VK.com မှ ၁၀၀ မီလီယံပမာဏရှိသော Accounts များခိုးယူခံရခြင်း
ရုရှားနိုင်ငံ၏ အကြီးဆုံး Social Media
Network တစ်ခုဖြစ်သော VK.com သည် အချိန်အကြာကြီး ရပ်တည်ခဲ့တာပါ။ Myspace, Tumblr ,
Linkedln နဲ့Flingcom များမှ တဆင့် Hacker များသည် အချက်အလက်များကို ခိုးယူကြပြီး ရောင်းဝယ်မှုလုပ်ကြပါတယ်။
VK.com အသုံးပြုသူများ၏ အချက်အလက်ပေါင်း မီလီယံ ၁၀၀ ကျော်ကို ခိုးယူပြီး ၁ Bitcoin ဖြင့် မြေအောက် ကမ္ဘာမှာ စတင်ရောင်းနေပါတယ်။
ခိုးယူခံရသော ၁၀၀ မီလီယံထဲတွင် အချက်အလက်
အစုံပါရှိပါတယ်။ အမည်အပြည့်အစုံ ၊ Email လိပ်စာ ၊ စကားဝှက်များ ၊ နေရပ်လိပ်စာ အပြည့်အစုံ
၊ ဖုန်းနံပါတ်များနှင့် အခြားသော အရေးကြီးသော ကိုယ်ရေးအချက်အလက် မြောက်များစွာ ပါဝင်ပါတယ်။
VK.com Website အား ဖောက်ထွင်းခံရပြီးကတည်းက
ထို Website တွင် အသုံးပြုထားသော Email များမှ တဆင့် အခြားသော ဆက်စပ်နေရာများတွင်ပါ
ဆက်တိုက် ဖောက်ထွင်းခံနေရပါတယ်။ ဆိုလိုသည်မှာ လူအတော်များများသည် Email လိပ်စာများ၏
စကားဝှက်များကို ထားရှိသည့်အခါ အားလုံး တစ်ခုတည်း ထားရှိတတ်ကြသည်။ ထို့ကြောင့် အဆိုပါ
Email များဖြင့် ဆက်စပ်လျှက်ရှိသော အခြားသော ကိစ္စရပ်များဆိုင်ရာ အကောင့်များကိုပါ ဖောက်ထွင်းခံရခြင်း
ဖြစ်သည်။
VK.com တွင် အသုံးပြုသူပေါင်း ၃၅၀ မီလီယံ
ကျော်ရှိပါတယ်။ ဒါကြောင့် ယခု တိုက်ခိုက်မှူ့တွင် အတွေ့အကြုံရှိသော ၀ါရင့် Hacks များ
ပါဝင်ပတ်သက်နေလိမ့်မယ်လို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။ အခြားသော သတင်းအရင်းအမြစ်များမှ
သိရှိရသော သတင်းများအရ VK.com သည် ယခုမှ တိုက်ခိုက်ခံရတာမဟုတ်ပါဘူး လွန်ခဲ့သော ၂၀၁၂
ခုနှစ် ၂၀၁၃ ခုနှစ်မှာ ကတည်းက တိုက်ခိုက်ခံရမှူ့တွေ ရှိခဲ့ပါတယ်။
တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်
VK.com မှ Security လုံခြုံရေးပိုင်းဆိုင်ရာများကို မြောက်များစွာ ပြုလုပ်ခဲ့ပါတယ်။
သို့သော် မည်သည့် စံနစ်မဆို ပြီးပြည့်စုံသည့် စံနစ်ဆိုသည်မှာ ကမ္ဘာကြီး ပျက်စီးသည့်တိုင်
ရှိမည်မဟုတ်ပေ။ ထို့ကြောင့် အားနည်းချက်ဆိုသည်မှာလည်း ရှိနေဦးမည်ဖြစ်သည်။ ထိုအားနည်းချက်များမှတဆင့်လည်း
တိုက်ခိုက်ခံနေရဥိးမည်ဖြစ်သည်။ တိုက်ခိုက်ခံရမှူ့များကတော့ မလွဲမသွေခံကြရမှာပါဘဲ။ ထိခိုက်ဆုံးရှူံးမှူ့
အနည်းနှင့် အများသာ ကွာခြားပါသည်။
VK.com အား တိုက်ခိုက်သည့် Hacker အမည်မှာ
Peace လို့သိရပြီး 17 GB ရှိတဲ့ Data တွေကို Dark Web မှာ အချက်အလက်များကို Email တစ်ခုလျှင်
1Bitcoin ဖြင့်ရောင်းချနေပါတယ်။
အချက်အလက်တစ်ခုပေါက်ကြားတာနှင့် ဆက်တိုက်
နောက်ဆက်တွဲ အချက်အလက်များပါ ပေါက်ကြားနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ Email တစ်ခု၏
စကားဝှက်များကို သိတာနှင့် အခြားသော အကောင့်များ၏ စကားဝှက်များပါ ပေါက်ကြားနိုင်သည်ကို
သတိထား ဆင်ခြင်သင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
20-6-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN
Team)
VK.com မှ ၁၀၀ မီလီယံပမာဏရှိသော Accounts များခိုးယူခံရခြင်း
Reviewed by Myanmar Ethical Hacking News
on
7:27 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:27 PM
Rating:

No comments: