တစ်ခါဝယ်ရင် တစ်အိမ်လုံးသုံးနိုင်မည့် Google Play Store ရဲ့ Family Library



Google IO 2016 ဟာ မကြာခင်ထုတ်ပေမည့် စာပို့သည့်အခါ အသုံးပြုသော App တစ်မျိုးဖြစ်တဲ့ Allo ဗွီဒီယိုနှင့် ပြောလို့ရသည့် Duo ဆိုတဲ့ ဝန်ဆောင်မှုတွေနဲ့ ဖမ်းစားထားပါတယ်။ ဒါပေမဲ့ ဒါတွေချည်းပဲ မဟုတ်ပါဘူး။ App တစ်ခုကို မိသားစုများနှင့် အတူတူသုံးနိုင်မည့် Family Library ဆိုသော ဝန်ဆောင်မှုကိုလည်း Goolge Play Store ကနေ ပေးတော့မှာပါ။

ဒီလိုမျှသုံးတဲ့နေရာမှာ သီချင်း၊ ဗွီဒီယို၊ စာအုပ်နဲ့ App တွေ ပါမှာပါ။ အလားတူလုပ်ဆောင်ချက်မျိုးကို Apple အသုံးပြုသူများအနေဖြင့် iCloud Family Sharing ဆိုပြီး အကျွမ်းတဝင်ရှိပြီးသားပါ။ အန်ဒရိုက် (Android) အသုံးပြုသူများအတွက် တန်းတူရည်တူဝန်ဆောင်မှုကို ဂူးဂဲလ်ကလည်း လိုက်ပေးတဲ့သဘောပါ။

အသေးစိတ်အချက်အလက်တွေကို ဂူးဂဲလ်ရဲ့ Developer Support (support.google.com/googleplay/android-developer/answer/6334373/) မှာ ဖတ်ရှုနိုင်ပါတယ်။  မိသားစုဝင် (၆) ယောက်အထိ မျှသုံးလို့ရမဲ့ ဒီဝန်ဆောင်မှုကို လာမည့် ဇူလိုင်လ (၂) ရက်နေ့မှာ ရနိုင်ပါတော့မယ်။

လက်ရှိဝယ်သုံးရတဲ့ App တွေကိုလည်း ဒီလုပ်ဆောင်ချက်ပါအောင် ထည့်ဖို့ ဂူးဂဲလ်က တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဖို့ Developer တွေအနေနဲ့ Developer Console ထဲဝင်ပြီး Pricing & Distribution ထဲကနေ Family Library ကို Enable လုပ်ပေးရမှာပါ။  လုပ်ပြီးရင်တော့ ပြန်ပိတ်လို့ မရတော့ပါဘူး။

စာအုပ်၊ သီချင်းနဲ့ ဗွီဒီယိုတွေကို မျှလို့ရတယ်ဆိုပေမဲ့ Streaming နဲ့ သုံး (Download မချဘဲ တိုက်ရိုက်ကြည့်) မယ်ဆိုရင်တော့ တစ်ချိန်မှာ တစ်ယောက်ပဲ သုံးလို့ရမှာပါ။ နောက်ပြီး ဝယ်ပြီ:တဲ့အခါမှာလည်း မျှချင်တဲ့သူကို ဖိတ်ခေါ်နိုင်လို့ မကြည့်စေ၊ မဖတ်စေချင်တဲ့သူလည်း ကြည့်ခွင့်၊ ဖတ်ခွင့်ရမှာ မဟုတ်ပါဘူး။ စာရူ့သူများ စပ်သပ်အသုံးပြုနိုင်ကြပါစေကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

16-6-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
တစ်ခါဝယ်ရင် တစ်အိမ်လုံးသုံးနိုင်မည့် Google Play Store ရဲ့ Family Library တစ်ခါဝယ်ရင် တစ်အိမ်လုံးသုံးနိုင်မည့် Google Play Store ရဲ့ Family Library Reviewed by Myanmar Ethical Hacking News on 7:27 PM Rating: 5

No comments:

MEHN Team. Powered by Blogger.