ဝက်ဆိုက် (၈၈) ခုအား သုံးရက်အတွင်း တိုက်ခိုက်ခဲ့သည့် Pro-Daesh ဟက်ကာများ



ယခင်အပတ်က ISIS\ISIL တို့အား ထောက်ခံသည့် Team System DZ အမည်ရှိ ဟက်ကာတစ်စုမှ အမေရိကန်၊ ယူကေ၊ ပြင်သစ်နှင့် အစ္စရေးတို့၏ Hosting များရှိ Domain များစွာကို Deface ပြုလုပ်ခဲ့ကြောင်း သိရသည်။ Pro-Daesh အမည်ရှိ သုံးရက်ကြာ လှုပ်ရှားမှုအပြီးတွင် အဆိုပါအဖွဲ့အနေဖြင့် Domain ပေါင်း (၈၈) ခုအား Deface ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါအဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသည့် ဝက်ဆိုက်အများစုမှာ အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်ရှိ Richland ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝက်ဆိုက်များ ဖြစ်သည်။ ဝက်ဆိုက် (၃) ပုံ (၁) ပုံခန့်တွင် Team System DZ ဟူသော အမှတ်အသားများ ဖုံးအုပ်ခြင်း ခံခဲ့ရသည်။

အများနှင့်ဆိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး ရဲဌာန၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ အရေးပေါ်စီမံရေးဌာနနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့် ဝက်ဆိုက်များတွင် အသံဖိုင်တစ်ခုနှင့် အောက်ပါ စိတ်ဓာတ်စစ်ဆင်ရေးစာစုအားဖော်ပြထားသည်။

"ငါ ဂျီဟက်နဲ့ IS ကို ကြိုက်တယ်။ မင်းတို့ လက်လျှော့လိုက်တော့။ သေသေချာချာ မှတ်ထားလိုက်။ IS ဆိုတာ တစ်စက်မှ မညှာဘူး။ အီရတ်က မွတ်စလင်တိုင်းရဲ့ သွေးတွေ ထွက်ကုန်ချင် ထွက်ကုန်လိမ့်မယ်။ အီရတ်မှမဟုတ်ဘူး။ တခြား မွတ်စလင်နိုင်ငံ တစ်ခုမှလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာအကြောင်းနဲ့မှတော့ သွေဖယ်သွားမှာ မဟုတ်ဘူး။ ဒါကို မလေးစားဘဲ အင်အားသုံး ဆန့်ကျင်မယ်ဆိုရင် IS ရဲ့ ဂုဏ်သတင်းကို ပြရမှာပဲ။ မင်းတို့တွေ ဆုံးရှုံးတယ်ဆိုတာကို ခံနိုင်ရည်ရှိရင် မွတ်စလင်တွေနဲ့ စစ်ဖြစ်ကြည့်လိုက်။ ဘုရားသခင်ဆန္ဒရှိရင် မြေကြီးထဲရောက်နေရင်တောင် ငါတို့ လာတိုက်မယ်။"

အလားတူ အဓိပ္ပာယ်ရှိသည့် စာတမ်းများကို ယူကေ၊ အစ္စရေးနှင့် ပြင်သစ်တို့၌ Hosting ပြုလုပ်ထားသော ဝက်ဆိုက်များတွင်လည်း တွေ့ရသည်။ Wisconsin မှ တိုက်ခိုက်ခံရသည့် ဝက်ဆိုက်များ၏ ပုံတူပွားများကို http://www.zone-h.org/archive/ip=68.65.51.100?zh=1 တွင် တွေ့နိုင်သည်။ ထို့အပြင် Team System DZ အဖွဲ့မှ ပြုလုပ်ခဲ့သည့် Deface မှတ်တမ်းစုကို http://www.zone-h.org/archive/notifier=Team%20System%20Dz/page=1 တွင် တွေ့နိုင်သည်။

26-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဝက်ဆိုက် (၈၈) ခုအား သုံးရက်အတွင်း တိုက်ခိုက်ခဲ့သည့် Pro-Daesh ဟက်ကာများ ဝက်ဆိုက် (၈၈) ခုအား သုံးရက်အတွင်း တိုက်ခိုက်ခဲ့သည့် Pro-Daesh ဟက်ကာများ Reviewed by Myanmar Ethical Hacking News on 8:06 PM Rating: 5

No comments:

MEHN Team. Powered by Blogger.