ဟက်ကာများမှ အမေရိကန် ယာဉ်မောင်း လိုင်စင်များအား Dark Web တွင် ရောင်းချနေခြင်း



အမေရိကန် ယာဉ်မောင်းလိုင်စင် အချက်အလက်များကို Dark Web မှာ NSA (National Security Agency) က ရောင်းချနေပါတယ်။ အဲ့ဒီ NSA ဆိုတာကတော့ အမေရိကန် အစိုးရအဖွဲ့၏ တရားဝင်အဖွဲ့ မဟုတ်ဘဲ Hacker များမှ အမည်ယူသုံးထားတာပါ။ ဟက်ကာများသည် Database  တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ထို Database ထဲတွင် အသုံးပြုသူများ၏ အမေရိကန် ယာဉ်မောင်းလိုင်စင် အချက်အလက်တွေ ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ပမာဏ ၂၉၀,၀၀၀ ခန့်ရှိပြီး လူဝီစီးယားနား ပြည်နယ်ရှိ အစိုးရအဖွဲ့၏ Database တစ်ခုအတွင်းမှ အချက်အလက်များကို ရယူခဲ့ခြင်း ဖြစ်သည်။

ဟက်ကာများမှ ရရှိလာသောအချက်အလက်များကို Dack Web တွင် လွှင့်တင်ခဲ့ပြီး ထိုဈေးကွက်ကို Real Deal and Claim လို့ နာမည်ပေးခဲ့ပါတယ်။ The Real Deal ဈေးကွက်သည် အခြားသော Dark Web အတွင်းရှိ ဈေးကွက်များကဲ့သို့ပင် ငွေပေးချေခြင်းကို Bitcoin ဖြင့် အဆက်အသွယ်လုပ်ကြပြီး အင်တာနက်မှတဆင့် လျို့ဝှက်အမည်များဖြင့် အပေးအယူလုပ်ပါတယ်။ ယာဉ်မောင်းလိုင်စင်တွင် ပါရှိသော အချက်အလက်များတွင် အမည်၊ မွေးသက္ကရာဇ် ၊ လိပ်စာ ၊ စာတိုက်သေတ္တာအမှတ် ၊ ဖုန်းနံပါတ် နှင့် အီးမေလ်း လိပ်စာများ ပါဝင်ပါတယ်။

ဟက်ကာများသည် အချို့သော အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြနိုင်ခြင်းမရှိပါဘူး။ “ယာဉ်မောင်းလိုင်စင်၏ အချက်အလက်များကို လူဝီစီးယားနား ပြည်နယ်ရှိ အဖွဲ့အစည်းပေါင်းစုံထဲမှ ရယူခဲ့ခြင်း ဖြစ်ပါတယ်” လို့ ဟက်ကာများမှ ဖော်ပြထားပါတယ်။

ဟက်ကာများသည် Database အတော်များများကို ဖောက်ထွင်း ၀င်ရောက်ပြီး အချက်အလက်များကို ခိုးယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အင်တာနက်လောက၏ အမှောင်ကမ္ဘာဟု လူသိများသည် Dark Web တွင် ဈေးပေါပေါနှင့် ရောင်းချနေခြင်းဖြစ်သည်။ ထို အချက်အလက်များ ခိုးယူခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး NSA မှ လည်း စုံစမ်းစစ်ဆေးမှူ့များကို  ပြုလုပ်နေပြီဖြစ်သည်။ "Dark Web ထဲမှာ တိုက်ခိုက်သူများကို ရှာဖွေဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ ကြိုးစားပြီး ဖော်ထုတ်သွားမှာပါ" ဟု NSA မှ ထိပ်တန်းအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

အချက်အလက်ပေါက်ကြားမှူ့များသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျှက်ရှိသည်။ လုံခြုံရေးလုပ်ငန်းစဉ်များလည်း ကျယ်ပြန့်ကြီးမားလာသလို တိုက်ခိုက်သည့် နည်းပညာများလည်း ကြီးမား ကျယ်ပြန့်လာပါသည်။ အင်တာနက်အပေါ်တွင် မည်သည့် နေရာမှမျှ လုံခြုံမှူ့မရှိနိုင်ပါ။ ထို့ကြောင့် အင်တာနက်ပေါ်တွင် အချက်အလက်များ ဖြည့်သွင်းမည် ဆိုပါက သေချာစွာ သတိထားဂရုစိုက်ရန် လိုအပ်ပါတယ်။ ထို့အပြင် တိုက်ခိုက်ခံရခြင်းမှ ကင်းဝေအောင် အစဉ်အမြဲသတိထားပြီး အချက်အလက်များကို ထိန်းသိမ်းထားရမည် ဖြစ်ပါတယ်။

20-7-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
ဟက်ကာများမှ အမေရိကန် ယာဉ်မောင်း လိုင်စင်များအား Dark Web တွင် ရောင်းချနေခြင်း ဟက်ကာများမှ အမေရိကန် ယာဉ်မောင်း လိုင်စင်များအား Dark Web တွင် ရောင်းချနေခြင်း Reviewed by Myanmar Ethical Hacking News on 8:50 PM Rating: 5

No comments:

MEHN Team. Powered by Blogger.