ဉာဏ်များသည့် အကြံသမား



လန်ဒန်မြို့ရှိ အမေရိကန်သံရုံးတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးအား အမျိုးသမီးများအား ဆိုင်ဘာ နောက်ယောင်ခံလိုက်ခြင်း၊ ၎င်းတို့၏ အီးမေးလ်များအားရယူ၍ အဝတ်အစားမဲ့ပုံများအား တောင်းဆိုခဲ့ခြင်း တို့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Michael Ford သည် လန်ဒန်မြို့ရှိ အမေရိကန်သံရုံးတွင် အလုပ်လုပ်စဉ်က ဆိုင်ဘာနောက်ယောင်ခံလိုက်မှု (၉) ခု၊ ခြိမ်းခြောက်မှုပြုလုပ်ရန် အားထုတ်ခဲ့မှု (၇) ခုနှင့် ဖုန်းလိုင်းအသုံးပြု၍ နှောင့်ယှက်မှု တစ်ခုတို့အတွက် တရားစွဲဆို ခံခဲ့ရသည်။

Michael သည် အမေရိကန်တက္ကသိုလ်များရှိ ကျောင်းသူများနှင့် တက်သစ်စမော်ဒယ်လ်များအား ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သင်ယူထားခဲ့သည့် Hacking ပညာရပ်များကို အမျိုးသမီး သားကောင်အသစ်များ ရှာဖွေရန် အသုံးချခဲ့သည်။
ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာတွင်နေထိုင်သည့် အသက် (၃၆) နှစ်အရွယ် Michael သည် လူသိများသော အီးမေးလ်လုပ်ငန်းတစ်ခုမှ နည်းပညာဝန်ထမ်းတစ်ဦး၏ အကူအညီဖြင့် သားကောင်ဖြစ်ရန် အလားအလာရှိသူ  ထောင်ပေါင်းများစွာကို Phishing Email များ ပေးပို့ခဲ့သည်။


အသုံးပြုမှုမရှိသည့် အကောင့်များကို ဖျက်သိမ်းသည့်အဖွဲ့အဖြစ် ဟန်ဆောင်ကာ အကောင့် မပိတ်စေရန် လက်ရှိအသုံးပြုနေသော စကားဝှက်များကို ပြန်လည်ပေးပို့ရန် တောင်းဆိုခဲ့သည်။ စကားဝှက် ရရှိလာသည့် အကောင့်များ၏ အီးမေးလ်နှင့် ဆိုရှယ်မီဒီယာအကောင့်များသို့ ဝင်ရောက်ကာ အများမသိရှိ သင့်သော ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခဲ့သည်။

ထို့နောက် အဆိုပါအချက်အလက်များဖြင့် အဝတ်အစားချွတ်ထားသည့် ဗွီဒီယိုများဖြင့် ပြန်လည်လဲလှယ်စေရန် အားထုတ်ခဲ့သည်။ ငြင်းဆန်ခဲ့ပါက “မင်းဘယ်မှာနေလဲ ငါမသိဘူးများ မှတ်နေလား” စသည့် SMS ပေးပို့ခြင်း Voice Message စသည့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ငြင်းဆန်ခဲ့သော အမျိုးသမီးအချို့၏ အများကြည့်ရှုရန်မသင့်သော ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများတွင် တင်ခြင်း၊ မိသားစုထံ ပေးပို့ခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ သံရုံးတွင် အလုပ်လုပ်ကိုင်နေသည့် (၂၀၁၃) ဇန်နဝါရီလမှ (၂၀၁၅) မေလအထိ (၂) နှစ်ခန့် ကာလအတွင်း သားကောင် (၂၀၀) ခန့်၏ အကောင့် (၄၀၀) ကျော်အား ဝင်ရောက်ခဲ့သည်။

(၂၀၁၅) ခုနှစ် မေလ၌ လန်ဒန်သို့ သွားရောက်ရန် ပြင်ဆင်နေစဉ် အတ္တလန်တာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ဩဂတ်လတွင် ဒဏ်ငွေချမှတ်ခံရပြီး စက်တင်ဘာလတွင် ယာယီပြန်လွှတ်ပေးခဲ့သည်။ ၎င်းအမှုအား (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီ (၁၆) ရက်တွင် အပြီးသတ် ပြစ်ဒဏ်ချမှတ်မည် ဖြစ်ပြီး ဆိုင်ဘာနောက်ယောင်ခံမှုသည် အမှုတစ်ခုလျှင် ထောင်ဒဏ် (၅) နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်သည်။ ဖုန်းလိုင်းအသုံးပြု၍ နှောင့်ယှက်မှု မှာ ထောင်ဒဏ် အနှစ် (၂၀) အထိ ကျခံရနိုင်သည်။ ပြစ်မှု (၁၇) ခုအတွက် ပြစ်မှုတစ်ခုလျှင် ဒေါ်လာ (၂၅၀၀၀၀) အထိ ဒဏ်ငွေချမှတ်နိုင်သည်။ “ရာဇ၀တ်ဘေးဆိုတာ ပြေးမလွတ်ပါဘူး သင်ဘယ်အရပ်မှာ တည်ရှိနေသည်ဖြစ်စေ ကျွှန်တော်တို့ ရအောင် လိုက်လံရှာဖွေမှာ ဖြစ်ပါတယ်” လို့ နည်းပညာလုံခြုံရေးဆိုင်ရာ ထိပ်တန်းအရှာရှိမှ ပြောကြားသွားခဲ့သည်။

8-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဉာဏ်များသည့် အကြံသမား ဉာဏ်များသည့် အကြံသမား Reviewed by Myanmar Ethical Hacking News on 7:56 PM Rating: 5

No comments:

MEHN Team. Powered by Blogger.