LinkedIn မှာ အသုံးများတဲ့ စကားဝှက်များ
အခုလ
လဆန်းပိုင်းလောက်က LinkedIn အကောင့် (၁၆၇) သန်းရဲ့ အသုံးပြုသူ အချက်အလက်တွေကို Dark
Web မှာ အတွဲလိုက်ရောင်းနေတာ တွေ့ခဲ့ကြပါတယ်။ အကောင့် (၁၁၇) သန်းရဲ့ စကားဝှက်တွေကတော့
Hash နဲ့ပါ။ သုံးထားတာက SHA-1 ဖြစ်လို့ စိတ်ချရလောက်တဲ့ ဝှက်စာသွင်းနည်းဆိုပေမဲ့ ပရိုဆက်ဆာ
(Processor) ကောင်းကောင်းနဲ့ အချိန်လုံလုံလောက်လောက်ရရင် သူလည်း ခံနိုင်တဲ့အမျိုး မဟုတ်ပါဘူး။
LinkedIn ဘက်က စစ်ဆေးကြည့်အပြီးမှာ အကောင့် (၆) သန်းလောက်ဟာ စကားဝှက် မပြောင်းရသေးဘူးလို့
သိရပါတယ်။
LeakedSource
(https://www.leakedsource.com/blog/linkedin#passwords) မှာ အားလုံးသိအောင် ဖွင့်ချထားတဲ့
အချက်အလက်တွေကို စုစည်းပေးထားပါတယ်။ အဲဒီ့ဝက်ဘ်ဆိုက်ကပဲ ဖောက်ချခံရတဲ့ LinkedIn အကောင့်တွေထဲက
အသုံးများတဲ့ စကားဝှက်တွေကို သုံးထားတဲ့ အကြိမ်ရေအလိုက် ဖော်ပြထားပါသေးတယ်။
စကားဝှက်ဆိုတာမျိုးက
ပြန်သုံးတတ်တဲ့သဘော ရှိသလို လူ့သဘောသဘာဝက မကွာတတ်တာမို့ တခြားသူတွေလည်း ဒီလိုစကားဝှက်တွေ
သုံးနိုင်ချေရှိပါတယ်။ ဟက်ကာတွေအနေနဲ့လည်း Password များ၏ စကားဝှက်များကို ဖော်ထုတ်သည့်အခါ
အချိန်အတော်ကြာပေးရမည့် Brute Forcing နည်းထက်စာရင် အချိန်အနည်းငယ်သာပေးရသော Dictionary
Attack ကို ပိုသဘောကျပါတယ်။ အသုံးများတဲ့ စကားလုံးတွေ ရလာရင် သူတို့အတွက် Hash ဖြည်ရတာ
ပိုမြန်စေပါတယ်။ ဆိုတော့ကာ အသုံးများစကားဝှက်တွေက သူတို့အတွက် သည်းခြေကြိုက်ပါပဲ။
ဒီတော့
စာဖတ်သူတွေအနေနဲ့ ကိုယ့်စကားဝှက်တွေ အောက်ကစာရင်းထဲပါနေရင် အမြန်ဆုံးပြောင်းဖို့ လိုပါမယ်။
တကယ်တမ်းတော့ စကားဝှက်မှာ အက္ခရာအကြီးအသေး (a-z, A-Z) အထူးသင်္ကေတ(! @ # $ % ^ &
* ? + - …) တွေနဲ့ ဂဏန်း (0, 1-9) တွေပါတဲ့ ရှစ်လုံးအထက် စကားဝှက်မျိုးက အသင့်တော်ဆုံးပါ။
ဒါ့အပြင် အမျိုးအစားမတူတဲ့ အကောင့်တွေကို စကားဝှက်တူတူ မသုံးသင့်ပါဘူး။ နှစ်ဆင့်စစ်တဲ့
2SV (2 Step Verification) ခံထားရင် ပိုကောင်းပါတယ်။ စကားဝှက်ကို တစ်ပတ်တန်သည် တစ်လတန်သည်ကြာရင်
ပြောင်းဖို့နဲ့ သုံးပြီးသား စကားဝှက်တွေ ပြန်မသုံးဖို့ကတော့ ပြောဖို့လိုမယ် မထင်တော့ပါဘူး။
စကားဝှက်ကောင်းကောင်းသုံးပြီး Brute Force တိုက်တာကို ကျော်လွှားနိုင်ကြပါစေ။
အဆင့် စကားဝှက် အသုံးပြုကြိမ်ရေ
1
123456 753,305
2
linkedin 172,523
3
password 144,458
4
123456789 94,314
5
12345678 63,769
6
111111 57,210
7
1234567 49,652
8
sunshine 39,118
9
qwerty 37,538
10
654321 33,854
11
000000 32,490
12
password1 30,981
13
abc123 30,398
14
charlie 28,049
15 linked 25,334
16
maggie 23,892
17
michael 23,075
18
666666 22,888
19
princess 22,122
20
123123 21,826
21
iloveyou 20,251
22
1234567890 19,575
23
Linkedin1 19,441
24 daniel 19,184
25
bailey 18,805
26
welcome 18,504
27
buster 18,395
28
Passw0rd 18,208
29
baseball 17,858
30
shadow 17,781
31
121212 17,134
31
121212 17,134
32
hannah 17,040
33
monkey 16,958
34
thomas 16,789
35
summer 16,652
36
george 16,620
37
harley 16,275
38
222222 16,165
39
jessica 16,088
40
GINGER 16,040
41
michelle 16,024
42
abcdef 15,938
43
sophie 15,884
44 jordan 15,839
45
freedom 15,793
46
555555 15,664
47
tigger 15,658
48
joshua 15,628
49 pepper 15,610
19-7-2016
သတင်းစီစဉ်
တင်ဆက်သူ - Nub90d (MEHN Team)
LinkedIn မှာ အသုံးများတဲ့ စကားဝှက်များ
Reviewed by Myanmar Ethical Hacking News
on
7:07 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:07 PM
Rating:

No comments: