ပနားမားထဲမှ ရာဇ၀င်တွင်မည့် အရှူပ်တော်ပုံ



ကုမ္ပဏီတစ်ခုက သတင်းအချက်အလက် ပေါက်ကြားခံရတယ်ဆိုရင် ကုမ္ပဏီအတွက် နစ်နာရုံ မဟုတ်ပါဘူး။ ဖောက်သည်တွေ၊ ဝန်ထမ်းတွေရော အကျိုးဆက်ကို ခံရပါတယ်။ အကယ်လို့ ဒီကိစ္စကို ဂျာနယ်လစ်တွေက ကျော်သွားမယ်၊ ချန်ထားခဲ့မယ်ဆိုရင် ပိုဆိုးသွားပါပြီ။ ဘာလို့လဲဆိုတော့ ဒီသတင်းတွေကပဲ လုပ်ငန်းရှင်တွေကို သတင်းအချက်အလက် လုံခြုံရေးဘက်ကို အာရုံစိုက်လာအောင်၊ တရားမဝင်လုပ်ငန်းတွေ တိတ်တဆိတ်မလုပ်နိုင်အောင် ထိန်းသိမ်းပေးတာ ဖြစ်လို့ပါ။

ဒီလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့တယ်ဆိုရင် လုပ်ငန်းအမည် ထိခိုက်ပါတယ်။ ပြီးတော့ သူတို့နဲ့ ဆက်စပ်လုပ်ကိုင်မည့် သူတွေကို နှစ်ပြန်စဉ်းစားသွားစေပါတယ်။ ဒါပေမဲ့ အဓိကဖြစ်နိုင်တာကတော့ ဒီလိုပေါက်ကြားသွားတဲ့ သတင်းတွေများ မှတဆင့် ပေါက်ကြားခံရတဲ့သူတွေရဲ့ လုံခြုံရေးထိခိုက်နိုင်တာပါပဲ။

ဒီလိုကြမ္မာဆိုးမျိုးကို ကြံလိုက်ရတဲ့ လုပ်ငန်းတစ်ခုကတော့ ဥပဒေလုပ်ငန်းတစ်ခုဖြစ်တဲ့ Mossack Fonsecam ပါ။ ပနားမားစာတမ်းလို့ လူသိများသွားတဲ့ ဒီဖြစ်ရပ်မှာ အခွန်ရှောင်လိုတဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးပိတ်ဆို့မှုကို ကျော်ခွချင်သူတွေရဲ့ အရှုပ်တော်ပုံကို ဖြေပြနိုင်ခဲ့ပါတယ်။

တစ်ခုရှိတာက ဒီလုပ်ငန်းကရလိုက်တဲ့ အချက်အလက်ပမာဏက အလွန့်အလွန် များနေတာပါဘဲ။ ဖိုင်ပေါင်း (၁၁.၅) သန်းရှိပြီး ဒေတာပမာဏအနေနဲ့ (၂.၆) တာရာဘိုက် ရှိပါတယ်။ ဒီပမာဏဟာ အရင့်အရင်က ဖွင့်ဖောက်ချဖူးခဲ့သော ပမာဏတွေ အားလုံးပေါင်းလောက်ကို ရှိတာပါ။

ဒီတော့ ဒီအချက်အလက်တွေကို ကြည့်လိုပါတယ်၊ သိလိုပါတယ်ဆိုတဲ့သူတွေအတွက် ဒီပမာဏက ယူလို့မလွယ် ဖြစ်နေပါတယ်။ ဒါကို သဘောပေါက်တဲ့ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး သတင်းထောက်များအဖွဲ့ (ICIJ) ကနေပြီး ရှာလို့ရတဲ့ ဒေတာဘေ့အဖြစ် လုပ်ပေးထားပါတယ်။ ဒီကိစ္စမှာ လုပ်ငန်းပေါင်း (၂၁၄၀၀၀) က လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ ပါမှာပါ။ ဒီဒေတာဘေ့မှာ နီဗာဒါကနေ ဟောင်ကောင်အထိ ကမ္ဘာအနှံ့က လုပ်ငန်းတွေကို ရှာနိုင်မှာ ဖြစ်ပါတယ်။

ဒီစာရင်းထဲက ဖောက်သည်တွေရဲ့ ကြွယ်ဝမှုတွေကြည့်ပြီးစိတ်မသက်မသာ မဖြစ်ပါနဲ့။ ဒီစာရင်းထဲ မပါတာကိုကပဲ ကိုယ့်ရဲ့သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ကောင်းကောင်းဖော်ပြနိုင်တာဖြစ်လို့ စိတ်ချမ်းသာစရာ တစ်ခုပါ။

16-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ပနားမားထဲမှ ရာဇ၀င်တွင်မည့် အရှူပ်တော်ပုံ ပနားမားထဲမှ ရာဇ၀င်တွင်မည့် အရှူပ်တော်ပုံ Reviewed by Myanmar Ethical Hacking News on 7:38 PM Rating: 5

No comments:

MEHN Team. Powered by Blogger.