Selfie တစ်ပုံကြောင့် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ကျခံရသူ
Social Network များ ခေတ်စားလာသည်နှင့်အမျှ
Selfie ဟုခေါ်သော မိမိကိုယ်ကို ဓာတ်ပုံပြန်ရိုက်သည့် အနုပညာတရပ်မှာလည်း လွန်စွာမှ ခေတ်စားလျှက်ရှိပါသည်။
အထူးသဖြင့် မိန်းကလေးများအကြေားတွင် ရေပန်းအစားဆုံးဖြစ်သည်။ ဘယ်နေရာတွင် ဘာဘဲလုပ်လုပ်
Selfie တစ်ပုံ နှစ်ပုံလောက်တော့ ရိုက်လိုက်ရမှ နေသာထိုင်သာရှိသော ခေတ်ဖြစ်သည်။
Selfie ယဉ်ကျေးမှူ့ထွန်းကားနေသော အချိန်အခါ သမယဖြစ်သည်။
Selfie ဓာတ်ပုံများကို ရိုက်ကူးရာတွင်
နိုင်ငံအလိုက် ယဉ်ကျေးမှူ့နှင့် ကန့်သတ်မှူ့များရှိသည်။ အချို့ကိစ္စရပ်များတွင်
Social Network များ၏ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာကြရသည်။ Social Media အများစုသတ်မှတ်ထားသော
စည်းကမ်းချက်များတွင် သီချင်းကော်ပီများ ၊ သီချင်းစာသားကော်ပီများ နှင့် အခြားသော အတုအယောင်
ကိစ္စရပ်များ နှင့်ဆိုင်သော အကြောင်းအရာများကို တင်ခွင့်မရှိပေ။ အကယ်၍ ပေါ်လစီနှင့် ငြိစွန်းသော
အကြောင်းအရာများကို Social Media များတွင် တင်မည်ဆိုပါက အကောင့် ခေတ္တ ပိတ်ခံရသည့် အရေးယူမှူ့များရှိသည်။
ထို့အပြင် Social Media များတွင် ဘာသာရေးလှုံ့ဆော်မှူ့များ ၊ အမျိုးသားရေးလှူံ့ဆော်မှူ့များ
၊ အဓိကရုန်းဖြစ်စေမည့် ရေးသားလှုံ့ဆော်မှူ့များသည် Social Media များ၏ ပြဌာန်းထားသော
ဥပဒေများနှင့် ငြိစွန်းပါသည်။ ထိုကဲ့သို့သော လူထုအုံကြွမှူ့ဖြစ်စေမည့် ဓာတ်ပုံများ
၊ အရေးအသားများ စသည်တို့ကို တွေ့ရှိပါက Social Media များသို့ အကြောင်းကြားနိုင်ပေသည်။
ထိုသို့အကြောင်းကြားနိုင်ရန်အတွက်လည်း Social Media များတွင် အကြောင်းကြားရမည့် နေရာပါရှိပါသည်။
အခြားလူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား တိုက်ခိုက်ခြင်း ၊ အကောင့်အားအတုပြုလုပ်ခြင်း ၊
မဟုတ်မမှန် လုပ်ကြံခြင်းတို့အတွက်လည်း Social Media များသို့ တိုင်ကြားစာများ ပေးပို့နိုင်ပါသည်။
Social Media များတွင် ထိုကဲ့သို့သော ဥပဒေပေါင်း မြောက်များစွာရှိသည်။
Social Media များကို အသုံးပြုပြီး အခြားသူတစ်ဦးတစ်ယောက်အား
ခြိမ်းခြောက်ခြင်း ၊ မဖွယ်မရာစကားများ ပြောဆိုခြင်း ၊ ဆဲရေးတိုင်းထွာခြင်း စသည် တို့သည်
ဆိုင်ဘာရာဇ၀တ်မှူ့ဟုခေါ်သော သတင်းနှင့်အချက်အလက်ဆိုင်ရာ ဥပဒေနှင့် ငြိစွန်းပါသည်။ ထိုကဲ့သို့သော
ကိစ္စရပ်များသည် ပြစ်မှူ့မြောက်ပါသည်။
အမေရိကန်နိုင်ငံသား အသက် ၄၂ နှစ် အရွယ်ရှိသူ
Malik First Born Allah Farrad သည် Selfie ပုံရိုက်ပြီး ဓာတ်ပုံတင်ခဲ့ခြင်းကြောင့်
ထောင်ဒဏ် ၁၈၈ လ ချမှတ်ခြင်း ခံခဲ့ရသည်။ Malik First Born Allah Farrad သည် ထိုပုံကို
2013 ခုနှစ် အောက်တိုဘာလတွင် Facebook လူမှူ့ကွန်ယက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။ ထိုပုံတွင်
သူသည် အိပ်ဆောင်အရွယ် လက်ကိုင် သေနတ်တိုကို ကိုင်ဆောင်ထားပြီး ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
ထိုပုံသည် အမေရိကန် နိုင်ငံ၏ ဥပဒေအရ ခြိမ်းခြောက်ခြင်း ၊ ပြစ်မှူ့ကျူးလွန်ရန် ကြံစည်ခြင်း
စသည့် သဘော သက်ရောက်သည့်အတွက် တရားရုံးမှ ထောင်ဒဏ် ၁၈၈ လ ကျခံရန် အမိန့်ချမှတ်ခံခဲ့ရခြင်း
ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ဆက်စပ်ပြီး ကျွှန်တော်တို့
မြန်မာနိုင်ငံတွင် အသုံးပြုနေသော Facebook လူမှူ့ကွန်ယက်ကို ကြည့်မယ်ဆိုလျှင် လှုံ့ဆော်မှူ့ပေါင်းများစွာကို
မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသားရေးလှူံ့ဆော်မှူ့ ၊ ဘာသာရေးလှူံ့ဆော်မှူ့ စသည့် အကြောင့်အရာပေါင်းများစွာဖြင့်
လှူံ့ဆော်နေကြသည်ကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ထိုလှူံ့ဆော်မှူ့များကို အရေးယူခြင်းမရှိ
လွတ်ပေးထားသည်ကိုလည်း အံ့သြလောက်အောင်တွေ့ရပါသည်။ Hate Speech ဟုခေါ်သော အဓိကရုန်းများ
ဖြစ်စေနိုင်သည့် အရေးအသားများ ၊ လှူံ့ဆော်မှူ့များကို မည်သည့်နိုင်ငံကမျှ လက်မခံပါ။
လှူံ့ဆော်ရေးသားချက်များဆိုထားနှင့် အမေရိကန်တွင် “Lets Explode in USA” ဟူသောစာတမ်းကို
လူမှူ့ကွန်ယက်တွင် ရေးတင်ခဲ့သည့် ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက် ၂ ယောက်ကို အမေရိကန်
ရဲတပ်ဖွဲ့ဝင်များမှ လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ “Lets Explode in
USA” ဟူသော စကားသည် ဗြိတိန်နိုင်ငံတွင် အသုံးပြုနေသော ဗန်းစကားဖြစ်ပြီး “ပျော်ရွှင်မှူ့တွေ
ပေါက်ကွဲထွက်ပစ်လိုက်မယ်” ဟု အဓိပ္ပါယ်ရပါသည်ဟူ ရှင်းပြတော့မှ ပြန်လည်လွှတ်ပေးခဲ့သည်။
ဆိုလိုသည်မှာ ဥပဒေတင်းကြပ်ထားသည့် ဖြစ်စဉ် သာဓကကို ပြလိုခြင်း ဖြစ်သည်။
ကျွှန်တော်သည် မြန်မာနိုင်ငံမှာ လူဖြစ်ရသည်မှာ
အတော်ပင်ကံကောင်းသည်ဟု ထင်မြင်မိပါသည်။ ဥပဒေဆိုသည်မှာလည်း လည်လျှင်ပတ်လျှင် လက်တစ်လုံးခြားလုပ်နိုင်ပေသည်။
လူမူ့ကွန်ယက်များအတွက် ပြဌာန်းထားသော လိုက်နာရမည့် ဥပဒေများသည် အခြားနိုင်ငံများ၏ ဥပဒေများထက်
ချောင်ချိသည့်အတွက် မြန်မာနိုင်ငံတွင် Facebook လူမူ့ကွန်ယက်များကို အသုံးပြုရတာ အတော်ပင်
သက်တောင့်သက်သာ ရှိပါသည်ဟု ထင်မြင်မိပါသည်။ မြန်မာနိုင်ငံတွင် Facebook လူမူ့ကွန်ယက်ပေါ်တွင်
ကြိုက်တာကို လွတ်လပ်စွာ ရေးသားနိုင်သည့်အတွက် အတော်လေးပင် ဟန်ကျပါသည်။ ဘာသာရေးလှူံ့ဆော်စာရေးမလား
၊ နိုင်ငံရေး လှူံ့ဆော်စာရေးမလား ၊ အမျိုးသားရေး လှူံ့ဆော်စာရေးမလား ၊ စစ်ပွဲများအတွက်
လှူံ့ဆော်စာရေးမလား ကြိုက်တာကို ရေးသားနိုင်ပါသည်။
Hate Speech များ ရေးသားခြင်း ၊ လှူံ့ဆော်စာများရေးသားခြင်းကို
မည်သည့် နိုင်ငံကမျှ လက်မခံပါ။ မြန်မာနိုင်ငံတွင် ဥပဒေအားနည်းချက်များကို အခွင့်ကောင်းယူပြီး
Social Media များတွင် လှူံ့ဆော်စာများရေးသားနေကြသည်ကို စိတ်မကောင်းစွာတွေ့ရှိရပါသည်။
လှူံ့ဆော်စာများကို ထိန်းသိမ်းကြပ်မတ်ခြင်းသည် အရေးကြီးပါသည်။ လူတစ်ဦးတစ်ယောက်မှ လှူံ့ဆော်သော
ပို့စ်တစ်ခုရေးတင်လိုက်သောအခါ ရှယ်ယာခြင်း Like လုပ်ခြင်းအားဖြင့် ကောလဟာလများ ပျံ့နှံ့နိုင်ပြီး
မဖြစ်သင့်သော အဓိကရုန်းများ ဖြစ်ပွားနိုင်သည့်အတွက် လှူံ့ဆော်စာများကို သေချာစွာ ကြပ်မတ်ထိန်းကြောင်းသင့်ကြောင်း
အကြံပြု တင်ပြလိုက်ရပါတယ် ခင်ဗျာ။
3-6-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Selfie တစ်ပုံကြောင့် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ကျခံရသူ
Reviewed by Myanmar Ethical Hacking News
on
7:28 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:28 PM
Rating:

No comments: