Hacker စံဖဲ



မြန်မာ့ရာဇ၀င်မှာ ဗိုလ်စံဖဲဆိုရင် မသိသူအတော်ပင်ရှားပါလိမ့်မယ်။ ခိုးဆိုးလုယက် တိုက်ခိုက်ပေမယ့် ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲတတ်လို့ ဖမ်းဆီးဖို့အတွက် အင်္ဂလိပ်တွေ လက်မှိုင်ချရလောက်အောင် သတင်းပေးသူမရှိဘဲ ကြာရှည်စွာ ရပ်တည်လာခဲ့သော တောပုန်းကြီးတစ်ယောက်ပါ။ နောက်ဆုံး ငှက်ဖျားတက်ပြီး ပုလိပ်တွေကို လက်ယက်ခေါ်ပြီး ငါ စံဖဲဘဲ မင်းတို့ငါ့ကို အလိုရှိနေတယ်မဟုတ်လား အခုဖမ်းကြတော့လို့ ကိုယ်ထင်ပြအဖမ်းခံတော့မှဘဲ ဖမ်းမိခဲ့တာပါ။

အခုလည်း Hacking လောကမှာ ဗိုလ်စံဖဲလို လူတစ်ယောက် ပေါ်လာပါပြီ။ ဖောက်ထွင်း တိုက်ခိုက်ပြီး ရလာသော ငွေများကို အခြားသော Hacking Teams များကို ပြန်လှူနေတာပါ။ Hacking Team တစ်ခုဖြစ်သော Gamma Group မှ သူတို့ဆီကို Bitcoin မှ ခိုးယူရရှိထားသော အမေရိကန်ဒေါ်လာ 11,000$ ကို ISIS များကို တိုက်ခိုက်ရန်အတွက် လှူဒါန်းခဲ့ပါတယ်။

Hacker စံဖဲမှ ဆီးရီးယား နယ်ခြားမျဉ်းပေါ်တွင် တည်ရှိနေသော ISIS တို့ထိန်းချူပ်ထားသော Kurdish နယ်မြေအတွင်းရှိသော Rojava အဖွဲ့ထံသို့လည်း ငွေကြေးအမြောက်အများ လှူဒါန်းခဲ့ပါတယ်။ အခြားသော Hacking အဖွဲ့များဖြစ်သော Phineas Phisher , @GammaGroupPR , Hack Back စသည့်အဖွဲ့များသည် Rojava အဖွဲ့၏ ရပ်တည်မှူ့ကို ထောက်ခံအားပေးကြပြီး ထိုအဖွဲ့သည့် လှူံ့ဆော်ရေးနှင့်ဆိုင်သော လုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

Hacker စံဖဲမှ ယခု လှူဒါန်းသော ငွေကြေးများ၏ အမှန်တကယ် ရရှိခဲ့သောလမ်းကြောင်းကို မပြောဘဲ ဘဏ်ကို ဓားပြတိုက်ခြင်းမှ ရရှိခဲ့သော ပိုက်ဆံများဟုသာ ပြောဆိုထားခဲ့သည်။ သို့သော် ဘဏ်များကို ဓာပြတိုက်ခြင်းကြောင့် ရရှိလာခဲ့သည်ဆိုပါက ပိုက်ဆံများကို လွှဲပြောင်း လှူဒါန်းရာတွင် ယခုထက် ပိုမို ခက်ခဲနိုင်ကြောင်း Reddit သတင်းတစ်ခုတွင် ဖော်ပြထားသည်။

Rojava အဖွဲ့သည် ရပ်တည်မှူ့အတွက် ကိုယ်ပိုင် ငွေကြေးများကို စုပေါင်းကာ ရပ်တည်နေရခြင်းဖြစ်သည်။ ထို့အပြင် ISIS တို့၏ ထိန်းချူပ်နယ်မြေတွင် ရပ်တည်နေရသည့်အတွက် လှူပ်ရှားရခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသည့် အဖွဲ့ဖြစ်သည်။ ထိုအကြောင်းများကို Hacker စံဖဲမှ ကြားသိကာ တိုက်ခိုက်ရရှိသော ငွေကြေးများကို ထိုအဖွဲ့ထံသို့ လှူဒါန်းရန် ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။

Rojava အဖွဲ့မှ “Hacker စံဖဲက ကျွှန်တော်တို့အတွက်တော့ သူရဲကောင်းပါဘဲ ကျွှန်တော်တို့ လုပ်ဆောင်နေသော လုပ်ငန်းများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်အတွက် အထောက်အပံ့တွေပေးခဲ့သည့်အတွက် ကျွှန်တော်တို့အနေနဲ့ များစွာ ၀မ်းမြောက်မိသလို ကျေးဇူးလည်း တင်မိပါတယ်” လို့ Twitter စာမျက်နှာတွင် ဖော်ထုတ် ချီးကျူးထားပါတယ်။

ကျွှန်တော်တို့နိုင်ငံမှာကော Hacker စံဖဲလို လူများပေါ်လာမလားဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် ရူ့စားရမှာ ဖြစ်ပါတယ်။

23-5-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Hacker စံဖဲ Hacker စံဖဲ Reviewed by Myanmar Ethical Hacking News on 9:32 PM Rating: 5

No comments:

MEHN Team. Powered by Blogger.