ခေတ်ရှေ့ ပြေးမြို့ ကြီးများ အင်တာနက်ပေါ်မှတဆင့် ဆိုက်ဘာတိုက်ခိုက်ခံရမှု အားနည်းချက် ပိုမိုများပြား


သင်ဟာ အလုပ်ဆီကို  GPS စနစ်ဖြင့် အလိုအလျောက်မောင်းနှင်တဲ့ သင့်ရဲ့ ကားဖြင့် နေ့ စဉ်နီးပါးသွားပါတယ်။ဒီအချိန်မှာ ဟက်ကာတွေမှ သင့်ရဲ့ကားဖြင့် ချိတ်ဆက်ထားသော နက်ခ်ဝက်ကို ချိုးဖောက် ၀င်ရောက်လိုက်ပြီး  စတီရာတိုင်(steering Wheel)ကို ထိန်းချုပ်ကာ သစ်ပင်ကို ၀င်တိုက်လိုက်ပါတယ်။ပြီးရင်တော့ ၀ုန်းဆို ထပေါက်မှာပေါ့။

ဒါဟာ ယုံကြည် စရာတော့ မကောင်းပါဘူး။ဒါပေမယ့် ဒီလိုမျိုး စမတ် ပစ္စည်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုဟာ တကယ် ဖြစ်လာနေပါပြီ။ကားကို ဟက်ကင်းလုပ်ပြီးတိုက်ခိုက်ခြင်းကို security researcher(ဆိုက်ဘာလုံခြုံရေးနှင့်ပက်သက်ပြီး အမြဲစူးစမ်းလေ့လာ ရှာဖွေနေသူများ) နှစ်ယောက်မှ  မိုင်ပေါင်းများစွာ အကွာအဝေးရှိ Cherokee ဂျစ်ကားအား အဝေးမှ ထိန်းချုပ် ပြသွားခဲ့ပါတယ်။ဒါဟာ IOT(internet of things)ရဲ့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

IOT ဆိုတာကတော့ နည်းပညာတစ်ခုပါပဲ။ဘယ်လိုနည်းပညာလည်းဆိုတော့ ပစ္စည်းတွေ(စမတ်တီဗွီ၊စမတ်ကား၊ရေခဲသေတ္တာ၊၀တ်ဆင်နိုင်သောပစ္စည်းတွေ၊Router၊အခြားသော ပေါင်းစပ်ထားသော စက်ပစ္စည်းတွေ)ကို နက်ခ်ဝက် သို့ မဟုတ် အင်တာနက်ဖြင့် ချိတ်ဆက်ပြီး တခုနဲ့ တခု အပြန်အလှန် အသုံးပြုကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့  ရက်အနည်းငယ်က ကျွန်တော့ဖတ်လိုက်ရတာကတော့ စမတ်အမှိုက်ပုဲံး အကြောင်းလေးပါ။ဒီအမှိုက်ပုံးလေးက နောက်ဆုံးထွက်တဲ့ စမတ်ပစ္စည်းလေးပါပဲ။ဒီအမှိုက်ပုံးလေးက wifi နဲ့  အသုံးပြုနိုင်ပါတယ်။
IOT စနစ်ဟာ မြို့ တွေကို ပိုပြီး တိုးတက်ကောင်းမွန်လာစေမှာလား၊ဆွံ့ အသွားစေမှာလား?

 ကမ္ဘာပေါ်ရှိ မြို့ များဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ တိုးတက်ဖွံ့ ဖြိုးလာကြပြီး နေ့ စဉ်လုပ်ငန်းဆောင်တာတွေက အစ အင်တာနက်မှ လုပ်ဆောင်လာကြပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုတဲ့ ပစ္စည်း တွေဟာ ဘီလီယံ ၅၀ကျော်လောက်ထိ ရောက်ရှိလာပြီးတော့  ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့ နဲ့ အလုပ်လုပ်ရာတွေမှာ ကူညီပါဝင်လာမှာပါ။

သို့ ပေမယ့်လည်း နည်းပညာအသစ်တွေနဲ့ ပြုပြင်မှု အသစ်တွေဟာ စိန်ခေါ်မှုအသစ်တွေနဲ့ပြဿနာအသစ်တွေကို ယူဆောင်လာလေ့ရှိကြပါတယ်။ဒီခေါင်းစဉ်မှာ ပါသလိုပဲ ကျွန်တော်တို့ ဟာ ဆိုက်ဘာလုံခြုံရေးနဲ့ ပက်သက်ပြီး ကရုစိုက်ဖို့  လိုအပ်လာပါပြီ။ဒါတွေဟာ မကြာခင်အနာဂတ်ကာလမှာ အကျိုးသက်ရောက်လာမှာဖြစ်ပါတယ်။

ကျွန်တော်တို့ သိထားတာကတော့ အင်တာနက်ချိတ်ဆက်ထားသမျှအရာမှန်သမျှဟာ တိုက်ခိုက်ခံရဖို့ အားနည်းချက်တွေ  ဖြစ်ပေါ်စေပါတယ်။အင်တာနက်နဲချိတ်ဆက်ထားတဲ့ အရာမှန်သမျှတိုးပွားလာလေ IOT ပစ္စည်းတွေရဲ့  လုံခြုံရေး စိန်ခေါ်မှုတွေကို မျက်ကွယ်မပြုသင့်လေပါပဲ။

ဆိုက်ဘာတိုက်ခိုက်မှု ခံရနိုင်ခြေ အများဆုံးသော ခေတ်ရှေ့ ပြေးမြို့ကြီးများကတော့ စပိန်နိုင်ငံ Santander မြို့ ၊အမေရိကန်နိုင်ငံ  New York City မြို့ ၊ဘရာဇီးနိုင်ငံ Aguas De Sao Pedro မြို့ ၊ကိုရီးယားနိုင်ငံ Songdo မြို့ ၊ဂျပန်နိုင်ငံ Tokyo  မြို့ ၊တရုတ်နိုင်ငံ Hong Kong မြို့၊အမေရိကန်နိုင်ငံ ဗာဂျီးနီးယား ပြည်နယ် Arlington မြို့ တို့ပဲ ဖြစ်ပါတယ်။

စမတ်ပစ္စည်းတွေ ဖြစ်တဲ့ မီးပွိုင့်များ၊လုံခြုံရေး ကင်မရာများ၊မီတာများ၊လမ်းမီးများ၊အာရုံခံကိရိယာများဟာ လွယ်ကူစွာ အသုံးပြုနိုင်သလို လွယ်ကူစွာ ဟက်ပြီးတိုက်ခိုက်နိုင်ပါတယ်။လွန်ခဲ့သောနှစ်က Scenario မှာ တိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ ဆိုရင် IOT စနစ်တပ်ဆင်ထားတဲ့ စမတ်တီဗွီ၊ရေခဲသေတ္တာ၊အခြားသော အိမ်သုံးပစ္စည်းများ ၁သိန်းကျော်ကို သန်းပေါင်းများစွာသော အန္တာရယ်ရှိတဲ့ အီးမေးများ ပို့ပြီးတိုက်ခိုက်ခဲ့ပါတယ်။

နည်းပညာရဲ့ အားနည်းချက်ကို လူအချင်းချင်း မုန်းတီးမနာလိုစိတ်ဖြင့် တိုက်ခိုက်သောအခါမှာ ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုတွေ အဖြစ်ပြောင်းလည်း သွားကြပါတယ်။နည်းပညာတွေ တိုးတက်ပြောင်းလဲလာသောကြောင့် စားပွဲတင် ကွန်ပျူတာမှ မိုဘိုင်းဖုန်းနှင့်ဝတ်ဆင်နိုင်သော နည်းပညာ ပစ္စည်း အဖြစ်လည်းကောင်း၊ ယနေ့ ခေတ်တွင် IOT ပစ္စည်းများ အဖြစ်လည်းကောင်း ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ဒါကြောင့် ဆိုက်ဘာပြစ်မှုတွေဟာလည်း ပေါ်ပေါက်လာသမျှ အရာတွေအပေါ် ကျူးလွန်လာကြပါတယ်။
အထက်တွင် ကျွန်တော်တို့  IOT အကြောင်းဆွေးနွေးထားခဲ့သည်မှ ကွန်ပျူတာ ဗိုင်းရပ်စ် တွေဟာ ရေခဲသေတ္တတွေ၊အိမ်တွင်းသုံးပစ္စည်းများမှ တဆင့် ဖြစ်ပေါ်လာပါတယ်။ဒါကြောင့် ဒီလို ခြိမ်းခြောက်မှုတွေကို အလေးထားဂရုပြုသင့်ပါတယ်။ဒါတွေဟာ ဒီဂျစ်တယ် အသုံးဆောင်တွေကို သက်ရောက်မှုဖြစ်စေပါတယ်။ဘယ်လိုသက်ရောက်မှုလည်းဆိုတော့ Ransomewareတွေ၊ Spywareတွေ၊ DDoS တိုက်ခိုက်မှုတွေ အပြင် တခြားသော အရာတွေဖြစ်စေခြင်းပါပဲ။

ဒါကြောင့် scenario လိုမျိုး နက်ခ်ဝက် ချိတ်ဆက်ထားတဲ့ ပစ္စည်းလေးတခုကနေ တိုက်ခိုက်မှုဟာ မကြာခင်မှာ  ကျွန်တော်တို့ ကြုံတွေ့  လာနိုင်ရပါတယ်။ဘာလို့ ပြောနိုင်ရတာလည်း ဆိုတော့  ကျွန်တော်တို့ ဟာ ဒီဂျစ်တယ်ခေတ်ကို အလေးပေးလာကြလို့ ပါပဲ။

ဒါဟာ သံသယ ဖြစ်စရာ လုံးဝမလိုပါဘူး။ဘာကြောင့်လည်းဆိုတော့ IOT ပစ္စည်းတွေဟာ ကျွန်တော်တို့ ရဲ့ ဘ၀တွေမှာ ပါဝင်ပက်သတ်လာပြီး များပြားတိုးတက်လာမှာပဲ ဖြစ်ပါတယ်။ထို့ အတူပဲ ဆိုက်ဘာပြစ်မှုတွေဟာလည်း များများပြားပြား မြင်တွေ့ လာရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ဟာ အားနည်းချက်တွေများပြားတဲ့ ကျွန်တော်တို့  လူနေမှုဘ၀တွေကို မတည်ဆောက်သင့်ပါဘူး။အကယ်၍ ပိုပြီးလုံခြုံ စိတ်ချရအောင်လုပ်ကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။

21.6.2016
သတင်း စီစဉ်တင်ဆက်သူ - D3@D$"i"@R (MEHN Team )
ခေတ်ရှေ့ ပြေးမြို့ ကြီးများ အင်တာနက်ပေါ်မှတဆင့် ဆိုက်ဘာတိုက်ခိုက်ခံရမှု အားနည်းချက် ပိုမိုများပြား ခေတ်ရှေ့ ပြေးမြို့ ကြီးများ အင်တာနက်ပေါ်မှတဆင့် ဆိုက်ဘာတိုက်ခိုက်ခံရမှု အားနည်းချက် ပိုမိုများပြား Reviewed by Mr.Thein on 10:39 AM Rating: 5

No comments:

MEHN Team. Powered by Blogger.