Android အသုံးပြုသူများအတွက် Password ဆိုတာကို မေ့နိုင်ပါပြီ



"Password ဆိုတာ မေ့ခွင့်ရှိတယ်" ဆိုပြီး Right to Forget အတွက် အစဉ်တစိုက် တိုက်ပွဲဝင်လာတဲ့ ဂူးဂဲလ် (Google) ကတော့ သူတို့ဆောင်ပုဒ်အတိုင်း အကောင်အထည်ဖော်လိုက်ပါပြီ။ အကျိုးကျေးဇူးကတော့ Android အသုံးပြုသူတွေအနေနဲ့ "Password" ဆိုတဲ့စကားလုံးကို မေ့ထားလို့ရတဲ့ အခြေအနေမျိုး မကြာခင် ရောက်လာတော့မှာပါ။ ဂူးဂဲလ်က ပြောထားပုံအရတော့ စကားဝှက်တွေကို ဖယ်ရှားမဲ့ Abacus ဆိုတဲ့ ပရောဂျက် (Project) ကို ဘဏ်လုပ်ငန်းအတွက်သုံးတဲ့ App တွေမှာ ပထမဆုံးဗားရှင်းအနေဖြင့် အခုလအတွင်း စမ်းပါလိမ့်မယ်။ နှစ်ကုန်မတိုင်ခင်တော့ ဒီ Tool ကို Developer တွေလက်ထဲ ထည့်ပေးပါ့မယ်ဆိုပြီး ကြေငြာထားပါတယ်။

သမိုင်းပြန်လှန်ရရင်တော့ Password တွေကို အပြီးတိုင်ဖယ်ရှားမည့် ဒီ Abacus ဆိုတဲ့ ပရောဂျက်ဟာ ဂူးဂဲလ်က အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းများအဖွဲ့ (ATAP) ရဲ့ အစီအစဉ်တစ်ခုပါပဲ။ မနှစ်က IO မှာ ထုတ်ပြခဲ့တဲ့ ဒီပရောဂျက်ဟာ Password တွေအစား ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာ ပြနိုင်ရုံနဲ့ အတည်ပြုနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ ဖုန်းရဲ့ Sensor က ဒေတာတွေယူပြီး စစ်တာပါပဲ။

"ကျနော်တို့မှာ ဖုန်းတစ်လုံးရှိပြီးတော့ အဲဒီ့ဖုန်းရဲ့ Sensor တွေနဲ့ ဘယ်သူဆိုတာပြောနိုင်ရင် Password ဆိုတာ မလိုပါဘူး။ လုပ်နိုင်ဖို့ပဲ ကြိုးစားရုံ ရှိတာ" လို့ ATAP အဖွဲ့ရဲ့ ခေါင်းဆောင် Dan Kaufman က IO တုန်းက ပြောသွားပါတယ်။

ဂူးဂဲလ်ဟာ ဘဏ္ဍာရေးအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး Trust ဆိုတဲ့ API ကို ဒီလမှာ စမ်းပါလိမ့်မယ်။ အကယ်လို့ ကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် အဲဒီ့ API ကို ဒီနှစ်အကုန်မှာ Developer တွေအနေနဲ့ သုံးခွင့်ရပါလိမ့်မယ်။ အွန်လိုင်းငွေချေစနစ်မှာ တာထွက်စောထားတဲ့ အက်ပဲလ်ကို ရင်ဘောင်တန်း လိုက်နိုင်မလား၊ ကျော်တက်သွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမဲ့ အနေအထားပါပဲ။

12-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
Android အသုံးပြုသူများအတွက် Password ဆိုတာကို မေ့နိုင်ပါပြီ Android အသုံးပြုသူများအတွက် Password ဆိုတာကို မေ့နိုင်ပါပြီ Reviewed by Myanmar Ethical Hacking News on 10:48 AM Rating: 5

No comments:

MEHN Team. Powered by Blogger.