ဖီးနစ်ငှက်ငယ် (သို့) Doxbin
ဥပဒေဘက်တော်သားများနှင့် အမှောင်လောကသားတွေရဲ့
အားပြိုင်မှုက ယနေ့တိုင် ပြင်းထန်နေတုန်းပါပဲ။ Dark Web မှာ ကျော်ကြားတဲ့ Doxbin ဝက်ဆိုက်က
FBI ရဲ့ ထိန်းချုပ်ထားမှုကနေ ပြန်ထွက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဗဟိုအစိုးရ၏ အမိန့်နှင့်အတူ
နာမည်ကြီးဝက်ဆိုက်များဖြစ်သော Silk Road 2.0 ကို တည်ထောင်သူကို ဖမ်းဆီးနိုင်ခဲ့သလို
တခြား ဥပဒေနှင့်မလွတ်ကင်းသော ဝက်ဆိုက် ၂၇ ခုကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂုဏ်ယူလို့မှ မဆုံးသေးဘူး၊ အဲဒီ့ အထိန်းသိမ်းခံစာရင်းထဲက
Doxbin က ပြန်ပြီ: လည်ပတ်နိုင်တယ်ဆိုတာ ပြခဲ့တာပါ။
Doxbin ဟာ Silk Road 1.0 က စီရင်ချက်ချခဲ့တဲ့
တရားသူကြီး ကတ်သရင်း ဖောရက် (Katherine Forrest) ၏ ကိုယ်ရေးအချက်အလက်များ ဖြစ်သော အမည်၊
လိပ်စာနှင့် ဖုန်းနံပါတ်တွေကို ဖော်ပြနိုင်ခဲ့တဲ့အတွက် သတင်းပိုကြီးခဲ့ပါတယ်။ FBI ရဲ့
အဆိုအရတော့ ဒီသတင်းတွေ ပေါက်ကြားအပြီးမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေနဲ့ မကြာမကြာ
ကြုံခဲ့ရတယ်လို့ သိရပါတယ်။
အမေရိကန်၏ ဆိုင်ဘာနောက်ယောင်ခံမှုဥပဒေများနှင့်
တခြားဆက်စပ် ဥပဒေတွေအရတော့ တခြားသူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရဘဲ
ဖော်ထုတ်တာဟာ ပြစ်မှုမြောက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဝန်ဆောင်မှုတစ်ခုအနေနဲ့ လုပ်နေတာ
Doxbin တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Encyclopedia Dramatica ဟာလည်း အပြောင်အပြက်သဘောနဲ့
သူတစ်ပါးအကြောင်းတွေကို တင်တာ၊ ဓာတ်ပုံတွေတင်တာ လုပ်ကြတဲ့ ဝက်ဆိုက်တစ်ခုပါပဲ။
Dark Web အနေနဲ့ လည်ပတ်နေတဲ့ Tor ဟာ အရင်တုန်းက
Onion ကွန်ယက်လို့ လူသိများခဲ့တဲ့ Relay ပေါင်း ၅၀၀ ကျော်နှင့် ဖန်တီးထားသော ကွန်ယက်တစ်ခုပါ။
အသုံးပြုသူ၏ တည်နေရာ၊ ဘာတွေသုံးတယ်ဆိုတာတွေကို လမ်းစဖျောက်နိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာပါ။
ဒါပေမဲ့ ဒီစနစ်က လုံးဝစိတ်ချရတယ်တော့
မဟုတ်ပါဘူး။ Firefox ရဲ့ Source Code များနှင့် အမေရိကန်က တယ်လီကွန် ထောက်ပံ့သူတွေရဲ့
အကူအညီများနှင့် ပူးပေါင်းပြီး Stormbrew, Fairview, Oaskstar, Blarney ဆိုတဲ့ ပရိုဂရမ်တွေနဲ့
ခြေရာဖျောက်မှုတွေကို NSA က ဖော်ထုတ်နိုင်ကြောင်း ပြခဲ့ပြီးပါပြီ။ ဒီတော့ FBI ကလည်း
လုပ်နိုင်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
ဝက်ဆိုက်ကိုပဲ ထိန်းသိမ်းနိုင်ခဲ့ပြီး
ဆိုက်ထောင်သူတွေကို မဖမ်းမိခဲ့တဲ့ အတွက်သာ ဒီလိုပြန်စဖို့ အခွင့်အရေး ရခဲ့တာပါ။
Nashcash (အခြားအမည် intangir) ကိုတော့ ၀ဘ်ဆိုက်ပိုင်ရှင်အဖြစ် အလိုရှိတဲ့စာရင်းထဲ
ထည့်ထားတယ်လို့ သိရပါတယ်။ ၀ဘ်ဆိုက်ကို FBI က ထိန်းသိမ်းလိုက်တာနှင့် တပြိုင်နက်တည်း
သူတို့၏ log တွေကို အားလုံးကို ချပြလိုက်ပါတယ်။ အကယ်လို့ သူတို့ရဲ့ လုံခြုံရေးအမြင်များနှင့်
ပတ်သက်ပြီး လိုတာတွေရှိနေရင် သိတဲ့တတ်တဲ့သူတွေက ပြင်ပေးနိုင်အောင်လို့ပါ။
ရက်အနည်းငယ်အကြာမှာတော့ အံ့ဩဖွယ်ရာ နိုးထမှုတွေနဲ့အတူ
Onion လိပ်စာ (၃) ခုနဲ့အတူ ပြန်လာနိုင်ခဲ့တာပါ။ သုံးထားတဲ့ (၃) ခုထဲမှာ တစ်ခုက လိပ်စာအသစ်ဖြစ်တယ်လို့
Tor Search Engine တစ်ခုဖြစ်တဲ့ ahmia.fi က ပြထားပါတယ်။ အဟောင်းတွေကို ပြန်သုံ:တာက
သွေးတိုးစမ်းတာ ဖြစ်နိုင်သလို၊ ဖောက်ပြီးသားဆိုက်ကိုပဲ အာရုံရောက်နေအောင် လုပ်ထားတာလည်း
ဖြစ်နိုင်ပါတယ်။ အသစ်တစ်ခုကတော့ အရန်သဘောမျိုးနဲ့ လုံခြုံရေး တစ်ဆင့်တင်တဲ့သဘော ဖြစ်နိုင်ပါတယ်။
Onion လိပ်စာဆိုတာကလည်း Private Key တွေရဲ့
Hash တွေပဲ ဖြစ်လို့ ဆိုက်အဟောင်းကို ပြန်ယူဖို့ဆိုတာ ရဲတွေအတွက် မခက်ပါဘူး။ ထို့အတူပဲ
ဆိုက်ထောင်တဲ့သူတွေမှာက Private Key ရှိတဲ့အတွက် ပြန်ယူဖို့ကလည်း မခက်ပြန်ပါဘူး။ ဒီတော့
ကြိုးဆွဲတမ်း ကစားကြမည့်ပုံ ပေါ်ပါတယ်။ ဆိုက်ထောင်တဲ့သူတွေ ဖမ်းမိမှပဲ ဇာတ်လမ်းဆုံးတော့မှာပါ။
9-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d
ဖီးနစ်ငှက်ငယ် (သို့) Doxbin
Reviewed by Myanmar Ethical Hacking News
on
7:25 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:25 PM
Rating:

No comments: