အစ္စရေး နည်းပညာကုမ္ပဏီမှ အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို လော့ဖြည်ပေးရန် အကူအညီပေးနေခြင်း
San Bernardino တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှူ့အပြီးတွင်
အကြမ်းဖက်သမားများ၏ အိုင်ဖုန်း Pass Code များကို ဖွင့်ပေးစေလိုသည့် ကိစ္စနှင့် ပတ်သက်ပြီး
Apple နှင့် FBI တို့အကြား တင်းမာမှူ့များ ဖြစ်ပွားခဲ့သည်။ FBI ဘက်မှလည်း အကြမ်းဖက်သမားများ၏
အိုင်ဖုန်း Pass Code များကို ဖွင့်စေလိုခြင်းမှာ အိုင်ဖုန်းထဲတွင်ရှိသော အချက်အလက်များကို
ရယူလိုပြီး ထိုအချက်အလက်များမှ နောက်ဆက်တွဲ အကြမ်းဖက်မှူ့များ ဖြစ်ပေါ်နိုင်ခြင်း ရှိ
မရှိ စစ်ဆေးရန် အခြားသော မည်သည့် အကြမ်းဖက်လုပ်ငန်းများနှင့် ဆက်သွယ်နေသည်ကို စစ်ဆေးရန်
နှင့် နောက်ထပ် အကြမ်းဖက်မှူ့များ ထပ်မံမဖြစ်ပွားစေရန် တားဆီးလို၍ ဖြစ်သည်။
Apple ဘက်မှလည်း အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို
လော့ဖြည်ပေးရန် ဆန္ဒရှိခဲ့သော်လည်း အသုံးပြုသူများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အလေးထားသောအားဖြင့်
သော်လည်းကောင်း အကယ်၍ ဖွင့်ပေးလိုက်ပါက Hacker များမှ ဖွင့်နိုင်သည့် နည်းများကို ရှာဖွေနိုင်ပြီး
Backdoor များ ထည့်သွင်းနိုင်သည့် အချက်ကို စဉ်းစားမိပြီး Apple အသုံးပြုသူများအပေါ်
နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့် အတွက် လည်းကောင်း အကြမ်းဖက်သမားများ၏
အိုင်ဖုန်း များကို လော့ဖြည်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေးနိုင်ငံရှိ နည်းပညာလုံခြုံရေးကုမ္ပဏီ
တစ်ခုဖြစ်သော Cellebrite ကုမ္ပဏီမှ FBI ၏ ကမ်းလှမ်းမှူ့ကြောင့် San Bernardino တွင်
အကြမ်းဖက် တိုက်ခိုက်ခဲ့သော သေနတ်သမား Syed Rizwan Farook ၏ အိုင်ဖုန်း ဖိုက်စီ
(iPhone 5C) ကို လော့ဖြည်ပေးရန် သဘောတူခဲ့သည်။
Cellebrite ကုမ္ပဏီ၏ Website တွင် IOS
8.x နှင့် အထက် Version များကို လော့ဖြည်ပေးနိုင်ကြောင်း ဖုန်းအတွင်းထဲရှိ အချက်အလက်များကို
မပျက်စီးစေဘဲ လော့ဖြည်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အကယ်၍ Cellebrite ကုမ္ပဏီမှ
အိုင်ဖုန်းလော့ကို ဖြည်နိုင်သွားပါက FBI အနေဖြင့် Apple ထံမှ အကူအညီတောင်းခံတော့မည်
မဟုတ်ချေ။
Apple အနေဖြင့် အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို
လော့ဖြည်ရန် အမေရိကန်အစိုးရ၏ တရားရုံးမှတဆင့် ဖိအားပေးခြင်းကို များစွာ ခံခဲ့ရသည်။
Apple အနေဖြင့် အသုံးပြုသူများနှင့် အကြမ်းဖက်ကိစ္စရပ်များအကြားတွင် အတော်ပင် အကြပ်ရိုက်ခဲ့သည်။
FBI အနေဖြင့် Apple အပြင် အခြားသော ကုမ္ပဏီများကိုပါ
အိုင်ဖုန်းလော့ဖြည်ရန်အတွက် ဌားရမ်းသင့်ကြောင်း တရားရုံးတော်သို့ တင်ပြခဲ့သည်။ တရားရုံးတော်မှ
ထိုအချက်ကို လက်ခံပြီး အစ္စရေးနိုင်ငံရှိ Cellebrite ကုမ္ပဏီကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အိုင်ဖုန်းကို လော့ဖြည်နိုင်သွားပါ အမေရိကန်ဘက်မှ Cellebrite ကုမ္ပဏီသို့ အိုင်ဖုန်းတစ်လုံးစာအတွက်
အမေရိကန်ဒေါ်လာ 15,278 $ ပေးချေရမည် ဖြစ်သည်။
ယခုအခါ FBI အနေဖြင့်လည်း အိုင်ဖုန်းများကို
လော့ဖြည်နိုင်ရန် နည်းလမ်းများကို ကြိုးစားရှာဖွေလျှက်ရှိပါသည်။ အရေးအကြီးဆုံး အချက်မှာ
အကယ်၍ FBI အနေဖြင့် အိုင်ဖုန်းလော့ဖြည်နိုင်သည့် နည်းစံနစ်ကို ရှာဖွေတွေ့ရှိသွားပါက
မီလီယံနှင့် ချီသော Apple အသုံးပြုသူများ၏ ဖုန်းများအတွင်းသို့ Backdoor များ ထည့်သွင်းပြီး
လူ့အခွင့်အရေး ချိုးဖောက်ကာ စောင့်ကြည့်နေခြင်းများ ရှိလေမလားဆိုတာကတော့ သံသယဖြစ်ဖွယ်
ပုစ္ဆာတစ်ပုဒ်အဖြစ် တည်ရှိနေပါတော့တယ် ခင်ဗျာ။
29-3-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင်
(MEHN Team)
အစ္စရေး နည်းပညာကုမ္ပဏီမှ အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို လော့ဖြည်ပေးရန် အကူအညီပေးနေခြင်း
Reviewed by Myanmar Ethical Hacking News
on
2:53 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:53 PM
Rating:

No comments: