Ubuntu Password အား Reset ပြုလုပ်ခြင်း
ကျွှန်တော်တို့တွေ တစ်ခါတစ်ရံမှာ
Password မေ့သွားတတ်တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ ထိုအခါ အတော်လေးကို စိတ်ကသိကအောက်ဖြစ်ရပါတယ်။
Ubuntu အသုံးပြုသူများအနေဖြင့် Password မေ့သွားပါက မည်ကဲ့သို့ Password Reset ပြုလုပ်ရသည်ကို
ပုံများနှင့်တကွ အဆင့်ဆင့် ပြုလုပ်ပုံကို ရှင်းလင်းပေးထားပါတယ်။ အောက်တွင် ဆက်လက် ရူ့စားပါ။
ဒီတစ်ခါ ကျွန်တော်တင်ပြပေးမယ် ကျူတိုလေးကတော့
Ubuntu Password ကို Reset ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
အရင်ဆုံး စက်ကို Restart ချပေးပါပြီးရင်တော့
shift key ကို အောက်ကပုံမပေါ်လာမခြင်း နိုပ်ထားပေးပါ။
ပုံပါအတိုင်းပေါ်လာပြီ ဆိုရင်တော့
Advanced options for Ubuntu ကိုရွေးပေးပါ။
ပြီးရင်တော့ အနောက်က ကွင်းစကွင်းပိတ်နေရာမှာ
(recovery mode) ပါတဲ့စာသားကိုရွေးပါ။ (Version တစ်ခုနှင့်တစ်ခု မတူသောကြောင့် အရှေ့မှ
စာကိုမကြည့်ဘဲ အနောက်က စာကိုကြည့်ခိုင်းချင်းဖြစ်ပါတယ်)
ပီးရင်တော့ root ဆိုတာလေးကိုရွေးပီး
Enter ခေါက်လိုက်ပါ။
အောက်နားလေးမှာ command line လေးကိုတွေ့ရပါလိမ့်မယ်
အဲ့ဒီနေရာမှာ ကျွန်တော်ပြထားတဲ့ အတိုင်းလေးလိုက်ရိုက်ပါ။
- mount -o rw,remount /
- ls /home
- passwd Username(ကျွန်တော့
username က zarni ဖြစ်လို့ zarni လို့ရိုက်ချင်းဖြစ်ပါတယ် စာဖတ်သူတွေကတော့ မိမိတို့စက်ရဲ့
username ကို ရိုက်ပေးရပါမယ်)
ဒီအဆင့်ထိရောက်ပြီဆိုရင်တော့
password အသစ်ရိုက်ရမယ့် နေရာရောက်ပါပြီ ကြိုက်နှစ်သက်ရာ password ပေးနိုင်ပါပြီ သတိပြုရမှာက
၂ ကြောင်းစလုံးကို တူညီစွာပေးဖို့တော့ လိုအပ်ပါတယ်။
အဲ့ဒါတွေ အကုန်ပြီးပြီဆိုရင်တော့
reboot -f ကိုရိုက်ပြီး ကွန်ပြူတာကို Restart ချလိုက်ပါ။ ပြန်တက်လာရင်တော့ စာဖတ်သူတွေပေးတဲ့
password နဲ့ဝင်နိုင်ပါပီခင်ဗျာ။
(ပုံတွေက အရည်အသွေး နည်းနည်းနိမ့်ရသော
အကြောင်းကတော့ ကျွန်တော်က Virtual မဟုတ်ဘဲ Real မှာ စမ်းသပ်လုပ်ပြထားတဲ့အတွက် ဖြစ်ပါတယ်)
အားလုံးကိုကျေးဇူးတင်ပါတယ်။
6-5-2016
စီစဉ် တင်ဆက်သူ - Zarni (MEHN Team)
Ubuntu Password အား Reset ပြုလုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:






No comments: