တကျော့ပြန် Stagefright



မနှစ်တုန်းက ဟိုးလေးတကျော် ဖြစ်သွားခဲ့သော သတင်းတစ်ခုကနေ ပြန်ပြောချင်ပါတယ်။ Android မှာ Message လေးတစ်စောင် ပို့လိုက်ရုံနဲ့ ဖုန်းတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသွားတယ်ဆိုတဲ့ သတင်းပါ။ အဆိုပါသတင်းကို စိတ်ဝင်စားတယ်ဆိုရင် အောက်ပါလင့်မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။


အဲလိုထိန်းချုပ်ခြင်း ပြုလုပ်နိုင်သော အကြောင်းရင်းကို အတိုချုပ် ပြောပြရမယ်ဆိုရင်တော့ Google ကြီးကနေ Android Open Source Project (AOSP) မှာ Android ၏ ဖွဲ့စည်းပုံတွေကို Developer တွေလေ့လာနိုင်ဖို့ သန်းနှင့်ချီသော ကုဒ်ရေတွေကို အခမဲ့ တင်ပေးထားပါတယ်။ ကုဒ်တွေကတော့ Language မျိုးစုံဖြင့် ရေးထားသမျှတွေ ရှိပါတယ်။ အဲဒီသောင်းပြောင်းထွေလာ Coding တွေထဲမှာမှ Java တို့လို Memory Management အပိုင်းမှာ အမှားကင်းသော Language ကို Security သမားတွေက အားနည်းချက်တွေ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် Memory Management အပိုင်းမှာ အားနည်းချက်ရှိတဲ့ C++ Language နှင့် ရေးသားထားသော အပိုင်းမှာတော့ ယိုပေါက် ရှာတွေ့ခဲ့ပါတယ်။ 

ဘယ်နေရာမှာ ရှာတွေခဲ့တာလည်းဆိုတော့  Media Format များစွာကို Run ပေးနိုင်တဲ့ Stagefright Media Library Code အပိုင်းမှာ အားနည်းချက် တွေ့ရှိခဲ့တာပါ။ အဲဒီလိုဖြစ်ခဲ့သည့် အတွက်ကြောင့်    Malicious Code တွေပါ ပေါင်းထည့်ထားသော SMS တစ်စောင်ကို သားကောင် (Victim) က လက်ခံမိလိုက်တာနှင့် တပြိုင်နက် Victim ဟာ ထိန်းချုပ်ခံ သားကောင်အဖြစ်ကို ရောက်သွားရရှာပါတယ်။ တခြားဟက်နည်းတွေလို Social Engineering နည်းလမ်းတွေသုံးပြီး လင့်တစ်ခုကို ကလစ်ထောက်စေဖို့ လှည့်ဖြားစရာတောင် မလိုတော့ပါဘူး။ Message ဝင်တာနဲ့ ချက်ချင်းပဲ ထိန်းချုပ်ခံရခြင်းဖြစ်ပါတယ်။  Stagefright Media Library Code နာမည်ကို အစွဲပြုပြီးတော့ အဲဒီအားနည်းချက်ကို Stagefright  Vulnerability လို့ အမည်ပေးခဲ့ပါတယ်။ Google ကနေပြီးတော့ သူ့ကိုဖာထေးပေးထားတဲ့ Update Patch ကို ထုတ်လုပ်ပေးခဲ့လို့ Message Attack ရန်ကနေ လွတ်သွားခဲ့ပါတယ်။ ခုချိန်မှာတော့ Stagefright Vulnerability  က Version အသစ်နဲ့ ပုံစံပြောင်းပြီး တကျော့ပြန်လို့ ထွက်ပေါ်ခဲ့ပါသေးတယ်။

Message Attack ယိုပေါက်ကတော့ ပိတ်သွားပေမယ့် Strightfright ၏ သဘောတရားကိုရသွားတဲ့ ဟက်ကာတွေဟာ သူ့ကို အသုံးပြုပြီး တခြားပုံစံများနှင့် ဝင်လို့ရအောင် ထပ်မံကြိုးစားပါတယ်။ ခုပေါ်ထွက်လာသော နောက်ထပ်အသစ်နည်းလမ်း တစ်ခုကတော့  MP3, MP4 ဖိုင်တွေမှာ Malicious Code တွေထည့်ပြီး ဖွင့်လိုက်တာနဲ့ ထိန်းချုပ်ခံရအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ Youtube မှာတင်ထားသော Malicious လင့်ကို လာရောက်ကြည့်ရှုဖို့ လှည့်ဖြားပါ့မယ်။ အဲဒီနောက်မှာတော့ အဲဒီ Video ကိုကြည့်လိုက်မိပြီဆိုတာနှင့် တပြိုင်နက် Android ၏ အလိုအလျောက် Media Library Code တွေလုပ်ဆောင်မှုကြောင့် ဖုန်းဟာ ထိန်းချုပ်ခံ သားကောင်အဖြစ် ရောက်ရှိသွားမှာပါ။ အသုံးပြုသူတွေ သတိမထားမိသော အိပ်ပျော်နေတုန်း အချိန်မှာတောင် အချက်အလက်တွေ ရယူသွားနိုင်ပါတယ်။ အဆိုပါတိုက်ခိုက်ခံရမှုကို သန်းနှင့်ချီသော ဖုန်းတွေမှာဖြစ်ပေါ်ခဲ့ကြောင်း Google မှထုတ်ပြန်ထားပါတယ်။  သတင်းကောင်းအနေနဲ့ကတော့ အခုအချိန်မှာ Google ကလည်း သူ့ရဲ့ Update Patch ကို ထုတ်ပေးထားပြီး ဖြစ်တဲ့အတွက်ကြောင့် Firmware Patch Update လုပ်ထားပြီးသူများ အနေဖြင့် ယခုနည်းကနေလည်း ကာကွယ်ထားပြီးဖြစ်ပါတယ်။ တိုက်ခိုက်ခံရနိုင်တဲ့ OS Version ကတော့ 2.2 ကနေ 5.1 အထိပဲဖြစ်ပါတယ်။
           
Security သုတေသန ပညာရှင်များ၏ အဆိုအရ Stagefright အခြေခံတိုက်ခိုက်မှုမျိုးတွေဟာ ပုံစံအမျိုးမျိုးနှင့် ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ထောက်ပြပြောဆိုထားပါတယ်။ ယခုထွက်ပေါ်လာသော တိုက်ခိုက်မှုကို CVE-2015-3864  အဖြစ် မှတ်ပုံတင်ထားပါတယ်။ Exploit အကြောင်းကို လေ့လာလိုပါကလည်း https://www.exploit-db.com/docs/39527.pdf တွင် လေ့လာနိုင်ပါတယ်။

တိုက်ခိုက်မှုခံရခြင်းပုံစံ Video အားလည်းအောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။


27-5-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN Team)
တကျော့ပြန် Stagefright တကျော့ပြန် Stagefright Reviewed by Myanmar Ethical Hacking News on 7:26 PM Rating: 5

No comments:

MEHN Team. Powered by Blogger.