SQLi ဖြင့် အချက်အလက်များရယူခြင်းသည် ဟက်ကာများ၏ အကြိုက်ဆုံးနည်းဖြစ်လာ
ယခုနှစ် အစတွင်ပင် ဟက်ကင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူများသည်
ကမ္ဘာအနှံ့ရှိ နေရာဒေသ အမျိုးမျိုးတို့မှ အစိုးရနှင့် အုပ်ချုပ်သူ လူတန်းစားတို့၏ အချက်အလက်များကို
ရယူရန် ကြိုးပမ်းလာကြသည်။ ဝက်ဘ်ဆိုက်များအား တိုက်ခိုက်ခြင်း၊ DDoS နည်းဖြင့် နှောင့်ယှက်ခြင်း၊
မျက်နှာဖျက် (Deface) ပြုလုပ်ခြင်းတို့၏ နောက်ကွယ်မှ လှုပ်ရှားမှုတစ်ရပ်ဖြစ်သော အချက်အလက်ခိုးယူခြင်းသည်
ဟက်ကာများအကြိုက် ကိစ္စတစ်ရပ်လည်း ဖြစ်သည်။ သို့ရာတွင် အဆိုပါတိုက်ခိုက်မှုများအား လုပ်ဆောင်ရာတွင်
အသုံးပြုသောနည်းမှာ ရိုးစင်းသည်။ ၎င်းမှာ SQL ဒေတာဘေ့ (Database) များ၏ အားနည်းချက်များကို
တိုက်ခိုက်ကာ သတင်းရယူသည့် SQLi (SQL Injection) နည်းသာ ဖြစ်သည်။
မကြာသေးမီများကပင် ဖြစ်ပျက်ခဲ့သည့် အောက်ပါကိစ္စရပ်များတွင်
SQLi နည်းကို အောင်အောင်မြင်မြင် အသုံးချသွားနိုင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့သားညီနောင်များ
အမည်ရှိ အမေရိကန်၏ အကြီးမားဆုံးသော ရဲတပ်ဖွဲ့သမဂ္ဂ၏ ဆာဗာ (Server) အား ထိုးဖောက်ကာ ၂.၅
ဂစ်ဂါဘိုက် (2.5GB) ပမာဏရှိ ရဲလုပ်ငန်းဆိုင်ရာ အချက်အလက်များအား ရယူသွားခဲ့သည်။ (www.hackread.com/united-states-largest-police-union-servers-hacked/)
နာဆာအဖွဲ့၏ အတွင်းပိုင်းကွန်ယက်အား ထိုးနှက်ကာ
အချက်အလက် ၂၅၀ ဂစ်ဂါဘိုက် (250 GB) ကို ရယူသွားခဲ့သည်။ (www.hackread.com/nasa-data-leaked-nasa-drone-hacked/)
တောင်အာဖရိကအစိုးရ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စနစ်ကို
ထိုးနှက်ကာ အစိုးရဝန်ထမ်း ထောင်ပေါင်းများစွာတို့၏ ကိုယ်ရေးအချက်အလက်များအား ပေါက်ကြားစေခဲ့သည်။
(www.infosecurity-magazine.com/news/anonymous-hacks-south-african/)
အက်ဖ်ဘီအိုင်နှင့် ပြည်တွင်းလုံခြုံရေးဌာန
(DHS) တို့၏ ဆာဗာ (Server) များအား ထိုးနှက်ကာ ပြည်တွင်းလုံခြုံရေးဌာနမှ ဝန်ထမ်း ၉၀၀၀
၏ ကိုယ်ရေးအချက်အလက်များ၊ အက်ဖ်ဘီအိုင်မှ ဝန်ထမ်း ၂၀၀၀၀ ၏ အချက်အလက်များ ပေါက်ကြားခဲ့သည်။
(www.wired.com/2016/02/hack-brief-fbi-and-dhs-are-targets-in-employee-info-hack/)
တူရကီနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့၏ ဆာဗာ
(Server) အား ထိုးနှက်ကာ ၁၇.၈ ဂစ်ဂါဘိုက် (17.8 GB) ပမာဏရှိ အချက်အလက်များအား ရယူသွားသည်။
(www.hackread.com/anonymous-hacks-turkish-police-server-leak-data/)
ဖိလစ်ပိုင် ရွေးကောက်ပွဲကော်မရှင်၏ ဒေတာဘေ့
(Database) အား ထိုးဖောက်ကာ မဲဆန္ဒရှင် ၅၅ သန်း၏ အချက်အလက်များ ပေါက်ကြားခဲ့သည်။ (www.security.radware.com/ddos-threats-attacks/threat-advisories-attack-reports-/comelec/)
ကင်ညာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအား
ထိုးနှက်ကာ ၁ တာရာဘိုက် (1 TB) ပမာဏရှိ အချက်အလက်များ ပေါက်ကြားခဲ့သည်။ (www.hackread.com/anonymous-hacks-kenya-ministry-foreign-affairs/)
OWASP ၏ စာရင်းတွင် SQLi သည် ဝက်ဘ်လုံခြုံရေး
အားနည်းချက်စာရင်းတွင် နံပါတ်တစ်ပင် ဖြစ်သည်။ ထည့်သွင်းသည့်အချက်အလက်ကို ကောင်းစွာစစ်ဆေးခြင်းမပြုသည့်
Web Application များ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
Injection နည်းများတွင်လည်း SQLi သည် လူသုံးအများဆုံးပင် ဖြစ်သည်။ ၎င်း၏နောက်တွင်
LDAP နှင့် XML တို့က ဒုတိယ၊ တတိယနေရာများကို ရယူထားသည်။ အခုအခါ ဝက်ဆိုက်အများစုသည်
ဒေတာဘေ့ (Database) နှင့် ချိတ်ဆက်လုပ်ကိုင်ကြရာ သိုလှောင်ထားသည့် အချက်အလက်များကို
SQL Query များဖြင့် ရယူကြရသည်။ အဆိုပါ Query များအား အလိုရှိသလို ပြုပြင်နိုင်ပါက
ရယူ၊ ကြည့်ရှု့ခွင့်မရှိသည့် အချက်အလက်များကိုပါ ရယူသွားနိုင်သည်။
Dark Web အတွင်းရှိ Hoe Chi Meow
(qkjscem7kksghlux.onion) ဝက်ဆိုက်တွင် ဖော်ပြထားသည့် ဖွင့်ချခဲ့ရသော အချက်အလက်များကို
အထက်ပါအတိုင်း တွေ့ရှိနိုင်သည်။ အချက်အလက်များ
ဖောက်ချခဲ့ရခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ ရှိသကဲ့သို့၊ နိုင်ငံရေးဆိုင်ရာ
နစ်နာမှုများ၊ လူမှုရေးဆိုင်ရာ ဂုဏ်သတင်းကျဆင်းမှုများလည်း ဖြစ်ပေါ်နိုင်သည်။ ဖွင့်ထုတ်ခံရသည့်
အချက်အလက်တန်ဖိုး၏ အမြင့်အနိမ့်ပေါ် မူတည်ကာ ဂုဏ်သတင်းကျော်ဇောမှု၊ ငွေကြေးခံစားခွင့်များ
ရရှိနိုင်ခြင်းကလည်း ဟက်ကာများအား တွန်းအားပေးလျက်ရှိသည်။ ထို့အပြင် အတိုက်အခံ၊ ဆန္ဒပြသူများကလည်း
မိမိတို့၏ အာဏာပိုင်အဖွဲ့အစည်းများကို ခေတ်သစ်ဆန္ဒပြမှုများဖြင့် ဆောင်ရွက်လာကြသည်။ သို့ဖြစ်ရာ
အစိုးရအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဂုဏ်သတင်း၊ အဖွဲ့အစည်း၏ သိက္ခာ၊ မညစ်နွမ်းစေရန်
ဆိုင်ဘာလုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။
30-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
SQLi ဖြင့် အချက်အလက်များရယူခြင်းသည် ဟက်ကာများ၏ အကြိုက်ဆုံးနည်းဖြစ်လာ
Reviewed by Myanmar Ethical Hacking News
on
8:50 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:50 PM
Rating:

No comments: