Hard Drives ၏ ၀ှက်စာအား ပယ်ဖျက်ရန် ငြင်းဆိုမှူ့ဖြင့် ထောင်ကျနိုင်ဖွယ် အလားအလာ ရှိနေခြင်း



Hard Drive ထဲတွင် အသက်အရွယ်မရောက်သေးသော လိင်မှူ့ဆိုင်ရာ ပြစ်မှူ့များဖြင့် သံသယရှိသူသည် ၎င်း၏ Hard Drive တွင် ၀ှက်စာသွင်းထားသည့် စံနစ်အား ပယ်ဖျက်ရန် ငြန်းဆိုမှူ့သည် ထောင်နှစ်အကန့်အသတ်မရှိ ကျနိုင်ဖွယ်အခြေအနေ ဖြစ်ပါသည်။

Philadelphia ပြည်နယ်သား တစ်ဦးဖြစ်သူ အသက်အရွယ်မရောက်သေးသူများနှင့် သက်ဆိုင်သော လိင်မှူ့ကိစ္စများဖြင့် စွပ်စွဲခံထားရသူသည် Hard Drive ၏ ၀ှက်စာသင်္ကေတအား ပြောကြားရန် ယခုအချိန်ထိ ငြင်းဆိုနေသောကြောင့် တရားရုံးမှ ထောင် ၇ လ ယာယီချထားခဲ့ပါတယ်။ Philadelphia ပြည်နယ်၏ ပြောဆိုခွင့်ရှိသော ရဲချုပ်ကတော့ “အသက်အရွယ်မပြည့်သေးသူများအား စော်ကားခံရမှုတွေက မပြောင်းလဲဘဲ များစွာပေါ်ထွက်လာနေဆဲပါဘဲ” လို့ ပြောကြားခဲ့ပါတယ်။

Philadelphia ပြည်နယ် ထောင်တွင် အသက်အရွယ်မရောက်သေးသူများနှင့် သက်ဆိုင်သော လိင်မှူ့ကိစ္စများဖြင့် စွပ်စွဲခံထားရသူသည် ၎င်း၏ Hard Drive နှစ်ခုကို Apple ၏ FileValut Software ကို အသုံးပြုပြီး ၀ှက်စာသွင်းခဲ့ပါတယ်။ ထို ၀ှက်စာကို ဖော်ပေးရန် တရားရုံးမှ ညွှန်ကြားထားသော်လည်း ယနေ့တိုင် ရှောင်တိမ်းမှူ့ပေါင်း များစွာနှင့် ရှောင်တိမ်းကာ ၀ှက်စာသင်္ကေတဖြည်ပေးရန် ငြင်းဆန်နေဆဲဖြစ်ပါတယ်။  တာဝန်ရှိသူများးကတော့ အဆိုပါ Hard Drive ထဲ မှာ ကလေးသူငယ်စော်ကားမှုများနှင့် သက်ဆိုင်သော အချက်တွေ ပြည့်နေတယ်လို ယူဆပြီး ပိုင်ရှင်ကို အရေးယူနိုင်ရန် မျော်လင့်နေပါတယ်။

Devices များ၏ ၀ှက်စာဖော်ခြင်း လုပ်ငန်းစဉ်များသည် နည်းပညာလောကတွင် အထူးပင် ရေပန်းစားသော အကြောင်းအရာများ ဖြစ်သည်။ San Bernardino တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမား ကိုင်ဆောင်သော iphone 5c ၏ Pass Code များကို ဖြည်ရန်အတွက်လည်း FBI မှ Apple ကို တရားရုံးကနေတဆင့် ပြသာနာကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ရဖူးပါတယ်။

1789 ဥပဒေအရ သံသယရှိသူ၏ Hard Drive မှာ ကလေးသူငယ်စော်ကားမှုနှင့် ပတ်သက်သော အချက်အလက်များ ပါရှိနေကြောင်း သတ်မှတ်နိုင်တယ် လို့ဆိုပါတယ်။ တရာခံ၏ ရှေ့နေကတော့ “ရာဇဝတ်မှုဆိုရင် သေချာအောင် ပြန်လည်ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် Password ကို လျို့ဝှက်ထားတယ်ဆိုတာက ကိုယ်ပိုင်အချက်အလက်တွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ထားတာပါ” လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဥပေဒေတွင် တရားခံကို အတင်းအကြပ် စေခိုင်းခြင်းမပြုစေရ ဟူသော ဥပဒေ တရပ်ပါရှိရာ တာဝန်ရှိသူများအနေဖြင့် သံသယရှိသူအား Hard Drives နှစ်ခု၏ လှို့ဝှက်သင်္ကေတများကို ထုတ်ပြောစေရန်အတွက် ဖိအားပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ထို Hard Drives နှစ်ခုထဲတွင် အသက်အရွယ်မရောက်သေးသူများနှင့် သက်ဆိုင်သော လိင်မှူ့ကိစ္စများနှင့် ပတ်သက်ဆက်နွယ်နေသော အကြောင်းအရာများ ဗွီဒီယိုဖိုင်များ ဓာတ်ပုံများ ရှိနေမည်ဟု တာဝန်ရှိသူများမှ အခိုင်အမာ ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း Hard Drives နှစ်ခု၏ လှို့ဝှက်သင်္ကေတများကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်နေခြင်း ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။ သံသယရှိသူကို ယခုတိုင် စစ်ဆေးနေဆဲဖြစ်ပြီး ထုတ်ဖော်ပြောမလား တာဝန်ရှိသူများမှ Apple ဖြစ်စဉ်တုန်းကလို ကိုယ်တိုင်ဘဲ ဖော်ထုတ်မှာလားဆိုတာ စိတ်ဝင်စားစွာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

18-5-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Hard Drives ၏ ၀ှက်စာအား ပယ်ဖျက်ရန် ငြင်းဆိုမှူ့ဖြင့် ထောင်ကျနိုင်ဖွယ် အလားအလာ ရှိနေခြင်း Hard Drives ၏ ၀ှက်စာအား ပယ်ဖျက်ရန် ငြင်းဆိုမှူ့ဖြင့် ထောင်ကျနိုင်ဖွယ် အလားအလာ ရှိနေခြင်း Reviewed by Myanmar Ethical Hacking News on 7:19 PM Rating: 5

No comments:

MEHN Team. Powered by Blogger.