Blackhole Exploit Kit အား ဖန်တီးသူအား ထောင် (၇) နှစ်ချမှတ်



Blackhole Exploit Kit ဖန်တီးသူအား ဂူလပ်အကျဉ်းစခန်းတွင် (၇) နှစ်ကျခံစေရန် Zamoskvoretskiy တရားရုံးမှ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။ အတူတကွ ဖမ်းမိခဲ့သည့် အခြား ဟက်ကာ (၇) ဦးကိုလည်း ဆိုင်ဘာရာဇဝတ်မှုကျူးလွန်သူများအဖြစ် ထောင်ဒဏ် (၅) နှစ်ခွဲမှ (၈) နှစ်ကြား ပြစ်ဒဏ်များကို ချမှတ်နိုင်ခဲ့သည်။

ရုရှားပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Tass မှ ဖော်ပြချက်အရ Paunch အမည်ခံ Dmitry Fedotov သည် Blackhole EK ဖန်တီးသူအဖြစ် ကျော်ကြားသူဖြစ်သည်။ (၂၀၁၃) ခုနှစ် အောက်တိုဘာလတွင် အခြားသံသယရှိသူ (၁၂) ဦ:နှင့်အတူ အထိန်းသိမ်းခံခဲ့ရသည်။ Blackhole EK ၏ သတင်းကြီ:သည့်အချက်မှာ နှစ်စဉ်ကြေးဖြင့် ဌားရမ်းအသုံးပြုနိုင်ပြီး ဝက်ဘ်နှင့်ပတ်သက်သော လုံခြုံရေးအားနည်းချက်များကို အချိန်နှင့်တပြေးညီ ထည့်သွင်းပေးသောကြောင့် ဖြစ်သည်။ Blackhole ၏ အသုံ:ဝင်ပုံကို Fedotov နှင့် အပေါင်းအပါများက ရုရှားဘဏ်များတွင် Malware သွင်းကာ ရူဘယ် သန်း (၇၀) (ဒေါ်လာ ၂.၁ သန်း) ထုတ်ယူခြင်းဖြင့် သက်သေပြခဲ့သည်။

အခြား EK တစ်ခုဖြစ်သည့် Cool ကိုလည်း J. P. Morgan အမည်ရှိ ဟက်ကာတစ်ဦးနှင့် တွဲဖက်ရေးသားခဲ့သည်။ Paunch ၏ ဂုဏ်သတင်းဖြင့် Cool EK သည် Demo အဆင့်တွင်ပင် နာမည်ကြီးနေပြီ ဖြစ်သည်။ Cool EK သည် အဆင့်မြင့် EK တစ်ခုဖြစ်သည့်အတွင် Whaling ပြုလုပ်နိုင်စေရန် ဘရောက်ဇာ (Browser) အတွက် လုံခြုံရေးအားနည်းချက်များကိုပါ ထည့်သွင်းထားသည်။ ယခုကဲ့သို့ Fedotov အဖမ်းအဆီ:ခံရသည့်အတွက် Cool သည်လည်း လမ်းစပျောက်သွားပြီ ဖြစ်သည်။

(၂) နှစ်ကျော်ကြာ အထိန်းသိမ်းခံရပြီးနောက် ယခုအခါတွင်မှ Fedotov နှင့်အတူ အခြားရာဇဝတ်သား (၆) ဦးကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

24-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
Blackhole Exploit Kit အား ဖန်တီးသူအား ထောင် (၇) နှစ်ချမှတ် Blackhole Exploit Kit အား ဖန်တီးသူအား ထောင် (၇) နှစ်ချမှတ် Reviewed by Myanmar Ethical Hacking News on 8:49 PM Rating: 5

No comments:

MEHN Team. Powered by Blogger.