VPN အကြောင်းသိကောင်းစရာ



ဒီတစ်ခါ ကျွန်တော်တင်ပြပေးမယ့် အကြောင်းရာကတော့ အားလုံးလဲ သိလောက်မယ်ထင်တဲ့ “VPN” အကြောင်းဘဲ ဖြစ်ပါတယ်။

ကဲ…..စလေ့လာကြရအောင်ဗျာ….

VPN ဆိုတာဘာလဲ?

VPN ရဲ့အရှည်ကောက်ကတော့ Virtual Private Network ဘဲဖြစ်ပါတယ်။ VPN ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ ကျွန်တော်တို့ အသုံးပြုသူတွေအချင်းချင်း Internet အပေါ်မှာ အချက်အလက်တွေကို ဖလှယ်တဲ့အခါမှာ မသက်ဆိုင်သူတွေ အထူးသဖြင့် Hacker တွေက ကြားဖြတ်ယူလို့မရအောင် Data တွေကို Encrypted ပြုလုပ်ပေးတာကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ပြောရရင် နိုင်ငံခြားမှာရှိနေတဲ့ Company တစ်ခုကို ကျွန်တော်တို့နိုင်ငံကနေ အရေးကြီးတဲ့အချက်အလက်တွေ ပို့ပါပီတဲ့ဗျာ အခြားလူတွေ လုံးဝအသိခံလို့မရတဲ့ အချက်တွေပို့ပြီ။ ဒါဆိုရင်တော့ VPN ကိုသုံးပြီး ပို့ရတော့မှာပေါ့။

VPN ကို အောက်ပါအတိုင်း ၃ မျိုး တွေ့မြင်နိုင်ပါတယ်။
-       Site-to-Site VPNs
-       Host-to-Site VPNs
-       Host-to-Host VPNs တို့ဘဲဖြစ်ပါတယ်။

Site-to-Site VPNs နဲ့ Host-to-Site VPNs တို့ဟာ Hardware ကိုအခြေခံပြီးတော့ Host-to-Host VPNs ကတော့ Software ကိုအခြေခံထားပါတယ်။ ပိုပြီးတော့ရှင်းသွားအောင် အောက်က ပုံလေးတွေကို ကြည့်ပြီးလေ့လာနိုင်ပါတယ်ဗျာ။

Site-to-Site VPNs





Host-to-Site VPNs
 




အပေါ်ကပုံလေးတွေကို ကြည့်ပြီးတော့ Hardware Based VPNs အကြောင်းတွေကို သဘောပေါက်မယ်ထင်တယ်။ Hardware VPN များကို ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ ရောင်းသောဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ Software Based VPNs အကြောင်းလေး ဆက်လေ့လာလိုက်ရအောင်ဗျာ။

Host-to-Host VPNs
 





သူကြတော့ Software VPNs ကိုဘဲ အဓိကထား သုံးတာဖြစ်ပါတယ်။ VPNs Software တွေကတော့ အများကြီး ရှိပါတယ်။ကျွန်တော်ကတော့ Hotspot Shield လေးနဲ့ နမူနာလုပ်ပြပေးမယ်။ စာဖတ်သူတွေကတော့ နှစ်သက်ရာ VPN Software ကို Google မှာရှာပြီး စမ်းသပ်လို့ရပါတယ်။ အရင်ဆုံး မစမ်းခင် အောက်မှာပြထားတဲ့ ပုံးလေး(၂) ပုံကို သေချာလေး ကြည့်ပေးပါ။ Before and After ပေါ့ဗျာ။


VPN မသုံးထားတဲ့ပုံ







VPN အသုံးပြုထားတဲ့ပုံ
 






Country ကွာသွားတာလေးကို တွေ့လားမသိဘူးဗျ။ ဒါဆိုရင် VPN ကို တခြားတစ်နေရာမှာ ကျွန်တော်တို့ ထက်မံ အသုံးပြုလို့ရသေးတယ်ဆိုတာ သိသွားမဟုတ်လားဗျာ။ ဒီအကြောင်းလေးလည်း နည်းနည်းရှင်းပြချင်ပါသေးတယ်ဗျာ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်တုန်းက ကျွန်တော်တို့ Facebook ကိုဖွင့်ချင်တယ်ဆိုရင် ဒီအတိုင်း ဖွင့်လို့မရဘူးလေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ IP ကို Block လုပ်ထားလို့ဘဲ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က VPN ကို အသုံးပြုပြီး Account တွေဖွင့်ကြရတယ်လေ မှတ်မိကြလားမသိဘူး။ နောက်ပြီးတော့ တချို့ ပိတ်ထားတဲ့ Site တွေကိုလဲ VPN အသုံးပြီးဝင်ကြတယ်လေ။

ဟုတ်ပြီဗျာ နောက်ထပ် ဘယ်နေရာမှာ သုံးသင့်သလဲဆိုတော့ Hacking လုပ်တဲ့ နေရာမှာလည်း အသုံးပြုလို့ရပါတယ်။ VPN မခံဘဲသွား Hack လို့ကတော့ Cyber Law နှင့် ငြိနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ VPN ကို ဘယ်လိုနေရာတွေမှာ အသုံးပြုသင့်သလဲ ဆိုတာတော့ သိပီထင်တယ်ဗျာ။ အခု Hotspot Shield ကိုအသုံးပြုပြီး VPN configure  လေးလုပ်ရအောင် အရင်ဆုံး Software လိုချင်ရင်တော့ အောက်က Link မှာဒေါင်းလိုက်ပါ။


ဒီ software လေးမကြိုက်ရင်လည်း အဆင်ပြေတဲ့ VPN ကို အင်တာနက် ကနေဒေါင်းလို့ရပါတယ်။ အရင်ဆုံး ဒေါင်းပြီးရင် Install လုပ်ပါ။ တစ်ခုတော့ရှိတယ် သင့်ရဲ့ Computer ကို Internet ချိတ်ဆက်ထားဖို့တော့ လိုတယ်နော်။ ပြီးရင်တော့ Software ထဲကိုဝင် ထားချင်တဲ့ နိုင်ငံကိုရွေး Connect ဆိုတာလေးဘဲ နိုပ်လိုက်ရင်တော့ ok ပါပြီ။
 








အောက်ကပုံလို Noti bar လေးမှာ Shield အစိမ်းရောင်လေးပေါ်နေရင်တော့ OK ပီပေါ့ဗျာ။




ဒါဆိုရင်တော့ www.google.com လို့ခေါ်ကြည့်လိုက်ပါ။ ပြီးရင် Country နေရာလေးကို ကြည့်လိုက်ပါ။ သင်တို့ပြောင်းထားတဲ့ Country ဖြစ်သွားပါပြီ။ အဲ့တစ်ခုတော့ရှိတယ်ဗျာ VPN ကိုအသုံးပြုမယ်ဆိုရင်တော့ သင်တို့ရဲ့ Internet လိုင်းဟာ အနည်းငယ်တော့ နှေးသွားပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့ VPN ဆိုတာဘာလဲ, VPN အမျိုးအစားတွေ နဲ့ ဘာကြောင့်အသုံးပြုရလဲဆိုတော့ နားလည်လောက်ပြီ ထင်ပါတယ်ဗျာ။

စာဖတ်သူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

24-3-2016
စီစဉ်တင်ဆက်သူ - Zarni (MEHN Team)

 



  
VPN အကြောင်းသိကောင်းစရာ VPN အကြောင်းသိကောင်းစရာ Reviewed by Myanmar Ethical Hacking News on 7:51 PM Rating: 5

No comments:

MEHN Team. Powered by Blogger.