Hackers များမှ Websites ပေါင်း ၁၁၀၀ ကျော်အား ဖောက်ထွင်းခဲ့ပြီး ၄၅ မီလီယံခန့်ရှိသော Passwords များကို ရယူခဲ့ခြင်း



အင်တာနက်ပေါ်တွင် ဖွင့်ချခြင်းဆိုင်ရာ ကိစ္စရပ်များကို အများဆုံး ပြုလုပ်နေသည့် LeakedSource (https://www.leakedsource.com/blog/verticalscope) တွင် Hackers များမှ Websites ပေါင်းများစွာကို တိုက်ခိုက်ပြီး အသုံးပြုသူများ၏ Account နှင့် လှို့ဝှက်သင်္ကေတများကို ဖောက်ထွင်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ထို ဖောက်ထွင်းမှူ့တွင် ထင်ရှားကျော်ကြားလှသော Websites များ ၊ မော်တော်ယာဉ် လုပ်ငန်းပိုင်းဆိုင်ရာ Websites များ ၊ သင်ကြားရေးဆိုင်ရာ Websites များနှင့် အခြားသော လူသိများ ထင်ရှားသော Websites ပေါင်းများစွာ ပါဝင်ပါတယ်။

တိုက်ခိုက်မှူ့များကြောင့် ထိခိုက်ဆုံးရှူံးမှူ့များကို စစ်ဆေးလျှက်ရှိသော VerticalScope မှ ဖော်ပြချက်များအရ အင်တာနက်ဆိုက်ရာ လူမှူ့ကွန်ယက်များကို အများဆုံးပြုလုပ်လျှက်ရှိသော Toronto အခြေစိုက် မီဒီယာကုမ္ပဏီသည် ထိခိုက်မှူ့ အများဆုံး ခံခဲ့ရသည်ဟု ဖော်ပြပါရှိပါသည်။ ထို့အပြင် လူသိများ ထင်ရှားသော www.autoguide.com ,   
www.motocycle.com , www.techsupportforum.com စသည့် Websites များသည်လည်း ထိခိုက်မှူ့များစွာ ခံခဲ့ရသည်။ ဖွင့်ချခံခဲ့ရသော အချက်အလက်များထဲတွင် Usernames , Passwords , Email , IP Addresses များ စသည်တို့ ပါဝင်ပါသည်။

LeakSource တွင် ဖော်ပြထားချက်များအရ ဖွင့်ချခံရသော Usernames , Passwords , Email , IP Addresses များ
သည် အသုံးပြုသူတိုင်း၏ အသေးစိတ် အချက်အလက်များ မဟုတ်ကြပါဘူး။ ဖွင့်ချခံရသော အချက်အလက်များမှာ မှားယွင်းမှူ့တွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Email To Motherboard စီမံကိန်း၏ အကြီးအကဲဖြစ်သူ Jerry Orban မှ “ဖြစ်နိုင်ခြေရှိသမျှ တိုက်ခိုက်မှူ့များကို ကျွှန်တော်တို့အနေဖြင့် ကြိုတင်ကာကွယ်ထားပါတယ်။ အချက်အလက်များ လုံခြုံရေးအတွက် စုံစမ်းစစ်ဆေးမှူ့များကို ပြုလုပ်ရန်အတွက်လည်း ဥပဒေစိုးမိုးရေးဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့်လည်း ချိတ်ဆက်ထားရှိပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထပ်မံပြီး “ဖွင့်ချခံရသော Usernames , Passwords , Email , IP Addresses များမှာ ကန့်သတ်ချက်များရှိပါတယ်။ လူတိုင်းရဲ့ အချက်အလက်များကို တိတိကျကျရဖို့ဆိုတာ မလွယ်ကူပါဘူး။ ထို့အပြင် အင်တာနက်ဆိုင်ရာ လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

LeakSource ကနေရှာဖွေတွေ့ရှိမှုအရ Feb 2016 မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထို တိုက်ခိုက်မှူ့ကနေ Hackers များမှ အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။ အဓိက တိုက်ခိုက်ခံခဲ့ရသော ထင်ရှားကျော်ကြားလှသော Websites ၂ ခုမှာ
www.myspace.com , www.linkedin.com တို့ဘဲ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရသော Accounts များ၏ Passwords ၉၀ ရာခိုင်နှုန်းခန့်သည် MD5 ဟုခေါ်သော ၀ှက်စာသွင်းသည့် စံနစ်များကို အသုံးပြုထားကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ MD5 စံနစ်သည် အလွန်ပင် အားနည်းသော ၀ှက်စာသွင်းသည့် စံနစ်ဖြစ်ပြီး Hackers များမှ အလွယ်တကူ ၀ှက်စာပြန်ဖြည်နိုင်ပါတယ်။ အဓိက တရားခံမှာ တိုက်ခိုက်ခံရသော Websites များသည် အသုံးပြုသူများ၏ ၀ှက်စာသွင်းသည့် စံနစ်အား အခြားသော လုံခြုံစိတ်ချရသည့် ၀ှက်စာသွင်းသည့် စံနစ်များကို အသုံးမပြုဘဲ အလွယ်တကူ ကျိုးပေါက်နိုင်သော ၀ှက်စာသွင်းသည့် စံနစ်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

LeakedSource မှ ဖော်ပြထားချက်များအရ Accounts များ၏ ၇၄ ရာခိုင်နှုန်းသော Passwords များ၏ ၀ှက်စာများကို ဖော်နိုင်ခဲ့ပါတယ်။ ဖော်ခဲ့သော Passwords များထဲတွင် 123456 ပေးထားသည့် Passwords သည် အများဆုံးဖြစ်ပြီး password ဟုပေးထားသော Passwords များသည် ဒုတိယနေရာမှ လိုက်လျှက်ရှိသည်။

Passwords များတိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေရန်အတွက် အကောင်းဆုံးကတော့ Websites တစ်ခုနဲ့ တစ်ခှုမှာ တူညီတဲ့ Passwords တွေမထားဘဲနဲ့ ကွဲပြားစွာ ထားသင့်ပါတယ်။

14-7-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Hackers များမှ Websites ပေါင်း ၁၁၀၀ ကျော်အား ဖောက်ထွင်းခဲ့ပြီး ၄၅ မီလီယံခန့်ရှိသော Passwords များကို ရယူခဲ့ခြင်း Hackers များမှ Websites ပေါင်း ၁၁၀၀ ကျော်အား ဖောက်ထွင်းခဲ့ပြီး ၄၅ မီလီယံခန့်ရှိသော Passwords များကို ရယူခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 7:45 PM Rating: 5

No comments:

MEHN Team. Powered by Blogger.