FBI Agents များ၏ အချက်အလက်ပေါင်း 20,000 ကျော် ဖွင့်ထုတ်ခံခဲ့ရခြင်း



ပြီးခဲ့သော နှစ်အနည်းငယ်က ဟက်ကာများသည် အမေရိကန်ရှိ ရုံးဌန တစ်ခုကို ထိုးဖောက်ခဲ့ပြီး အရေးကြီးသော ကိုယ်ရေးအချက်အလက်များကို ရယူခဲ့ကြပါတယ်။ ထို ဖောက်ထွင်းမှူ့မှ မီလီယံနှင့် ချီသော အချက်အလက်ပေါင်းများစွာ ရရှိသွားခဲ့ကြပါတယ်။

ယခုအခြား ဟက်ကာအဖွဲ့မှ အမေရိကန်ရှိ ရုံးဌာနများကို တိုက်ခိုက်ပြီး အချက်အလက်များကို ထပ်မံပြီး ဖောက်ထွင်းမှူ့ ဖြစ်ပွားခဲ့ပါတယ်။ ထိုဖောက်ထွင်းမှူ့တွင်လည်း ကိုယ်ရေးအချက်အလက်ပေါင်း မီလီယံနှင့်ချီပြီး ခိုးယူခံခဲ့ရပါတယ်။ ထို ခိုးယူခံခဲ့ရသော အချက်အလက်များထဲတွင် FBI Agents များ၏ အချက်အလက်ပေါင်း 30,000 နှင့် Department of Homeland Security (DHS) ၀န်ထမ်းများ၏ အချက်အလက်များ ပါဝင်ခဲ့သည်။

ပထမဆုံး Hack ပြီးပြီးချင်း DHS ၀န်ထမ်းများ၏ အချက်အလက်များကို ဖွင့်ထုတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ FBI မှ ဝန်ထမ်း 20,000 ၏ သတင်းအချက်အလက်တွေလည်း ဖွင့်ထုတ်ခြင်း ခံခဲ့ရပါတယ်။ ဖွင့်ထုတ်ခဲ့သော အချက်အလက်များ၏ ထိပ်ဆုံးတွင် “//Long Live Palestine, Long Live Gaza//” ဟူသော စာတိုကို ရေးသားထားခဲ့ပါတယ်။

Hacker များသည် Department of Justice ဌာနရှိ ၀န်ထမ်းများ၏ Email များကို ထိုးဖောက်ခဲ့ပြီး ထိုမှတဆင့် အခြားသော အချက်အလက်များကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ Hackers များ၏ ထုတ်ဖော်ပြောကြားချက်ထဲတွင် 200GB ရှိသော ဖိုင်များကို Download ပြုလုပ်ခဲ့ပြီးကြောင်း ပြေကြားချက် ပါဝင်ခဲ့ပါတယ်။ ဟက်ကာများ လက်ထဲတွင် အချက်အလက်ပေါင်း 1TB အထိ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး ယခု ဖွင့်ထုတ်ပြသည့် အချက်အလက်များသည် ၎င်းတို့တွင် ရှိသော အချက်အလက်များထဲမှ ၂၀ ရာခိုင်နှုန်းလောက်သာ ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

ရရှိခဲ့သော အချက်အလက်များတွင် အမည် ၊ မွေးသက္ကရာဇ် ၊ နိုင်ငံသားမှတ်ပုံတင်အမှတ် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် စသည့် ကိုယ်ရေးအချက်အလက်ပေါင်း မြောက်များစွာ ပါဝင်ခဲ့ပါတယ်။ ထို့အပြင် အခြားသော အရေးကြီးသော Credit Cards များ၏ အချက်အလက်များ ၊ အစိုးရနှင့် သက်ဆိုင်သော Email လိပ်စာများလည်း ပါဝင်ခဲ့ပါတယ်။

ယခုအချိန်တွင် FBI Agents 35,000 ၏ အချက်အလက်များကို ဖွင့်ထုတ်ခဲ့ပြီး အချက်အလက်ပေါင်း 20,000 ပါဝင်ခဲ့ပါတယ်။ အခြားသော ၀န်ထမ်းများမှာ စိုးရိမ်ရေမှတ်ရောက်နေပြီး ဘယ်တော့ ဖွင့်ထုတ်ခံရမလဲဆိုတာ ရင်တမမနှင့် စောင့်စားနေရသည့် အခြေအနေများ ဖြစ်ပေါ်လျှက်ရှိနေပါတယ်။

5-5-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
FBI Agents များ၏ အချက်အလက်ပေါင်း 20,000 ကျော် ဖွင့်ထုတ်ခံခဲ့ရခြင်း FBI Agents များ၏ အချက်အလက်ပေါင်း 20,000 ကျော် ဖွင့်ထုတ်ခံခဲ့ရခြင်း Reviewed by Myanmar Ethical Hacking News on 8:22 PM Rating: 5

No comments:

MEHN Team. Powered by Blogger.