ဖုန်းမှ ပြောဆိုနေသော အကြောင်းအရာများကို Facebook မှ ကြားဖြတ်နားထောင်မှု ပြုလုပ်နေကြောင်း ပြောဆို
သင်တို့ရဲ့ ဖုန်းကနေ ပြောမိသော စကားများနဲ့ ဆက်စပ်နေတဲ့ ကြော်ငြာများကို Facebook က ဖော်ပြနေတယ်လို့ သင်ခံစားမိနေပါသလား ?
ဟုတ်တယ်ဆိုရင်တော့ သင်သတင်းလေးကို ဖတ်ရတာ အရသာတွေ့မှာ အမှန်ပါပဲ။
South Florida တက္ကသိုလ်မှ Communications Professor တစ်ယောက်ဖြစ်သူ Kelli Burns ကတော့ Facebook ဟာ အသုံးပြုသူတွေ ပြောကြားနေတဲ့ ဖုန်းမှ အပြန်အလှန်ပြောစကားများကို နားထောင်ကြောင်းနှင့် ထိုသို့ ပြောကြားနေစဉ် ပါဝင်သောစကားလုံးများနှင့် သက်ဆိုင်တဲ့ ကုန်ပစ္စည်း ကြော်ငြာများအား Facebook တွင် ပါရှိလာကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အကြီးမားဆုံး Social Network ဖြစ်တဲ့ Facebook မှလည်း ထိုသို့နားထောင်ကြောင်းနှင့် အသုံးပြုသူများရဲ့ အချက်အလက်များကို စုဆောင်းရယူသည်မှာ မှန်ကန်သော်လည်း ထိုအချက်အလက်များမှာ ကြော်ငြာများကို မရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
Burns ကတော့ Facebook မှ အသံနှင့် အချက်အလက်များ ရယူခြင်းသည် အသုံးပြုသူများကို ကူညီချင်ယုံသက်သက်မဟုတ်ပဲ ကြော်ငြာများနှင့် သက်ဆိုင်နေကြောင်း ပြောဆိုလျက်ပဲ ဖြစ်ပါတယ်။
အကြောင်းအရာတစ်ခုကို ဖုန်းမှာ ပြောဆိုပြီးနောက် ထိုအကြောင်းအရာနှင့် ပက်သက်သော ကြော်ငြာများ ပေါ်လာကြောင်း စမ်းသပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ Burns ဘက်က ထောက်ခံသူများအနေနဲ့လည်း အင်တာနက်အသုံးပြုသူအများအပြားရှိပါတယ်။ သူတို့ ဖုန်းမှ ပြောသော အကြောင်းအရာများနှင့် ပတ်သက်သော ကြော်ငြာများကို Facebook feed တွင် တွေ့ရကြောင်းနှင့် ထိုအရာများမှာ အင်တာနက်တွင် မည်သည့်အခါမှ မရှာဖူးသည့် အကြောင်းအရာများပင် ပါဝင်ကြောင်း ပြောကြားထားပါတယ်။
ဒါဆို Facebook မှာ သင့်ပြောဆိုသော စကားများအား နားမထောင်နိုင်ဖို လုပ်ဆောင်နိုင်ပါတယ်။
iPhone အသုံးပြုသူများအတွက်ကတော့…
1. Settings
2. Facebook
3. Settings and Turn OFF Microphone ဆိုပြီး အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Android အသုံးပြုသူများအတွက်ကတော့
1. Settings
2. Personal
3. Privacy and Safety
4. App Permissions
5. Microphone
6. Facebook and Turn OFF the slider ဆိုရင် အဆင်ပြေသွားပြီ ဖြစ်ပါတယ်။
ထိုသို့ Operating System အဆင့်ထိ လုပ်ဆောင်ထားခြင်းဖြင့် Facebook မှ နားထောင်နိုင်ခြင်းမရှိကြောင်း MEHN အနေနဲ့ ဖော်ပြလိုက်ရပါတယ်။
14-6-2016
သတင်းစီစဉ် တင်ဆက်သူ : ကိုသိန်း ( MEHN Team )
ဖုန်းမှ ပြောဆိုနေသော အကြောင်းအရာများကို Facebook မှ ကြားဖြတ်နားထောင်မှု ပြုလုပ်နေကြောင်း ပြောဆို
Reviewed by Mr.Thein
on
11:13 AM
Rating:
No comments: