Real Hacker နှင့် Mr.Robot တို့ တွေ့ကြသော အခါ
Mr.Robot ဆိုတာ ၂၀၁၅ TV show မှာ အကြီးမားဆုံးသော
“hacking Drama” ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
Mr.Robot ရဲ့ Second Season ကိုတော့ ၂၀၁၆ ဇူလှိုင် ၁၃ ရက်နေ့မှာ ပြန်လည်ပြသမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း
Mr.Robot ရဲ့ Season two ကို ပရိုမိုးရှင်းပေးမယ့်
website မှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ထိုအားနည်းချက်ကို
အသုံးပြုပြီး ဟက်ကာများမှ TV show ရဲ့ သန်းပေါင်းများစွာသော Fan များကို လွယ်ကူစွာတိုက်ခိုက်နိုင်မှာ
ဖြစ်ပါတယ်။
Zemnmez လို့ အမည်ယူထားတဲ့ White Hat
Hacker တစ်ဦးဟာ Cross Site Scripting(XSS )
အားနည်းချက်အား Mr.Robot website မှာ တွေ့ရှိခဲ့ပါတယ်။ ဒုတိယအတွဲကို ပရိုမိုးရှင်းလုပ်တဲ့
အဂါင်္နေ့မှာပဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Zemnmez ဟာ သူရှာဖွေတွေ့ရှိခဲ့တဲ့ အားနည်းချက်မှ
Malicious task များစွာကို လုပ်ဆောင်နိုင်သော်လည်း မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ပဲ
white hat hacker တစ်ယောက်ပီသစွာဖြင့် Mr.Robot Series ကို ဖန်တီးသူ Sam Esmail ကို အကြောင်းကြားခဲ့ကြောင်း Forbes မှာ ပြောကြားခဲ့ပါတယ်။
ထိုအားနည်းချက်ကို
အသုံးပြုခြင်းဖြင့် Attacker တစ်ယောက်ဟာ Mr.Robot website ရဲ့ visitor အချက်အလက်များကို
ယူဆောင်နိုင်ခြင်းအပြင်၊ site ထဲရှိ Quiz တွင် ၀င်ရောက်ထားသော Facebook အချက်အလက်များဖြစ်သည့်
user name, email address, photo, picture များကို Javascript code, Phishing
method များအသုံးပြုကာ ရယူနိုင်ကြောင်း Zemnmez
ကျေးဇူးဖြင့် သိခဲ့ရပါတယ်။
Hacking ဆိုသည်မှာ
TV, Video များမှာကဲ့သို့ လွယ်ကူလှသည်မဟုတ်သော်လည်း Mr.Robot ကတော့ တကယ့်ကို စနစ်ကျပြီး
တကယ့်လောကတွင် ဖြစ်ပေါ်နေသော Hacking Culture များနှင့် ပိုမိုဆင်တူအောင် ပြသနိုင်ခဲ့ပါတယ်။
သို့ပေမယ့်
Mr.Robot web site ကတော့ Real Hacker တစ်ယောက်နဲ့
တွေ့ခဲ့ကြောင်း ဖော်ပြလိုက်ပါတယ်။
19-5-2016
သတင်းစီစဉ်
တင်ဆက်သူ : ကိုသိန်း ( MEHN Team )
Real Hacker နှင့် Mr.Robot တို့ တွေ့ကြသော အခါ
Reviewed by Mr.Thein
on
9:27 AM
Rating:
No comments: