တစ်ကျော့ပြန်လာတဲ့ အမှောင်ကမ္ဘာထဲက ပိုးလမ်းမကြီး



နာမည်ကြီ: Silk Road ကတော့ Silk Road 3.0 ဆိုပြီး တစ်ကျော့ပြန်လာခဲ့ပါပြီ။ တည်ထောင်သူကတော့ ပြိုင်ဘက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Crypto Market ကို ဖန်တီးတဲ့သူပါပဲ။  မှတ်ပုံတင်လို့ ရပြီဖြစ်လို့ ခိုးယူထားသော အချက်အလက်များ ၊ Exploit တွေ၊ မူးယစ်ဆေးတွေနဲ့ လက်နက်တွေကိုလည်း အစီအရီတွေ့နေရပါပြီ။

တကယ်တမ်းတော့ Silk Road 3.0 ဆိုတာ 4.0 ဖြစ်သင့်တာပါ။ ၂၀၁၁ မှာစခဲ့တဲ့ Silk Road ဟာ ဝက်ဘ်ဆိုက်ကို သုံးတဲ့သူတွေ၊ စီမံသူတွေကိုဖမ်း၊ နောက်ဆုံး တည်ထောင်တဲ့ Ross Ulbricht ကိုပါ အက်ဖ်ဘီအိုင်က ဖမ်းလိုက်ပြီးတော့ ၂၀၁၃ နှစ်လယ်ပိုင်းမှာ ဇာတ်သိမ်းသွားပါတယ်။ ၂၀၁၃ မှာပဲ နိုဝင်ဘာအရောက်မှာ Silk Road 2.0 အနေနဲ့ ပြန်လာပါတယ်။ တစ်နှစ်အကြာ ၂၀၁၄ နိုဝင်ဘာမှာပဲ အက်ဒမင်တွေကို ဖမ်းမိပြီး စခန်းသိမ်းသွားပြန်တယ်။ ၂၀၁၅ ဇန်နဝါရီမှာ Silk Road Reloaded ဆိုပြီး ပြန်ထောင်ပါတယ်။ ဒါပေမဲ့ အရင်က ဇာတ်လမ်းတွေကြောင့် အစိုးရိမ်လွန်နေကြလို့ လူသုံးနည်းပြီး ဆိုက်ကို ပိတ်လိုက်လို့ လမ်းဆုံးသွားပါတယ်။ အခုတော့ Silk Road 3.0 ဆိုပြီ: ထွက်လာပြန်ပါပြီ။

သုံးမဲ့သူတွေကတော့ လက်ရွံ့နေကြမှာပါ။ ဘာလို့လဲဆိုတော့ အရောင်းအဝယ်ဆိုရင် Silk Road ကိုပဲ ပြေးမြင်ကြတဲ့အထိ သတင်းကြီးခဲ့သလို အဖမ်းအဆီး အခံရဆုံးကလည်း ဒီဆိုက်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ချည်းပဲကိုး။ လူဟောင်းတွေတော့ ထပ်လာမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီဆိုက်ကိုထောင်တဲ့ Crypto Market ရဲ့ ပိုင်ရှင်ကတော့ တစ်ခါမှ အဖမ်းမခံရသေးဘူးဆိုတော့ ယုံကြည်ချင်စရာ တစ်ကွက်တော့ ရှိနေတာပေါ့။

လက်ရှိ Dark Web မှာ နာမည်ကြီးတဲ့ အရောင်းအဝယ် နေရာတွေကတော့ AlphaBay, Dream Market, Real Deal, Zocalo, Valhalla, Hansa Market, Acropolis, Python Market, Oasis Market, Bloomsfield, German-Plaza, Darknet Heroes League, Majestic Garden နဲ့ Crypto Market တို့ပါပဲ။ ဒီတော့ Silk Road အနေနဲ့ တော်တော်ကြီး ရုန်းကန်ရမဲ့ အချိန်ပါပဲ။

6-6-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
တစ်ကျော့ပြန်လာတဲ့ အမှောင်ကမ္ဘာထဲက ပိုးလမ်းမကြီး တစ်ကျော့ပြန်လာတဲ့ အမှောင်ကမ္ဘာထဲက ပိုးလမ်းမကြီး Reviewed by Myanmar Ethical Hacking News on 8:57 PM Rating: 5

No comments:

MEHN Team. Powered by Blogger.