Windows နှင့် Microsoft Office အား Activation ပြုလုပ်ခြင်း
ရုံးလုပ်ငန်းများကို လုပ်ကိုင်ရာတွင်
Windows နှင့် Microsoft Office သည် မရှိဖြစ်လိုအပ်သော အရာများဖြစ်ပါတယ်။ Windows အကြောင်းကိုတော့
ဒီနေရမှာ ထွေထွေထူးထူး ပြောမနေတော့ပါဘူး။ Windows တစ်ခု Installation ပြုလုပ်ပြီးတာနှင့်
Activate ပြုလုပ်ရမည်ဆိုတာကို လွယ်ကူစွာ နားလည် သဘောပေါက်ကြမည်ဟု ယူဆမိခြင်းကြောင့်
ဖြစ်ပါတယ်။
ရှေးဦးစွာ Activation ဘာကြောင့် ပြုလုပ်ဖို့
လိုအပ်သလဲဆိုတာကို အရင်ဆုံး ရှင်းပြလိုပါတယ်။ Activation လုပ်လိုက်တယ်ဆိုတာ
Software တစ်ခုကို အပြည့်အ၀ လုပ်ပိုင်ခွင့်ရသွားအောင် လိုင်စင်ပြုလုပ်လိုက်တာပါ။
Software အတော်များများသည် အချိန်အတိုင်းအတာ တစ်ခုအထိ နမူနာအသုံးပြုခွင့် ပေးထားပါသည်။
နမူနာ Version များသည် လုပ်ပိုင်ခွင့် အပြည့်အ၀ရမည် မဟုတ်ချေ။ အမြည်းအနေနှင့် ပေးထားသောကြောင့်
အပြည့်အ၀တော့ ရမည်မဟုတ်ချေ။ အသုံးပြုခွင့် သက်တမ်း ကုန်ဆုံးသွားသောအခါ အသုံးပြုလိုမရအောင်
သို့မဟုတ် တစ်ခုခု အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်ထားပါသည်။ လိုင်စင်ဝယ်လိုက်မှ ထို
အနှောင့်အယှက်များ ရှင်းလင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် လိုင်စင်များကို ၀ယ်ယူခိုင်းခြင်းဖြစ်သည်။
Windows နှင့် Microsoft Office သည်လည်း
ထို့နည်းအတူပင်ဖြစ်သည်။ Windows ကို လိုင်စင်ဝယ်ယူပြီး အသုံးမပြုပါက နမူနာအသုံးပြုခွင့်
သက်တမ်း ကုန်ဆုံးသွားသည့်အခါ Windows Genuine Error အမြဲတက်နေမည် ဖြစ်ပြီး လိုင်စင်
ဝယ်ရန် အမြဲမပြတ် သတိပေးနေမည် ဖြစ်သည်။ Windows Genuine Error တက်လာလျှင် Mouse သည်
အခြားနေရာသို့ ရောက်တတ်သဖြင့် အလုပ်လုပ်နေစဉ်အတွင်း Windows Genuine Error တက်လာပါက
အတော်ပင် စိတ်အနှောင့် အယှက်ဖြစ်စရာဖြစ်သည်။ ထိုသို့ မဖြစ်စေရန် လိုင်စင်ဝယ်ယူခိုင်းခြင်းဖြစ်သည်။
လိုင်စင်ဝယ်ယူရာတွင် အခက်အခဲ အချို့ကို
ကြုံတွေ့ရပါသည်။ ငွေပေးချေရန်ခက်ခဲခြင်း ၊ လိုင်စင်များ ရယူရန်ခက်ခဲခြင်း ၊ ဈေးနှုန်းကြီးမြင့်ခြင်း
၊ လူတိုင်းတွင် Credit Card မရှိနိုင်ခြင်း ၊ လူတိုင်းတွင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ
မရှိနိုင်ခြင်း ၊ မ၀ယ်ယူတတ်ခြင်း စသည့် အခက်အခဲများရှိသည့်အတွက် လိုင်စင်များကို ချိုးဖျက်သည့်
လုပ်ငန်းစဉ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ အမှန်တကယ်တွင် လိုင်စင်များကို ချိုးဖျက်ခြင်း
လုပ်ငန်းစဉ်သည် တရားမ၀င်ပါ။ စာရေးသူ လက်လှမ်းမီသလောက် တင်ပြရရင် စကာင်္ပူတွင် ကွန်ပြူတာပျက်လို့
သွားပြင်သည့်အခါ အသုံးပြုထားသည့် Windows တွင် ပါရှိသော Software များသည် လိုင်စင်ဖြင့်
အသုံးပြုထားခြင်း မရှိပါက မပြင်ပေးချေ။ ထိုသို့ လိုင်စင်များ ၀ယ်ယူအသုံးပြုခြင်း မရှိသည်ကို
သက်ဆိုင်ရာမှ ရှာဖွေတွေ့ရှိပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် Windows
သည် လိုင်စင်ဖြင့်မဟုတ်ပါက အင်တာနက် ချိတ်ဆက်လို့ ရမည်မဟုတ်ချေ။
လိုင်စင်များကို ချိုးဖျက်ခြင်းသည် တရားမ၀င်သော်လည်း
ကျွှန်တော်တို့ နိုင်ငံသူ နိုင်ငံသားများအဖို့ လိုင်စင်များ ၀ယ်ယူပြီး အသုံးပြုချင်ပေမယ့်
အချို့သော အခက်အခဲများကြောင့် ၀ယ်ယူအသုံးမပြုနိုင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွှန်တော်တို့အနေဖြင့်
လိုင်စင်များကို စိတ်မကောင်းစွာ ချိုးဖျက်ရခြင်း ဖြစ်သည်။ ထိုသို့ ချိုးဖျက်ရန်အတွက်
အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။
၁။ Antivirus
များကို ခဏ ပိတ်ထားပါ။
၂။ Microsoft
Toolkit ကို ပေးထားသော Link တွင် Download ပြုလုပ်ပါ။
ထို့နောက် ဖိုင်းကို Zip ဖြည်ပြီး
Installation လုပ်လိုက်ပါ။ ထို့နောက် Windows ကို Activate လုပ်ရန်အတွက် Windows ပုံကို
နှိပ်လိုက်ပါ။
Menu Tab ရှိ Activation ကို နှိပ်လိုက်ပါ။
ထို့နောက် EZ-Activator ကို နှိပ်လိုက်ပါ။
Activation ပြုလုပ်ပြီးပါက ကွန်ပြူတာကို
Restart ချပါ။
Activation အောင်မြင်သွားပါက AutoKMS
was successfully installed. ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပြီး မအောင်မြင်ပါက AutoKMS
was successfully failed. ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအခါမျိုးတွင်
Windows ကို Restart ချပြီး နောက်တကြိမ် ပြန်ပြီး Activation ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
မှတ်ရန် - ဖော်ပြပါ Toolkit သည်
Windows 10 ကို Activation ပြုလုပ်နိုင်မည် မဟုတ်ပါ။ Windows 7 , Windows 8 ,
Windows 8.1 စသည်တို့ကိုသာ Activation ပြုလုပ်နိုင်မည် ဖြစ်သည်။
Microsoft Office ကို Activation ပြုလုပ်ရန်အတွက်
Microsoft Office ပုံကို နှိပ်လိုက်ပါ။
Menu Tab မှ Activation ကို နှိပ်လိုက်ပါ။
ထို့နောက် EZ-Activator ကို နှိပ်လိုက်ပါ။
Activation ပြုလုပ်ပြီးပါက ကွန်ပြူတာကို
Restart ချပါ။
Activation အောင်မြင်သွားပါက AutoKMS
was successfully installed. ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပြီး မအောင်မြင်ပါက AutoKMS
was successfully failed. ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအခါမျိုးတွင်
Windows ကို Restart ချပြီး နောက်တကြိမ် ပြန်ပြီး Activation ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Activation များ ပြုလုပ်ပြီးပါက လိုင်စင်များကို
ဖျက်ပြီးဖြစ်ပါပြီ။ လိုင်စင်ဖြင့် အသုံးပြုမှသာ ရရှိမည့် လုပ်ပိုင်ခွင့်များ အားလုံးကို
ရရှိမည် ဖြစ်ပါသည်။ Windows ကို လိုင်စင် ဖျက်ပြီးသောအခါ Windows Update များကို ပိတ်ထားရမည်
ဖြစ်သည်။
Control Panel -> System and
Security -> Windows Update -> Change Settings -> Important updates နေရာတွင်
Never check for updates (not recommended) ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
အဘယ့်ကြောင့် Windows Update ကိုပိတ်ထားဖို့
လိုပါသနည်း? Windows Update များကို မပိတ်ထားသည့်အခါ Updates များ အလိုအလျှောက်ပေးနိုင်သဖြင့်
အင်တာနက်များ ကုန်ကျနိုင်ပါသည်။ ထို့အပြင် Windows Update ပေးလိုက်သည့်အခါ
Microsoft မှ လိုင်စင်ကို ဖျက်သိမ်းနိုင်သဖြင့် Windows Update များကို ပိတ်ထားသင့်ပါတယ်။
Microsoft Toolkit ဖြင့် Activation လုပ်နိုင်မည့်
Windows Versions များနှင့် Microsoft Office Versions များကို အောက်တွင် ဖော်ပြပေးထားပါသည်။
Windows
Toolkit .v2.6.5 can activate :
Windows Vista all versions
Windows
7 all versions
Windows
8 all versions
Windows
8.1 all versions
Compatible
with Windows 10
Office
Toolkit .v2.6.5 can activate :
Office 2003 all versions
Office
2007 all versions
Office
2010 all versions
Office
2013 all versions
Office
2016 all versions
ကြုံတုန်း လေနည်းနည်း ရှည်လိုက်ဦးမယ်ဗျ။
Microsoft Office ရဲ့ အဓိပ္ပါယ်ကိုက ရုံးလုပ်ငန်းများကို အသုံးပြုရန်အတွက် ဖြစ်ပါတယ်။
ကျွှန်တော်တို့ နိုင်ငံမှာ နေရာအတော်များများမှာ ယနေ့ အချိန်အထိ Page Maker များကို
အသုံးပြုနေသည်ကို ထူးဆန်းအံ့သြဖွယ်ရာ တွေ့ရှိရပါသည်။ ခေတ်တွေလည်းပြောင်းနေပါပြီဗျာ။
နည်းစံနစ်တွေလည်း တိုးတက်နေပါပြီ။ ခေတ်နှင့် အတူ ဖွံ့ဖြိုးလာသော နည်းပညာနှင့်အတူ လိုက်ပါစီးမျော
ပျော်ဝင်သင့်ပါတယ်။ လွန်ခဲ့သော ၁၅ နှစ်ခန့်လောက်က Page Maker ကြီးကို ရုံးတွေမှာ သုံးဖို့မသင့်တော့ပါဘူးဗျာ။
အထူးဖြင့် အစိုးရရုံးများမှာ အသုံးပြုကြပါတယ်။ ခေတ်နှင့် လိုက်လျှောညီထွေစွာ မစီးဆင်းဘူးဆိုရင်
ခေတ်နောက်ကျန်ခဲ့ပါလိမ့်မယ်ဗျာ။ ခေတ်ဆန်စရာမလိုပါဘူး ဒါပေမယ့် ခေတ်မှီအောင်တော့ လိုက်သင့်ပါတယ်။
ဒါကြောင့် Microsoft Office ဆိုတာကို ရုံးသုံးအဖြစ် အသုံးပြုသင့်ပါတယ်။ Microsoft
Office နောက်ဆုံးထွက်ထားတာကတော့ Microsoft Office 2016 ဖြစ်ပါတယ်ခင်ဗျာ။ စာချစ်သူများအားလုံး
လိုင်စင် များကို မချိုးဖျက်ချင်သော်လည်း အခြေအနေအရ စိတ်မကောင်းစွာ ချိုးဖျက်ကြပြီး
လိုင်စင် Version များသဖွယ် အသုံးပြုနိုင်ကြပါစေကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ်
ခင်ဗျာ။
10-6-2016
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Windows နှင့် Microsoft Office အား Activation ပြုလုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:




No comments: