နိုင်ငံပေါင်း ၄၀ ၏ သံရုံး Website များကို Azerbaijan Hacker များမှ ဖောက်ထွင်းခဲ့
The Monte Melkonian Cyber Army (MMCA)
ဟုခေါ်တွင်သော အမေရှိကန်အခြေစိုက် ဟက်ကာအဖွဲ့တစ်ခုမှ အဇာဘိုင်ဂျန်ရှိ အစိုးရ၀န်ကြီးဌာနများ၏
ဆာဗာများ ၀ဘ်ဆိုက်များကို ဖောက်ထွင်းတိုက်ခိုက်ခဲ့ပြီး အရေးကြီးသော အချက်အလက်များကို
ဖွင့်ထုတ်ခဲ့သည်။ ထို အဇာဘိုင်ဂျန်အား တိုက်ခိုက်မှူ့ကို လက်တုန့်ပြန်သောအားဖြင့် အဇာဘိုင်ဂျန်
ဟက်ကာများမှာ အမေရိကန်နိုင်ငံရှိ နိုင်ငံတော်ပိုင် ၀ဘ်ဆိုက်များကို ပြန်လည် တိုက်ခိုက်မှူ့ပြုခဲ့သည်။
လွန်ခဲ့သည့် ရက်ထဲများတွင် အာမေးနီးယားရှိ
NATO ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ Permanent Mission ၏ တရားဝင် Website များအား
ဟက်ကာများမှ ထိုးဖောက်နိုင်ခဲ့ကြပါသည်။ Permanent Mission ဆိုတာသည်မှာ ကုလသမဂ္ဂ လုံခြုံရေးနှင့်
ဥရောပနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး (OSCE) အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
နေတိုး-အာမေနီးယား ရှိ Website များအား
တိုက်ခိုက်ဖောက်ထွင်းခံရသည့် အပြင် အာမေနီးယား မှ အာဂျင်တီးနား သံရုံး Website များ,
သြစတြီးယား သံရုံး Website များ, ဘီလာရုစ် သမ္မတရုံး Website များ, ဘယ်လ်ဂျီယံ, ဘရားဇီး,
ဘူဂေးရီးယား, ကနေဒါ, တရုတ်, ချက် သမ္မတနိုင်ငံ, ဒိန်းမတ်, အီဂျစ်, ပြင်သစ်, ဂျော်ဂျီယာ,
ဘတူမီ, ဂျာမနီ, ဂရိသမ္မတနိုင်ငံ, ဗာတီကန်စီးတီးပြည်နယ် ,အိန္ဒိယ, အီရတ်, အီတလီ, ဂျပန်,
ကာဇတ်စတန်, ကူဝိတ်, လက်ဘနွန်, လစ်တူနီးယား, နယ်သာလန်နိုင်ငံ, ပိုလန်, ရုရှားပြည်ထောင်စု,
ရိုမေးနီးယား, စပိန်, ဆွစ်ဇာလန်, ဆွီဒင်, တာ့ခ်မင်နစ်စတန်, အင်္ဂလန်, ယူကရိန်း, အာရပ်စော်ဘွားများပြည်ထောင်စုနှင့်
အမေရိကန်ပြည်ထောင်စု သံရုံးများ စသည့် နိုင်ငံပေါင်း (၄၀) ၏ Website များပါ တိုက်ခိုက်ခဲ့ရသည်။
ဟက်ကာ များသည် အဇာဘိုင်ဂျန်၏ စစ်ရေးအာဏာကို
ပြသည့် အနေဖြင့် စာသားများ ရုပ်သံဖိုင် များ ပါဝင်သော Web Page များကို တိုက်ခိုက်ခံရသည့်
ဝဘ်ဆိုက်များ၏ မူလစာမျက်နှာပေါ်တွင် ချန်ထားခဲ့ကြသည်။ ထိုကဲ့သို့ နှစ်နိုင်ငံကြားဖြစ်ပွားနေသော
ပဋိပက္ခများသည် နေ့စဉ်ပိုပိုဆိုးဝါးလျှက်ရှိသည်။ ထိုသို့ နည်းပညာပိုင်းဆိုင်ရာ စစ်ဖြစ်ပွားနေခြင်းမှာ
Nagorno-Karabakh ၏ ပဋိပက္ခ နှင့် အငြင်းပွားမှုများကြောင့် ဖြစ်သည်။
9-2-2016
သတင်းစီစဉ် တင်ဆက်သူ - bel0 (MEHN
Team)
နိုင်ငံပေါင်း ၄၀ ၏ သံရုံး Website များကို Azerbaijan Hacker များမှ ဖောက်ထွင်းခဲ့
Reviewed by Myanmar Ethical Hacking News
on
6:46 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:46 PM
Rating:

No comments: