Apple တွင်ပါဝင်သော iMessage ၏ အားနည်းချက်
Apple တွင်ပါဝင်သော iMessage သည် ယခုအခါ
အားနည်းချက်တစ်ခုဖြစ်နေပြီဖြစ်သည်။ တိုက်ခိုက်သူများသည် iMessage အားနည်းချက်မှ ထိုးဖောက်ဝင်ရောက်နိုင်ပြီး
ဓာတ်ပုံများ ဗွီဒီယိုဖိုင်များကို ၀င်ရောက် ကြည့်ရူ့နိုင်ပါသည်။ အဆိုပါ အားနည်းချက်ကို
ရှာဖွေတွေ့ရှိသူကတော့ Johns Hopkins တက္ကသိုလ်မှ လုံခြုံရေးနည်းပညာဆိုင်ရာ သုတေသန ပညာရှင်များ
အဖွဲ့ဖြစ်ပါတယ်။ တကယ်လို့ စာချစ်သူများက IOS 9 ကိုအသုံးပြုနေဆဲဘဲဆိုရင် ယခုဖြစ်ပေါ်နေသော
အားနည်းချက်က များစွာ အကျိုးသက်ရောက်စေပါတယ်။ Apple မှ ထုတ်ထားသော နောက်ဆုံးထွက်
IOS Version ကို အသုံးပြုမယ်ဆိုရင်တော့ ထို အားနည်းချက် ဆိုးကျိုးမှ လွတ်ကင်းနိုင်မှာ
ဖြစ်ပါတယ်။
iMessage မှတဆင့် ဓာတ်ပုံများ ဗွီဒီယိုဖိုင်များအား
ကြားဖြစ်ယူခြင်း လုပ်ငန်းစဉ်အကြောင်းကို The Washington Post မှာ ဖော်ပြခဲ့ပါတယ်။ နည်းပညာရှင်များသည်
Text Message များကို ၀ှက်စာဖော်ခြင်း မဟုတ်ဘဲ ဓာတ်ပုံများ ဗွီဒီယိုဖိုင်များအား ကြားဖြတ်ရယူခဲ့ခြင်း
ဖြစ်ကြောင်း သရုပ်ပြခဲ့ကြပါတယ်။ နည်းပညာရှင်များအဖွဲ့ ခေါင်းဆောင် Matthew D.
Green နှင့် အဖွဲ့သားများသည် iMessage မှတဆင့် ဓာတ်ပုံများ ဗွီဒီယိုဖိုင်များအား ကြားဖြတ်
ရယူနိုင်ခဲ့ကြပြီး iPhone အသုံးပြုသူများကိုလည်း သတိပေးခဲ့ပါတယ်။
ထိုးဖောက် တိုက်ခိုက်ခြင်းတွင် တိုက်ခိုက်နိုင်မည့်
Software ကို Apple Server အတွင်းသို့ ထည့်သွင်းပြီး ဓာတ်ပုံများ ဗွီဒီယိုဖိုင်များကို
ရယူနိုင်ပါသည်။ တိုက်ခိုက်မည့် Software သည် Apple Server အတွင်းသို့ ၀င်ရောက်သွားသောအခါ
တိုက်ခိုက်သူများသည် ထို Software နှင့် ချိတ်ဆက်ကာ iCloud Server တစ်ခုလုံးကို ထိန်းချူပ်နိုင်သွားမည်
ဖြစ်သည်။ သရုပ်ဖော် ပြသသည့် Matthew D. Green နှင့် အဖွဲ့သားများ၏ သရုပ်ဖော်ပြကွက်များတွင်
64 bit ၀ှက်စာဖော်သည့် သော့ချက်ကို အသုံးပြုပြီး ဓာတ်ပုံများ ဗွီဒီယိုဖိုင်များ၏ ၀ှက်စာသွင်းသိမ်းဆည်းထားသော
အချက်အလက်များကို ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
Apple ၏ iCloud Server သည် နေ့စဉ်နှင့်အမျှ
တိုက်ခိုက်ခံနေရပါသည်။ အကယ်၍ တိုက်ခိုက်သူများသည် 64-bit နည်းဖြင့် ၀ှက်စာဖော်နိုင်သည့်
စံနစ်ကို ရရှိသွားပါက အချက်အလက်များ ပေါက်ကြားနိုင်ကြောင်း Matthew D. Green မှ ထပ်လောင်း
ပြောကြားခဲ့သည်။
IOS 9.2 ထွက်ရှိပြီးနောက် IOS 9.3 လျှင်မြန်စွာ
ထွက်ရှိခဲ့ခြင်းမှာ အဆိုပါ အားနည်းချက်ကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် စာချစ်သူများအနေဖြင့်
IOS များ အသုံးပြုနေပါက Apple မှ ထွက်ရှိထားသော နောက်ဆုံးထွက် IOS Version များကို
အသုံးပြုကြပါလို့ တိုက်တွင်းနှိုးဆော် အကြံပြုလိုက်ရပါတယ် ခင်ဗျာ။
29-6-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Apple တွင်ပါဝင်သော iMessage ၏ အားနည်းချက်
Reviewed by Myanmar Ethical Hacking News
on
7:11 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:11 PM
Rating:

No comments: