လေယာဉ်ချိန်နောက်ကျစေနိုင်တဲ့ ဝိုင်ဖိုင်နာမည်
ပြီ:ခဲ့တဲ့စနေနေ့က ဩစတေးလျပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်သော
Qantas တွင် စီးနင်းလိုက်ပါမည့် ခရီးသည်တစ်ယောက်က Mobile Detonation Device (အဝေးထိန်း
ဖောက်ခွဲရေး ပစ္စည်း) ဆိုတဲ့ ဝိုင်ဖိုင်ကွန်ယက် တွေ့တယ်လို့ သတင်းပို့တဲ့အတွက် ထွက်ခွာချိန်ကို
နှစ်နာရီနောက်ဆုတ်လိုက်ရပါတယ်။
ဝိုင်ဖိုင်ကွန်ယက်နာမည်ကို တွေ့တွေ့ချင်းမှာပဲ
မဲလဘုန်းကနေ ပါ့သ်ကိုသွားမဲ့ QF-481 လေယာဉ်ရဲ့ လေယာဉ်မှုးကို သတင်းပို့လိုက်တာပါ။ လေယာဉ်ပါ
ဝန်ထမ်းတွေကလည်း ဒီကွန်ယက်ရှိနေကြောင်း အတည်ပြုအပြီးမှာ ဘယ်လိုသဘောမှန်း မသိသေးခင်အချိန်မှာ
မစွန့်စားချင်လို့ လေယာဉ်မှုးကလည်း ထွက်ခွာချိန်ကို နောက်ဆုတ်လိုက်ပါတယ်။ လေယာဉ်ပေါ်
စစ်ဆေးတာတွေလုပ်နေတုန်း ဒီကွန်ယက်က ပြန်ပျောက်သွားတာဖြစ်လို့ စချင်နောက်ချင်တဲ့ ခရီးသည်တစ်ဦးရဲ့လက်ချက်လို့
သုံးသပ်ထားပါတယ်။
ခရီးစဉ်နှောင့်နှေးလို့ လေယာဉ်မစီးတော့တဲ့
ခရီးသည်တွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီလိုလုပ်တာကို Qantas က ပိုကြိုက်မှာပါ။
ခရီးဆောင်အိတ်တွေအများကြီးကို ယူစစ်ရတာက ပိုအချိန်ကြာစေတယ်လေ။ ဒီ ဝိုင်ဖိုင်ကွန်ယက်ဟာ
အန္တရာယ်မရှိကြောင်း သေချာတော့မှ ပါ့သ်ကို ထွက်ခဲ့တာပါ။ အချိန်တော့ နည်းနည်းလင့်သွားတာပေါ့။
Qantas ဟာ မကြာသေးခင်ကမှ လေယာဉ်တွင်း
ဖျော်ဖြေရေးစနစ်ကို ထည့်ပေးထားတာဖြစ်ပြီး အဲဒီ့စနစ်မှာ ဝိုင်ဖိုင်နဲ့ Streaming သုံးပြီး
ကြည့်ရှူနိုင်တဲ့ လုပ်ဆောင်ချက်ပါပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ ဖေဖော်ဝါရီလကမှ အသစ်ဆင်ထားတဲ့
ဒီစနစ်အပေါ်ကို မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
ဒီလိုဟာသလုပ်တာမျိုးက ဒါ ပထမဆုံး မဟုတ်ပါဘူး။
၂၀၁၄ ခုနှစ်တုန်းက လော့အိန်ဂျလိစ်မှာဆို Al-Quida Free Terror Network (အယ်လ်ကိုင်ဒါ
− လွတ်လပ်သောအကြမ်းဖက်မှု ကွန်ယက်) ဆိုတဲ့ ဝိုင်ဖိုင်ကွန်ယက်ကို တွေ့မိလို့ ပျံသန်းချိန်ကို
၁၇ နာရီအထိ ဆိုင်းထားခဲ့ဖူးပါတယ်။
1-6-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
လေယာဉ်ချိန်နောက်ကျစေနိုင်တဲ့ ဝိုင်ဖိုင်နာမည်
Reviewed by Myanmar Ethical Hacking News
on
8:20 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:20 PM
Rating:

No comments: