရှိနှင့်ပြီ
ဖြစ်သည်။ သို့ရာတွင် Signal 2.0 မှ ကမ်းလှမ်းသောအချက်မှာ စိတ်ကျေနပ်မှု ရရှိစေခြင်းဖြစ်သည်။
အခြား စာတိုပို့ App များနှင့် မတူသည်မှာ
Signal သည် Open-Source ဖြစ်ပြီး မည်သူမဆို ဖတ်ရှုပြုပြင် သုံးစွဲနိုင်သည်။ ထို့အပြင်
Signal သည် PFS (Perfect Forward Secrecy) နည်းကို အသုံးပြုထားခြင်းကြောင့် Attacker
အနေဖြင့် လက်ရှိသုံးစွဲနေသော ဝှက်စာဖော်ဂဏန်းများကို ရရှိသွားလျှင်ပင် ယခင်က စုဆောင်းခဲ့သည့်
အချက်အလက်များကို ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။
Signal သည် မိမိဖုန်းမှ ထွက်သွားမည့်လိုင်းကို
ဝှက်စာသွင်းပေးခြင်းဖြစ်၍ မိမိတို့၏ ဆက်သွယ်မှုအားလုံးကို စိတ်ချနိုင်မည်ဖြစ်သည်။ အခြား
App များမှာ ဆက်သွယ်လိုသည့်ပစ္စည်းနှင့် မတူညီပါက ဝှက်စာသွင်းခြင်းကို ဖယ်ရှားလေ့ရှိသည်။
ဥပမာအားဖြင့် iMessage သည် စိတ်ချရသော ဝှက်စာသွင်းနည်းကို အသုံးပြု သော်လည်း အဆိုပါနည်းသည်
iDevice အချင်းချင်းသာဖြစ်ပြီး လက်ခံပစ္စည်းအနေဖြင့် Android ကဲ့သို့ ပစ္စည်းဖြစ်နေပါက
ဝှက်စာသွင်းခြင်းကို ဖယ်ရှားထားသည်။ ထို့အပြင် iMessage သည် PFS စနစ် မပါဝင်သည့်အပြင်
ရေးသားထားသည့် Code ကို မြင်တွေ့ရခြင်းမရှိ၍ အလုံးစုံစိတ်ချရခြင်း မရှိပေ။
Signal သည် မိမိတို့နှင့် ပြောဆိုနေသူကို
မှန်ကန်ခြင်းရှိ/မရှိ စစ်ဆေးနိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပြီး ဝှက်စာသွင်းနေမှုအား
တိုက်ခိုက်ခံနေရခြင်း ရှိ/မရှိ သေချာစေရန် ထောက်လှမ်းနိုင်သည်။ iMessage တွင် ထိုကဲ့သို့
လုပ်ဆောင်နိုင်သည်ဟု ဆိုသော်လည်း Apple မှ ကြေညာထားသော စကားသာ ဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးတို့
ပူးပေါင်းကာ ကမ္ဘာ့အကြီ:ဆုံး SIM ကတ် ထုတ်လုပ်သူထံမှ ဝှက်စာသွင်းသည့်ဂဏန်းကို ခိုးယူသွားသည့်သတင်းကို
သိရှိပြီးနောက်တွင် ခိုင်မာစိတ်ချရသော လက်တွေ့ အသုံးကျသည့် ဝှက်စာသွင်းနည်းသည် အရေးပါလာသည်။
ထိုဝှက်စာသွင်းသည့်ဂဏန်းသည် မိုဘိုင်းဖုန်းနှင့် တာဝါတိုင်များ ဆက်သွယ်ရာတွင် အသုံးပြုသည့်
ဂဏန်းများဖြစ်သည်။ ထိုဂဏန်းများကို အသုံးချကာ ထောက်လှမ်းရေးသမားများအနေဖြင့် အလိုရှိသော
ဖုန်းခေါ်ဆိုမှုများ၊ စာတိုပို့မှုများကို ကြားဖြတ်ရယူနိုင်မည် ဖြစ်သည်။
iPhone အသုံးပြုသူများအနေဖြင့်
Signal ကို တိုက်ရိုက်ရယူနိုင်ပြီး Android အသုံးပြုသူများအတွက်မူ စာတိုပို့စနစ်အတွက်
TextSecure နှင့် ဖုန်းခေါ်ဆိုမှုအတွက် RedPhone ဟူ၍ App (၂) ခု ရယူရမည် ဖြစ် သည်။ တစ်ခုတည်းသော
App ဖြစ်စေရန် ကြိုးစားလုပ်ဆောင်နေသည်ဟုလည်း Open Whisper Systems ၏ တည်ထောင်သူဖြစ်သည့်
ဝှက်စာစနစ်ကျွမ်းကျင်သူ Moxie Marlinspike က ပြောကြားခဲ့သည်။
(၁၀၀) ရာခိုင်နှုန်း စိတ်ချရသော စာတိုပို့
App ဟူ၍ ရှိနိုင်မည်မဟုတ်ပေ။ ထောက်လှမ်းရေးသမားများနှင့် Hacker များ အနေဖြင့် ဖြစ်နိုင်သော
အားနည်းချက်များကို လိုက်လံရှာဖွေပြီး စမတ်ဖုန်းများ၏ ဝှက်စာသွင်းခြင်းကို ကျော်လွှားကြမည်ဖြစ်သည်။
သို့သော် Signal ကဲ့သို့သော App ကို အသုံးပြုခြင်းဖြင့် နည်းပညာအသိ နည်းပါးသော ပြည်သူလူထုတို့၏
အချက်အလက်များအား အလွယ်တကူရယူခြင်းကို ကောင်းစွာကာကွယ် သွားနိုင်မည် ဖြစ်သည်။
Signal Private Messenger ကို ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။
3-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
ဖုန်းများအတွက် လုံခြုံစိတ်ချရမည့် ၀ှက်စာသွင်း စာပို့စံနစ် နှင့် ဖုန်းခေါ်ဆိုမှူ့စံနစ်
Reviewed by Myanmar Ethical Hacking News
on
9:45 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:45 AM
Rating:

No comments: