NSA မှ ဟက်ကာများကို နောက်ယောင်ခံလိုက်နိုင်မည့် နည်းလမ်းများ ကြံဆနေခြင်း
လုံလောက်သော လေ့လာမှုများနှင့် ပြဿနာများကို ဖြေရှင်းဖို့အတွက်
အကောင်းဆုံးအဖြေ မတွေ့သေးဘူးဆိုရင် တရာခံတွေကို ရှာဖွေဖို့ ခက်ခဲပြီး ရှုတ်ထွေးနေအုံးမှာဘဲ
ဖြစ်ပါတယ်။ USA Freedom Act တွင် လွန်ခဲ့သောနှစ်က အမေရိကန်သမ္မတ အိုဘားမား
ပါဝင်လက်မှတ်ထိုးခဲ့ပြီး US Intelligence Agencies မှ အိမ်သုံးလိုင်းဖုန်းများ၏
အချက်အလက်များကို စုဆောင်းမှုပြုလုပ်ဖို့ သဘောတူညီခဲ့ပါတယ်။ ထိုအချင်းအရာကို
ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရသည် သင်၏ ဖုန်းမှ စီးဆင်းလျှက်ရှိသော
အချက်အလက်များကိုလည်း ဖမ်းယူ ကြားဖြတ်နားထောင်နေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
များပြားလှသော ဆိုက်ဘာ တိုက်ခိုက်မှု့များနှင့်အတူ
အချက်အလက်များ ဖွင့်ချခံရခြင်း ၊ ခိုးယူခံရခြင်း စသည့် ဆိုင်ဘာရာဇ၀တ်မှူ့များက
အမြဲတမ်းလိုလို ဖြစ်ပေါ်နေပါတယ်။ ထို အဖြစ်အပျက်များက ကမ္ဘာပေါ်ရှိ
မြောက်များလှစွာသော လူသားများကို ခြိမ်းခြောက်ရုံသာမက မမျှော်မှန်းနိုင်သော
ဆိုးကျိုးတွေပေးနေမှာ ဖြစ်ပါတယ်။
NSA (National Security Agency) ၏ နည်းပညာပိုင်းဆိုင်ရာ
အမှူ့ဆောင်ဒါရိုက်တာ ဖြစ်သူ Willian E.Binney ဆိုသူက US National Security Agency
မှာ နှစ် ပေါင်း ၃၀ ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ လွန်ခဲ့သောနှစ်က ပါလီမန်ကော်မတီ
အစည်းအဝေးပွဲမှာ Willian E.Binney ပြောခဲ့ဖူးတာကတော့ တိုက်ခိုက်သူများသည် ဘီလီယံ
ပေါင်းများစွာရှိသော အချက်အလက်များကို စုဆောင်းပြီး ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်လာနေကြပါတယ်။
ယခုအခါ အမေရိကန်စစ်ဌာနချူပ်ဖြစ်သော ပင်တဂွန်မှ
ဟက်ကာများကို ဖော်ထုတ်သည်သာမက ဟက်ကာများမှ နောက်ထပ် တိုက်ခိုက်နိုင်သည့်
ပစ်မှတ်များကိုပါ ဖော်ထုတ်နိုင်ရင် နည်းလမ်းများကို စမ်းသပ်နေပြီ ဖြစ်သည်။ နည်းပညာရှင်များအတွက်လည်း
Defence Advanced Project Agency (DARPA) မှ လုံခြုံရေးနည်းပညာပိုင်း များတွင်
အစိုးရအဖွဲ့အား အကူအညီပေးနိုင်ပြီး နည်းပညာအသစ်များကို ဖော်ထုတ်ပေးနိုင်မည် ဆိုပါက
အထောက်အပံ့ကောင်းများ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလိက ကုမ္ပဏီများမှ
ဆိုင်ဘာရာဇ၀တ်များကို တားဆီးရန် ၊ ဖော်ထုတ်ရန် နည်းလမ်းပေါင်းစုံဖြင့်
ကြိုးစားနေသော်လည်း တိုက်ခိုက်သူများ လွတ်မြောက်နိုင်သည့် နည်းလမ်းပေါင်းလည်း
များစွာရှိပါသည်။ ဒီနေရာမှာ TOR ၊ Virtual Private Server (VPN) စသည့်
ဝန်ဆောင်မှူ့များကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် TOR ၊ VPN
စသည်တို့ကြောင့် အင်တာနက်ပေါ်တွင် ကိုယ်ယောင်ဖျောက်နိုင်ပြီး
နောက်ယောင်ခံလိုက်ရန်အတွက် ခက်ခဲနေဆဲဘဲ ဖြစ်ပါတယ်။
သို့သော်လည်း အမေရိကန် အစိုးရမှနေပြီး Enhanced
Attribution Program တစ်ခုကို ရေးဆွဲနေပြီဖြစ်ပါတယ်။ Enhanced Attribution Program
တွင် ရရှိလာသော အချက်အလက်များကို သက်ဆိုင်ရာ ဆိုက်ဘာဆိုင်ရာ
စမ်းသပ်စစ်ဆေးရေးဌာနများသို့ ခွဲခြမ်စိတ်ဖြာပြီး ပို့လိုက်ပါသည်။ ထို
ဆိုက်ဘာစမ်းသပ်စစ်ဆေးရေးဌာနများတွင် အချက်အလက်များကို အသေးစိတ် ထပ်မံစစ်ဆေးသော ဌာနခွဲပေါင်းများစွာဖြင့်
အချက်အလက်များကို ထပ်မံစစ်ဆေးပါသည်။ ထိုမှရရှိလာသော အချက်အလက်များအပေါ်မူတည်ပြီး
ဆိုက်ဘာရာဇ၀တ်မှူ့များကို ဖော်ထုတ်ခြင်း ဖြစ်သည်။
ထို့အပြင် Enhanced Attribution Program သည်
အစိုးရအဖွဲ့အတွက် ဆိုက်ဘာရာဇ၀တ်မှူ့များကို ကူညီဖြေရှင်းပေးနိုင်ရုံသာမက ပြစ်မှုကျူးလွန်သူများ၏
နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်အတွေကိုပါ ဖော်ထုတ်ပေးနိုင်ပါတယ်။
Enhanced Attribution Program မှာ အချက်သုံးချက်
ခွဲခြားထားပါတယ်။
1. လှူပ်ရှားမှူ့များမှတဆင့်
စစ်ဆေးခြင်း
2. အချက်အလက်များ
ပေါင်းစပ် စစ်ဆေးခြင်း
3. ရရှိလာသော အချက်အလက်များအား
သက်သေများနှင့်တကွ တိုင်ဆိုင် စစ်ဆေးခြင်း
စစ်ဆေးသည့် အဆင့်တိုင်းတွင် အဆင့်ငယ်ခွဲပေါင်း
များစွာ ပါဝင်ပါသည်။ အကယ်၍ စာချစ်သူများသည် လုံခြုံရေးနည်းပညာ လေ့လာလိုက်စားပြီး
Enhanced Attribution Program ကို စိတ်ဝင်စားတယ်ဆိုရင်တော့ https://research.usc.edu/darpa/ မှာ ၀င်ရောက်ပြီး
မူကြမ်းပေးပို့နိုင်ပါတယ်။
30-6-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
NSA မှ ဟက်ကာများကို နောက်ယောင်ခံလိုက်နိုင်မည့် နည်းလမ်းများ ကြံဆနေခြင်း
Reviewed by Myanmar Ethical Hacking News
on
9:17 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:17 PM
Rating:

No comments: