Bank Malware ဖြင့် အမေရိကန်ဒေါ်လာ ၈၀ မီလီယံအား ခိုးယူသွားနိုင်ခဲ့ခြင်း



နည်းပညာရှင်များမှ သုံးသပ်ထားကြတာကတော့ တိုက်ခိုက်ရာတွင် အသုံးပြုသော Bank Malware ကို ပါကစ္စတန် ဟက်ကာများ သို့မဟုတ် မြောက်ကိုရီးယား ဟက်ကာများမှ ရေးသားထားခြင်း ဖြစ်တယ်လို့ သံသယရှိနေခဲ့ကြပါတယ်။ မြောက်ကိုရီးယား နိုင်ငံသား ဒါမှဟုတ် ပါကစ္စတန် နိုင်ငံသား ဟက်ကာများမှ Bank Malware ကိုအသုံးပြုပြီး ဘဏ်မှ အမေရိကန်ဒေါ်လာ ၈၀ မီလီယံကို ခိုးယုနိုင်ခဲ့ကြပါတယ်။

တိုက်ခိုက်သူများသည် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်အခြမ်းတွင်ရှိသော ဘဏ်စံနစ်အတွင်း Malware ထည့်သွင်းပြီး ထိုမှတဆင့် နယူးယောက်မြို့ရှိ ဘဏ်မှ ငွေများကို ခိုးယူခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံရှိ အမှူ့စစ်အရာရှိ Mohammed Farashuddin မှ “ဒီ Bank Malware ကို ဘင်္ဂလားဒေ့ရှ်မှာရှိသော Central Bank စံနစ်အတွင်းမှာ ထည့်သွင်းခံလိုက်ရတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Mohammed Farashuddin မှ “အခုလို တိုက်ခိုက်ခံရမှူ့အတွက် SWIFT စံနစ်တွင်လည်း တာဝန်ရှိတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ယခုအခါ SWIFT အနေဖြင့် အချက်အလက်များဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး အချက်အလက်များ စီးဆင်းရာတွင် အသုံးပြုသူများမှ ယုံကြည်စိတ်ချနိုင်စေရန်အတွက်ဖြစ်သည်။

“SWIFT သို့မဟုတ် မည်သည့် ကုမ္ပဏီဖြစ်စေ အသုံးပြုသူများ၏ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူရမှာ ဖြစ်တယ်” လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ နည်းပညာလုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါတယ်။ မေလ ၉ ရက်နေ့တွင် SWIFT မှ ဖေဖော်ဝါရီလတွင် တိုက်ခိုက်ခံခဲ့ရသော ကိစ္စရပ်များနှင့်ပတ်သတ်ပြီး စွပ်စွဲထားချက်များသည် သက်သေခိုင်လုံမှူ့ မရှိဘူးဆိုပြီး စွပ်စွဲထားချက်များကို ငြင်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ နည်းပညာရှင်များ နှင့် အခြားသော နိုင်ငံများမှ နည်းပညာရှင်များကတော့ SWIFT စံနစ်တွင် အားနည်းချက်များရှိနေသည်ကို သံသယရှိခဲ့ပါတယ်။ ဘဏ်ကို တိုက်ခိုက်ခြင်းမခံရမှိ သတင်းတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်ရှိ Central Bank သည် တန်ဖိုးနည်းပြီး အရည်အသွေးနိမ့်သော Routers များကို အသုံးပြုနေပြီး ထိုလုပ်ဆောင်ချက်သည် တိုက်ခိုက်သူများကို ဖိတ်ခေါ်လျှက်ရှိနေသည့်အကြောင့်ကို ဖော်ပြခဲ့သည်။ သို့သော် Central Bank သည် ထို ဖော်ပြချက်ကို ဂရုမစိုက်ဘဲ လျစ်လျူရှူ့ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် Bangladesh ဘဏ်တိုက်ခိုက်ခံရမှူ့မှ ငွေကြေး မည်မျှ ဆုံးရှူံးသွားသည့် အကြောင်းကို ယခုထိဆွေးနွေးနေဆဲဖြစ်သည်။ တိုက်ခိုက်သူများသည် အမေရိကန်ဒေါ်လာ 950 မီလီယံအထိ ခိုးယူဖို့ လုပ်ဆောင်ခဲ့တာပါ။ သို့သော် Typo လုပ်ဆောင်မှုကြောင့် အမေရိကန်ဒေါ်လာ 101 မီလီယံ မှာတင် ရပ်တန့်သွားပါတယ်။ ထိုကြောင့် အမေရိကန်ဒေါ်လာ 101 မီလီယံ ကိုဘဲရယူလိုက်နိုင်ပါတယ်။ ထို ခိုးယူခံခဲ့ရသော အမေရိကန်ဒေါ်လာ 101 မီလီယံထဲမှ ဘင်္ဂလားဒေ့ရှ်ဘဏ်မှ အမေရိကန်ဒေါ်လာ 20 မီလီယံကို ပြန်လည် ရယူလိုက်နိုင်ပါတယ်။   ဘာကြောင့်လဲဆိုတော့ Srilanka ဘဏ်တွင် စာလုံးပေါင်းမှားမှု ဖြစ်ပေါ်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။ 

လုံခြုံရေးဆိုင်ရာ နည်းပညာများသည် လွန်စွာအရေးကြီးသည့်အတွက် မပေါ့ဆသင့်ပေ။ တိုက်ခိုက်သူများသည် အမြဲမပြတ်စောင့်ကြည့်နေလျှက်ရှိပါသည်။ ထို့ကြောင့် စံနစ်များ၏ လုံခြုံရေး ကောင်းမွန်အောင် အမြဲမပြတ် စစ်ဆေးနေရမည် ဖြစ်သည်။

2-6-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Bank Malware ဖြင့် အမေရိကန်ဒေါ်လာ ၈၀ မီလီယံအား ခိုးယူသွားနိုင်ခဲ့ခြင်း Bank Malware ဖြင့် အမေရိကန်ဒေါ်လာ ၈၀ မီလီယံအား ခိုးယူသွားနိုင်ခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 8:02 PM Rating: 5

No comments:

MEHN Team. Powered by Blogger.