အီကွေဒေါဘဏ်မှ အမေရိကန်ဒေါ်လာ ၁၂ မီလီယံ ကို ဟက်ကာများမှ ခိုးယူခဲ့ခြင်း
ဘင်္ဂလားဒေ့ရှ်ရှိ ဘဏ်များသည် နည်းပညာအားနည်းမှူ့များကြောင့်
ဟက်ကာများ၏ ပစ်မှတ်များသဖွယ် ဖြစ်လာခဲ့ပါတယ်။ ပစ်မှတ်များဖြစ်လာခြင်းမှာ ဘဏ်များ၏ ငွေကြေးစီးဆင်းလျှက်ရှိသော
ဆက်သွယ်ရေး အဓိက ကွန်ယက်များကို ဟက်ကာများမှ ထိုးဖောက် တိုက်ခိုက်လာသောကြောင့်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သာမက အခြားကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဘဏ်များသည်လည်း ထိုးဖောက်တိုက်ခိုက်မှူ့
အန္တရာယ်များကို ရင်ဆိုင်နေကြရသည်။ ကမ္ဘာ့ဘဏ်များ၏ ငွေကြေးစီးဆင်းခြင်းဆိုင်ရာ အဓိက ပင်မ
ကွန်ယက်ကျောရိုးဖြစ်သော SWIFT (Society for Worldwide Interbank Financial
Telecommunication) ကွန်ယက်အား ဟက်ကာများမှ ပစ်မှတ်ထားကာ ထိုးဖောက်တိုက်ခိုက်လျှက်ရှိသည်။
ကွန်ယက်အတွင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏
ထောင်ပေါင်းများစွာသော ဘဏ်များချိတ်ဆက်ထားကာ ဘီလီယံပေါင်းများစွာသော ငွေကြေးများ စီးဆင်းလျှက်ရှိသည်။
ထိုကြောင့် အဆိုပါ ကွန်ယက်သည် ဟက်ကာများအတွက် ပစ်မှတ်ထားစရာ ဖြစ်လာခဲ့ပါတယ်။ ဟက်ကာများသည်
SWIFT ကွန်ယက်ကို တတိယအကြိမ် တိုက်ခိုက်ပြီး အမေရိကန်ဒေါ်လာ ၁၂ မီလီယံခန့်ကို အီကွေဒေါဘဏ်မှ
ခိုးယူသွားခဲ့သည်။ ထို တိုက်ခိုက်မှူ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Central Bank ကို
တိုက်ခိုက်ပုံနှင့် အလားသဏ္ဍန်တူညီသော တိုက်ခိုက်မှူ့ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘဏ်ကို တိုက်ခိုက်ခဲ့စဉ်တုန်းက
အမေရီကန်ဒေါ်လာ ၈၁ မီလီယံခန့် ဆုံးရှူံးခဲ့ရသည်။
တိုက်ခိုက်မှူ့သည် အီကွေဒေါရှိ Banco
del Austro (BDA) ဘဏ်တွင် ဇန်န၀ါရီလ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ထိုမှတဆင့် ဆန်ဖရန်စစ္စကိုအခြေစိုက်
Wells Fargo တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်ဟု Reuters သတင်းတစ်ပုဒ်တွင်
ဖော်ပြထားသည်။
တိုက်ခိုက်သူများသည် ဘဏ်၏ Local
Security System အတွင်း Malware ထည့်သွင်းကာ SWIFT ၏ အချက်အလက်များကို ရယူပြီး ထိုးဖောက်ပါတိုက်ခိုက်ခြင်းဖြစ်သည်။
ထို့နောက် SWIFT မှတဆင့် အယောင်ဆောင် Message ကို ပို့လွတ်လိုက်ပါသည်။ Message တွင်
အကောင့်နံပါတ်များပါရှိပြီး ဘဏ်အကြီးစားတစ်ခုမှ ထိုအကောင့်ထဲသို့ ငွေများ လွှဲပြောင်းပေးရန်
ရေးသားထားသော အကြောင်းအရာများ ပါရှိသည်။ ထို့နောက် ၁၀ ရက်ကြာပြီးနောက် စုစုပေါင်း အမေရိကန်ဒေါ်လာ
၁၂ မီလီယံ ကျော်ကို လွှဲပြောင်းပေးရန် ငွေလွှဲတောင်းခံလွှာ ၁၂ ခုထက်ပိုသော အရေအတွက်ကို
Hong Kong , Dubai , New York နှင့် Los Angeles စသည့် ဘဏ်များသို့ လွှဲပြောင်းပေးရန်
အယောင်ဆောင် Messages များကို SWIFT ကွန်ယက်မှတဆင့်ပေးပို့ပါသည်။
New York ပြည်နယ်တရားရုံးမှ ထိုကဲ့သို့သော
တိုက်ခိုက်မှူ့များကို တားဆီးရန်အတွက် SWIFT ကွန်ယက်စံနစ်အတွင်း အချက်အလက်များ မျှဝေသုံးစွဲနေမှူ့ကို
ပြန်လည်ဆန်းစစ်ရန်လိုကြောင်းနှင့် အဆင့်မြှင့် လုံခြုံရေးနည်းပညာများကို အသုံးပြုရန်
ဖော်ပြထားပါသည်။
Wlls Fargo ဘက်မှနေပြီ BDA ၏ အချက်အလက်များဆိုင်ရာ
လုံခြုံရေးထိန်းသိမ်းသည့် လုပ်ငန်းများကို ပြစ်တင် ပြောဆိုခဲ့ပါသည်။
ဟက်ကာများသည် တိုက်ခိုက်သည့်အခါ စီးပွားရေးလုပ်ငန်းများကို
အဓိကထား တိုက်ခိုက်တတ်ကြပါသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းများကို ပစ်မှတ်ထားတတ်ကြသည်။
ထို့ကြောင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
လုံခြုံရေးဆိုင်ရာ နည်းပညာများကို သေချာစွာ တပ်ဆင်ထားပြီး အသုံးပြုသင့်ပါကြောင်း အစီရင်ခံ
တင်ပြလိုက်ရပါတယ်။
10-6-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင်
(MEHN Team)
အီကွေဒေါဘဏ်မှ အမေရိကန်ဒေါ်လာ ၁၂ မီလီယံ ကို ဟက်ကာများမှ ခိုးယူခဲ့ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:22 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:22 PM
Rating:

No comments: