နာဆာ၏ website အား အိုင်အက်စ် သတင်းများ ဖုံးကွယ်ထားမှုကြောင့် Anonymous ဟက်ကာများမှ တိုက်ခိုက်ခဲ့ခြင်း
နာဆာဟာ
အိုင်အက်စ် တွေနဲ့  ပက်သတ်တဲ့ လျှို့ ဝှက်ချက်တွေကို ဖုံးကွယ်ထားခဲ့တယ်လို့  တိုက်ခိုက်ခဲ့တဲ့
ဟက်ကာတွေမှ ပြောကြားသွားပါတယ်။
အွန်လိုင်းမှ
ဟက်ကာ အဖွဲ့ တွေနဲ့  Anonymous အဖွဲ့ တို့ ပူးပေါင်းထားတဲ့ ဟက်ကာအဖွဲ့ တွေဟာ နာဆာ ရဲ့  ကွန်ပျူတာစနစ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ဒါဟာ
ကမ္ဘာလုံးဆိုင်ရာ အစိုးရဆန့်ကျင်ရေး တိုက်ခိုက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။New
World Hacking နဲ့  AnonCorrupt အမည်ရတဲ့ ဟက်ကာ အဖွဲ့  နှစ်ခုဟာ နာဆာရဲ့  mail website နဲ့  email server တို့ ကို တနင်္ဂနွေနေ
့က DDOS(server ကို အလွန်အကျွံ ၀န်ပိအောင်လုပ်ပြီး
ပိတ်သွားစေရန် ပြုလုပ်၍ တိုက်ခိုက်ခြင်း) တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီလိုတိုက်ခိုက်ခဲ့ကြပေမယ့်လည်း နာဆာ
website ကတော့ ပြန်လည် အလုပ်လုပ်နေပါတယ်။ ဒါပေမယ့် ဟက်ကာအဖွဲ့ ကတော့ သူတို့ ရဲ့  တိုက်ခိုက်မှုကို သက်သေပြဖို့ အတွက် mirror အဖြစ်လုပ်ခဲ့ကြပါတယ်။သက်သေအဖြစ်နဲ
့mirror.co.uk မှာ အကြမ်းဖက် အိုင်အက်စ် နဲ့  ပတ်သက်ပြီး နာဆာက လျှို့ ဝှက် ထားတဲ့
အဓိက အချက်လေးတွေကို ထုတ်ဖော်ထားပါတယ်။ဒါပေမယ့် သူတို့ ဟာ အဓိက လျှို့ ဝှက်ချက်လို့ ထင်တာတွေကို တော့ ထုတ်ဖော်ပြောကြားမှာ
မဟုတ်ဘူးလို့  ပြောခဲ့ကြပါတယ်။
ယခု တိုက်ခိုက်မှုမှာ
ပါဝင်ခဲ့တဲ့ New World Hacking အဖွဲ့ ဟာ BBC website ကို အိဗ် နှစ်သစ်ကူး ပွဲတော် နေ
့DDOS တိုက်ခိုက်မှုမှာပါဝင်ခဲ့ဖူးတဲ့ အဖွဲ
့လည်း ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် BBC website ဟာ နာရီအနည်းငယ်လောက် ကျသွားဖူးပါတယ်။
ဟက်ကာအဖွဲ
့ကတွေကတော့ သူတို့  တိုက်ခိုက်ခဲ့လို့  နာဆာ website ကျသွားမှုကို သက်သေအဖြစ်နဲ့  screenshot ရိုက်ပြီးတင်ထားပါတယ်။
“နာဆာ ဟာ
သတင်းအချက်အလက်တွေကို ပြန်လည် ချုပ်ကိုင်နိင်မယ် ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ဒါပေမယ့်
အိုင်အက်စ် တွေနဲ့  ပက်သတ်တဲ့ အချို့  သတင်းတွေကို တော့ လူထုကို ချပြဖို့လိုပါတယ်”
လို့  New World Hacking အဖွဲ့  က mirror.co.uk website မှာပြောကြားသွားပါတယ်။
“ကျွန်တော်တို့ သိသမျှ နာဆာဖုံးကွယ်ထားတဲ့ သတင်းတိုင်းကို
လူထုကို မတင်ပြပါဘူး၊နာဆာ ကိုယ်တိုင် ရှင်းပြဖို့ ချန်ထားပေးတာပါ။”
ဟက်ကာအဖွဲ့ကတော့
နာဆာကို ခုလိုတိုက်ခိုက်တာကို Operation Censorship(OPCensorship) လို့ ခေါ်ဆိုထားပါတယ်။ဒါဟာ
Donald Trump ကို ဆိုက်ဘာ တိုက်ခိုက်မှု လုပ်ဖို့ ကြိုတင် လက်တွေ့ ကျင့်ထားတာလို့ လည်း
မျှော်လင့်ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာ April Fool’s Day မှာ ဖြစ်နိုင်လောက်ပါတယ်။
“ဒါဟာ အစမ်းလေ့ကျင့် မှုတစ်ခု နဲ့  သရုပ်ပြမှုတစ်ခု
သာ ဖြစ်ပါတယ်။နောက်တခုက တော့ Trump ဖြစ်ပါတယ်ဆိုတာကို သူ့ကို သိစေချင်ပါတယ်”လို့  ဟက်ကာတွေမှ
ပြောကြားသွားပါတယ်။
တိုက်ခိုက်ချိန်အတွင်းမှာ
နာဆာရဲ့ နိုင်ငံတော်တော်များများကို ချိတ်ဆက်ထောက်ပံ့ထားတဲ့ email ဆာဗာကို
ကျသွားစေခဲ့ပါတယ်။
28-3-2016
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)
နာဆာ၏ website အား အိုင်အက်စ် သတင်းများ ဖုံးကွယ်ထားမှုကြောင့် Anonymous ဟက်ကာများမှ တိုက်ခိုက်ခဲ့ခြင်း
Reviewed by Mr.Thein
on
4:40 PM
Rating:
Reviewed by Mr.Thein
on
4:40 PM
Rating:


No comments: