သတိထားစရာ အတုအယောင် Facebook Friend Request
Buffalo '66 နဲ့ The Brown Bunny ဇာတ်ကားတွေကို
ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာကြီး
ဗင်ဆင့်ဂယ်လို တစ်ယောက်ကတော့ သူ့ပုံစံဖမ်းထားသော ဖေ့ဘုတ်အကောင့်တစ်ခုနဲ့ ဖေ့ဘုတ်လုပ်ငန်းကို
တရားစွဲထားပါတယ်။ အရင်အပတ်က ကာလီဖိုးနီးယားတရားရုံးမှာ တင်ခဲ့တဲ့ စွဲချက်မှာ သူ့နာမည်
Vincent Gallo နဲ့ သူ့ပုံတွေသုံးပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို Friend လိုက်အပ်ထားသည့်အတွက်
အခက်ကြုံနေရကြောင်း ပြောထားပါတယ်။ အကောင့်တုတစ်ခုကဆို သူ့ရည်းစားဟောင်းနဲ့ အဆက်အသွယ်လုပ်နေတယ်လို့
ဆိုပါတယ်။
အကောင့်အတုဖြင့် သူ၏ရည်းစားဟောင်းနှင့်
စကားပြောဖြစ်နေတာ နှစ်လလောက်ရှိပါပြီ။ အကောင့်အတုက ခါးအောက်ပိုင်းပုံတွေပြပြီ: သူမရဲ့
အဝတ်မဲ့ပုံတွေ တောင်းပါတယ်။ နောက်တော့ သူမက ဥရောပကနေ အမေရိကားကိုလာတွေ့မယ် ပြောလာပါတယ်။
အဲဒီတော့ အကောင့်တုက လက်မခံပါဘူး။ သွားစရာရှိတယ်ဆိုပြီး မလာဖို့ တားပါတယ်။ ဒီတော့ သံသယဝင်သွားပြီး
စုံစမ်းတဲ့အခါကျမှ ဒီအကောင့်ဟာ ဂယ်လိုသုံးနေတဲ့ အကောင့်မဟုတ်ဘူးဆိုတာ ခြောက်ခြားစဖွယ်
တွေ့လိုက်ရတာပါ။
ဒါရိုက်တာကြီ:ရဲ့ အဆိုအရတော့ ဒီအကောင့်အတုဟာ
တခြားအမျိုးသမီးတွေနဲ့လည်း ဇာတ်လမ်းရှုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ပြီ:တဲ့အခါ အဲဒီ့အမျိုးသမီးတွေကို
သူ၏ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြပြီး လော့အိန်ဂျလိစ်မှာ လူချင်းတွေ့စေခဲ့တယ်လို့
သိရပါတယ်။ သူ၏ သူငယ်ချင်းဆိုသူကတော့ ဒါရိုက်တာကြီးရဲ့ အကောင့်အတုကို ဖန်တီးတဲ့သူပါပဲ။
ဂယ်လိုကတော့ အကောင့်တုကို လုပ်တဲ့သူက ဒီလိုဖြစ်စဉ်တွေ အများကြီး ကျူးလွန်ထားတယ်လို့
စွဲချက်တင်ထားပါတယ်။
အဆိုပါ အကောင့်အတုအား ဖြုတ်ချရန်အတွက်
Report တွေ မကြာခဏတင်ခဲ့ပေမဲ့ သူ့ရဲ့ အိုင်ဒီကိုပဲ တောင်းတယ်လို့ ဂယ်လိုက ပြောထားပါတယ်။
ဒီအခါမှာ ယာဉ်မောင်းလိုင်စင် တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဟုတ်၊ မဟုတ် မသေချာသေးလို့ပါဆိုပြီး
မှတ်ပုံတင်ပါ တောင်းပါတယ်။ ဒါနဲ့ ဓာတ်ပုံဆရာနဲ့ သေသေချာချာရိုက်ထားတဲ့ ကာလာပုံကို တင်ပေးပြန်ပါတယ်။
ဒါပေမဲ့လည်း မရပြန်ပါဘူး။ ဒီအကောင့်တုက ဆက်ရှိနေတုန်းပါပဲ။
ဒီတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ဒုက္ခရောက်အောင်
လုပ်တာ၊ မမျှမတ ယှဉ်ပြိုင်နေတာနဲ့ မတရားလုပ်တတ်တဲ့ စီးပွားရေးအမူအကျင့်တွေ ရှိနေတာဆိုပြီး
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြောတဲ့အတိုင်း မလုပ်ရင် ရင်ဆိုင်ရတတ်တဲ့ လန်ဟန်အက်ဥပဒေ
(https://en.wikipedia.org/wiki/Lanham_Act) နဲ့ ဖေ့ဘုတ်ကို ဂယ်လိုက တရားစွဲတာပါ။
အကောင့်တုကိုလည်း အင်တာနက်ပေါ်ကနေ အမှန်တကယ်ရှိသည့်
လူတစ်ယောက်အနေဖြင့် မသမာသည့် ရည်ရွယ်ချက်နှင့် ဟန်ဆောင်တယ်ဆိုပြီ: ၂၀၁၁ ခုနှစ်တွင်
ထုတ်ထားသည့် ကာလီဖိုးနီးယားဥပဒေတစ်ခု
(http://law.onecle.com/california/penal/528.5.htm) ဖြင့် တရားစွဲဆိုထားပါတယ်။
အဲဒီ့အကောင့်တုမှာ Friend ပေါင်း သုံးထောင်ကျော်ရှိပြီးတော့
ဂယ်လိုရဲ့ ပြင်ပလောကက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး ပါပါတယ်။ ဖေ့ဘုတ်ကတော့
အဲဒီ့အကောင့် (https://www.facebook.com/vincent.gallo.927) ကို ကြာသာပတေးနေ့က ပိတ်လိုက်ပါတယ်။
ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီ:တော့ ဘာမှ သတင်းမထုတ်ပြန်သေးပါဘူး။
နာမည်ကြီ:သရုပ်ဆောင်ပဲဖြစ်ဖြစ်၊ နာမည်မသိတဲ့
သူစိမ်းပဲဖြစ်ဖြစ်၊ Friend လုပ်လာမယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်မှာ
လူတစ်ယောက်ရဲ့ပုံကို အလွယ်တကူ ရနေလို့ပါပဲ။ ဒီတော့ ငွေပို့ဖြစ်တဲ့အခါ၊ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ
ပြောဖြစ်မဲ့အခါ၊ အွန်လိုင်းကနေ ချစ်သူရည်းစားဖြစ်သွားအောင် သွေးဆောင်ခံရတဲ့အခါမျိုးမှာ
သတိထားကြဖို့ လိုပါတယ်။ အရောင်လက်တိုင်း စိန်နားကပ်မဟုတ်ဘူး" ဆိုတဲ့ စကားကို သတိရဖို့ပဲ
တိုက်တွန်းချင်ပါတယ်။
27-6-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
သတိထားစရာ အတုအယောင် Facebook Friend Request
Reviewed by Myanmar Ethical Hacking News
on
8:09 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:09 PM
Rating:

No comments: