အကြွေစေ့များဖြင့် ကွန်ပြူတာအပူချိန် မြှင့်တက်ခြင်းအား ကာကွယ်နိုင်မည့် နည်းလမ်း



ကျွန်တော်တို့ Computer Laptop/Desktop တွေကို Game ကစားသည့်အခါဖြစ်ဖြစ်၊ Internet အသုံးပြုသည့်အခါတွင်ဖြစ်ဖြစ် နည်းအမျိုးမျိုးဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုတတ်ကြပါတယ်။ ထိုသို့ အသုံးပြုသည့်အတွက်ကြောင့် ကွန်ပြူတာများ အပူချိန်မြှင့်တတ်သည့် ဖြစ်စဉ်များကို ကြုံကြရပါတယ်။ ကွန်ပြူတာများ အပူချိန်မြှင့်လာပါက အလိုအလျှောက် Restart ကျခြင်း Shutdown ပြုတ်ကျခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်မည် ဖြစ်သည်။ ထိုအခါ ကွန်ပြူတာကို ပြန်လည်အေးသွားအောင် စက်ပိတ်ပြီး ပြန်စောင့်ရမည့် အနေအထားမျိုး ဖြစ်သွားပါပြီ။

ထိုသို့ ကွန်ပြူတာများ အပူချိန် မကြာခဏ မြင့်တတ်သည့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဂျပန်နိုင်ငံက User တစ်ယောက်က Computer ကို overheating မဖြစ်အောင် ကာကွယ်သည့် နည်းပညာကို တွေရှိခဲ့ပါတယ်။ သူ့ရဲ့နည်းလမ်းလေးဟာ Copper Coins တွေကိုအသုံးပြု လုပ်ဆောင်သွာတာဘဲ ဖြစ်ပါတယ်။

ထိုနည်းလမ်းလေးကို ရှာဖွေတွေ့ရှိခဲ့သူကတော့ Akinori Suzuki ပဲဖြစ်ပါတယ်။ ဘယ်လိုလုပ်ဆောင်သလဲဆိုရင် Copper Coins လေးတွေကို မိမိ Laptop Computer ရဲ့ ထိပ်မှာ တင်ပီးလုပ်ဆောင်သွားတာဖြစ်ပါတယ်။ ထိုကဲ့သို့ Copper Coins လေးတွေကို အသုံးပြုလိုက်တဲ့အတွက် မိမိ Computer သည် အသုံးပြုနေစဉ်မှာပင် အလိုအလျှောက် အပူချိန် မြှင့်တက်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်သွားမှဖြစ်ပါတယ်။

Suzuki သည် ၎င်း တွေ့ရှိချက်ကို သူ၏ Twitter အကောင့်မှာ ရေးသားပြီး Post အဖြစ် တင်ခဲ့ပါတယ်။ ကျွန်တော်ထင်ပါတယ် များပြားလှသော Gamers တွေကတော့ Suzuki ၏ အဆိုကို လကိခံမယ်ဆိုတာကို။ ၂၀၁၂ ခုနှစ်ကို ပြန်ကြည့်ရင် ဂျပန် Website တစ်ခုမှာ Web Developer တစ်ယောက်ဟာ Macbook Pro ၏ အပူချိန်မြှင့်တက်မှူ့ ဖြစ်စဉ်သည် သူ့မှာပါဝင်သည့် Retina Display ကြောင့်လို့ Thermodynamic နည်းပညာကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Suzuki ဟာ သူ့ရဲ့လုပ်ဆောင်ချက်မှာ 10-yen Coins လေးတွေကို Laptop ထိပ်လေးမှာ တင်ထားပြီးတော့ လုပ်ဆာင်ခဲ့ပါတယ်။ သူ့လုပ်ဆောင်ချက်ဟာ မှန်ကန်မှုရှိခဲ့ပါတယ်။

သူဟာဘာကြောင့် Copper Coins တွေကိုရွေးချယ်ခဲ့တာလဲ။ Copper Coins လေးတွေမှာ ရှိတဲ့ Greater Thermal Conductivity Aluminum ၏ အပူချိန်ထိန်းညှိပေးမှူ့သည် Plastic ထက်ပိုကောင်းလို့ပါပဲ။ Suzuki ဟာ သူ့ရဲ့ Laptop ကို Thermodynamic နည်းလမ်းအတိုင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် ကွန်ပြူတာ တွေအတွက် Copper Coins လေးတွေဟာ စာဖတ်သူရဲ့ Laptop Computer ကို အလိုအလျှောက် အပူချိန်မြှင့်တက်ခြင်းမှ ကာကွယ်ပေးမည့် အကောင်းဆုံး နည်းလမ်းတစ်ခုပါဘဲ။

Suzuki မှ တကယ်လို့ တစ်စုံတစ်ယောက်ဟာ မိမိရဲ့ Macbook Pro က အပူချိန်မြှင့်တက်နေပြီဆိုရင် Copper Coins လေးတွေကို အသုံးပြုသင့်ပါတယ်လို့ အကြံပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Copper Coins လေးတွေဟာ သင့် Laptop မှ ထွက်ရှိသော အပူတွေကို အပြင်ကိုရောက်အောင် လုပ်ပေးနိုင်လို့ပါပဲတဲ့။

24-6-2016
သတင်းစီစဉ် တင်ဆက်သူ -Thomas Linn (MEHN Team)
အကြွေစေ့များဖြင့် ကွန်ပြူတာအပူချိန် မြှင့်တက်ခြင်းအား ကာကွယ်နိုင်မည့် နည်းလမ်း အကြွေစေ့များဖြင့် ကွန်ပြူတာအပူချိန် မြှင့်တက်ခြင်းအား ကာကွယ်နိုင်မည့် နည်းလမ်း Reviewed by Myanmar Ethical Hacking News on 7:41 PM Rating: 5

No comments:

MEHN Team. Powered by Blogger.