အလှူအတန်းရက်ရောတဲ့ Hacking Team Hacker
အီတလီအခြေစိုက် Hacking Team အဖွဲ့ကို Hack
ပြခဲ့သော Phineas Fisher ကတော့ အလှူကြီ:ကြီးတစ်ခုလုပ်ဖို့ ကြံစည်နေပါတယ်။ Gamma
Group နဲ့ Hacking Team ကနေ ဒေတာတွေ ဖောက်ချခဲ့ပြီးကတည်းက နာမည်ကြီးနေသည့် အဆိုပါ
Hacker ဟာ မြောက်ပိုင်းဆီးရီးယားဒေသက လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့
Rojava ကို Bitcoin ကတစ်ဆင့် တရားမဝင်ရလာတဲ့ ယူရို (၁၀၀၀၀) လှူလိုက်ပါတယ်။ ဒီသတင်းကို
သူ့ရဲ့ တွစ်တာအကောင့်ဖြစ်တဲ့ @GammaGroupPR မှာ ရေးသားဖော်ပြခဲ့ပါတယ်။
Phineas Phisher (သို့) Hack Back! လို့
နာမည်ခံထားသော Hacker သည် "အခုပမာဏက ပြောပလောက်စရာ မရှိပါဘူး။ ဒီထက်မက လှူသွားနိုင်ဖို့
မျှော်လင့်ပါသေးတယ်" ဆိုပြီး ပြောထားပါသေးတယ်။ တခြားသူတွေကိုလည်း Hacking နည်းနဲ့
Rojava Plan မှာ လှူဖို့ တိုက်တွန်းထားပါသေးတယ်။ သူပြောတဲ့အတိုင်း လုပ်မဲ့သူတွေ ရှိလာရင်တော့
Rojava အဖွဲ့အနေနဲ့ ရန်ပုံငွေတောင့်တင်းသွားပြီး Hacking ဆိုင်ရာလုပ်ငန်းများကို ယခင်ထက်
ပိုမိုလုပ်ကိုင်နိုင်မည့် အခြေအနေမှာ ရှိပါတယ်။
အမေရိကန်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော
ကာ့ဒ်အလုပ်သမားပါတီသည် ISIS တစ်ဖက်နဲ့ အမေရိကန်အစိုးရရဲ့ မိတ်ဖက် တူရကီအစိုးရက တစ်ဖက်နဲ့
အတော်ရုန်းကန်ရတဲ့ အဖွဲ့တစ်ခုပါ။ ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အလှူခံတဲ့စာမျက်နှာတစ်ခု
(https://coopfunding.net/en/campaigns/feed-the-revolution/) ဖန်တီးထားပါတယ်။ အဲဒီ့ကရလာတဲ့
ငွေတွေကို လက်ယာသုံးပစ္စည်းတွေဝယ်ပြီး ဇီဝမြေဩဇာနဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်သွားမှာပါ။
အခုပေးတဲ့ ငွေပမာဏဟာ ပြောပလောက်တယ် မခေါ်ပေမဲ့
Phineas Phisher ရဲ့ ဆန္ဒအတိုင်း Rojava နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ အာရုံစိုက်မှုကို
ခံလိုက်ရတာတော့ အမှန်ပါပဲ။ ဒီရန်ပုံငွေရှာတဲ့စာမျက်နှာဟာ ထရပ်ကား (၂) စီး၊ ဘူဒိုဇာ
(၁) စီးနဲ့ ဂိုဒေါင်ကြီးတစ်လုံးအတွက် ယူရိုတစ်သန်းရဖို့ မျှော်မှန်းထားပါတယ်။
13-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
အလှူအတန်းရက်ရောတဲ့ Hacking Team Hacker
Reviewed by Myanmar Ethical Hacking News
on
9:13 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:13 PM
Rating:

No comments: