Facebook ၏ Like နေရာတွင် Emoji နောက်ထပ် ၆ မျိုးပါဝင်လာမည့် အစီအစဉ်
မကြာခင်ရက်ပိုင်းအတွင်း Mark Zuckerberg
၏ Facebook စာမျက်နှာတွင် ဖော်ပြထားတာသည့် အကြောင်းအရာမှာ Facebook ၏ Like နေရာတွင်
Like တစ်ခုတည်းတင် မဟုတ်တော့ဘဲ စိတ်ခံစားမှုပုံစံမျိုးစုံကို ဖော်ပြပေးမည့် Emotion
Icons များသည် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပါဝင်လာနိုင်တော့မှာပါ။ ကျွန်တော်တို့
အားလုံးသိတဲ့အတိုင်း Facebook မှာ Like လုပ်သည့် ပုံစံတစ်ခုဘဲ အရင်ကပါရှိခဲ့တာပါ။
2015 ခုနှစ်မှစလို့ လူမှုကွန်ယက် နယ်ပယ်တွေမှာ စိတ်ခံစားမှူ့ အခြေအနေများကို ဖော်ပြပေးနိုင်မည့်
Emotion Icons များကို Facebook မှ ထည့်သွင်းမည့် သတင်းကြားကတည်းက လူအများစုမှ အကြံမျိုးစုံပေးခဲ့ကြပါတယ်။
ဒီအကြောင်းပြချက်နှင့် ပက်သတ်ပြီးတော့ Facebook မှာ တင်ပြတဲ့အရာတွေကို အရင်က မကြိုက်တဲ့အရာဆိုရင်လည်း
Like တစ်မျိုးတည်းသာ အသုံးပြုနိုင်တာပါ။ ယခုအခါ Facebook မှ လူသားတို့၏ စိတ်ခံစားမှူ့နှင့်
အနီးစပ်ဆုံး တူညီနိုင်မည့် စိတ်ခံစားမှူ့ အခြေအနေပြ ပုံလေးတွေကို ထည့်သွင်းမည်ဟု တရားဝင်ကြေငြာခဲ့ပါပြီ။
Like Button ပုံစံမျိုး လှုပ်ရှားသက်ရောက်မှုရှိတဲ့
Emoji ၆ မျိုးပါရှိမှာပါ။ ပြီးခဲ့သည့် နှစ် 2015 ခုနှစ် October လတွင် Facebook ရဲ့
Chief Product Office ဖြစ်တဲ့ Chief Cox နှင့် သူတို့အဖွဲ့မှ CEO ဖြစ်သော Mark
Zuckerberg ၏ နောက်ဆုံး အသိအမှတ်ပြုမှုကို ရရှိပြီး အားလုံးမြင်သာအောင် ဖွင့်လှစ်ပြောကြားခဲ့ပါတယ်။
Facebook တွင် အသစ်ထည့်သွင်းမည့် စိတ်ခံစားမှ့အခြေအနေပြ
သရုပ်ဖော်ပုံများတွင် ချစ်ခြင်းမေတ္တာ ရယ်မောခြင်း ပျော်ရွှင်ခြင်း အံ့သြခြင်း ၀မ်းနည်းခြင်း
နှင့် စိတ်ဆိုးခြင်း စသည့် ပုံစံတွေပါရှိပါတယ်။ ကျွန်တော်တို့ လက်တွေ့ဘဝရဲ့ စိတ်ခံစားရမှု့
ဝမ်းနည်းခြင်း ချစ်ခြင်း ဖြစ်တည်မှုတွေအပေါ် အခြေခံပြီး လုပ်ကိုင်နိုင်တော့မှာပါ။ ယခုအခါမှာ
Emotion Icons များကို Spain. Ireland, Chile နှင့် အခြားသော နိုင်ငံအချို့တွင်
စမ်းသပ်မှူ့များ ပြုလုပ်နေပါပြီ။ မကြာခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တကမ္ဘာလုံး အသုံးပြုနိုင်အောင်
ကြိုးပမ်းသွားမည့်အကြောင်းကို Bloomberg မှ ဖော်ပြပေးခဲ့ပါတယ်။
Facebook စာမျက်နှာတွင် Like သည် အလွန်အရေးပါလျှက်ရှိရာ
Like အပြင်အခြားသော စိတ်ခံစားမှူ့များကို ဖော်ပြနိုင်သည့် Icon များကိုလည်း သေချာစွာ
သတိကြီးစွာထားပြီး ဖန်တီးရမည် ဖြစ်ကြောင်း Bloomberg မှ ထည့်သွင်း ဖော်ပြခဲ့သည်
Facebook တွင် Dislike Button ထည့်သွင်းရန်
အသုံးပြုသူများမှ အကြံပြု ပေးပို့စာများ ရရှိခဲ့သည်မှာ အမြောက်အများပင်ဖြစ်သည်။ သို့သော်
ဖန်တီးရာတွင် မလိုလားအပ်သော ဆိုးကျိုးရလဒ်များ ဖြစ်ပေါ်မလာစေရန် သေချာစွာ အချိန်ယူဖန်တီးရန်
လိုအပ်လျှက်ရှိသည်။ Merk Zuckerberg မှ “အံ့သြခြင်း ၀မ်းနည်းခြင်း စိတ်ဆိုးခြင်း ရယ်မောခြင်း
စသည့် Button များသည် မကြိုက်နှစ်သက်ခြင်း Dislike ကို ဖော်ပြသည့် အဓိပ္ပါယ်မဟုတ်ကြောင်း
Emoji ရုပ်ပုံများသည် စာနာမှူ့ ထောက်ထားမှူ့ တို့ကို ဖော်ပြစေလိုသည့် အတွက် ထည့်သွင်းထားခြင်းဖြစ်ကြောင်း”
ပြောကြားခဲ့သည်။ Emoji ရုပ်ပုံများကို ရယူရန်အတွက် Like Button ကို စက္ကန့်အနည်းငယ်
ဖိထားပေးပါက ရုပ်ပုံများ ပေါ်ထွက်လာမည် ဖြစ်သည်။ ထိုအထဲကမှ ကြိုက်နှစ်သက်သည့် ရုပ်ပုံကို
ရွေးချယ်နိုင်ပါသည်။
Facebook Post များတွင် Emoji ရုပ်ပုံဖြင့်
ဖော်ပြချက်များကို အသုံးပြုပြီး စိတ်ခံစားမှူ့ဖော်ပြချက်များကို အနီးစပ်ဆုံး ဖော်ပြပေးနိုင်တော့မည်
ဖြစ်ပါသည်။
2-2-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင်
(MEHN Team)
Facebook ၏ Like နေရာတွင် Emoji နောက်ထပ် ၆ မျိုးပါဝင်လာမည့် အစီအစဉ်
Reviewed by Myanmar Ethical Hacking News
on
7:05 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:05 PM
Rating:

No comments: