Remote Hacking အားနည်းချက် ရှိနေသည့် သန်းပေါင်းများစွာသော Xiaomi Phones များ
သန်းပေါင်းများစွာသော Xiaomi Smartphones များဟာ အနတရာယ်ရှိသော အားနည်းချက်တစ်ခုဖြစ်တဲ့ Remote Code Execution(RCE) ရှိနေပါတယ်။ RCE ဆိုတာကတော့ ဟက်ကာများမှ မိမိဖုန်းကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိသော အားနည်းချက်တစ်မျိုးလည်း ဖြစ်ပါတယ်။
ဒီအားနည်းချက်ကိုတော့ IBM X-Force မှ သုတေသနပညာရှင် David Kaplan မှ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုအားနည်းချက်မှတဆင့် ဟက်ကာများဟာ ဖုန်းနဲ့ နက်ဝက်ခ်ချိတ်ဆက်မှုရရှိသွားပါက Malware များအား remotely install လုပ်ဆောင်နိုင်ခြင်း၊ ဖုန်းစနစ်တစ်ခုလုံးအား ထိန်းချုပ်သွားနိုင်ခြင်းများအား လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
သုတေသနပညာရှင်များကတော့ ဒီအားနည်းချက်ဟာ ဟက်ကာများကို Android privileged user ဖြစ်တဲ့ System User တစ်ယောက်အဖြစ် Man in the Middle attack ကို သုံးပြီး Code များကို execute လုပ်ဆောင်နိုင်ကြောင်း ပြောကြားထားပါတယ်။ Xiaomi phone ရဲ့ MIUI distributions မှာ ပါပြီးသား packet လေးခုလောက်မှာ ထိုအားနည်းချက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထိုလေးခုတွင် အသင့်ပါပြီးသားဖြစ်သော Default Browser application လည်း တစ်ခုအပါ အ၀င်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်သည့် Xiaomi ဟာ ပြီးခဲ့သည့် တစ်နှစ်အတွင်းပင် မီလီယံပေါင်း ၇၀ လောက် ထုတ်လုပ်တင်ပို့ခဲ့ပြီး ဖြစ်သည့်အပြင် ၄င်းတို့ ထုတ်လုပ်သော custom ROM ကို အသုံးပြုသော Nexus, Samsung, HTC ကဲ့သို့သော အခြားအမျိုးစားပေါင်း ၃၄၀ လောက်ရှိသော ဟန်းဆက်များစွာ ရှိနေပါသေးတယ်။ ထို့ကြောင့် အားနည်းချက်ရှိနေသည့် ဖုန်းပေါင်းမည်မျှရှိနိုင်ကြောင်း ခန့်မှန်းနိုင်ကြမယ် ထင်ပါတယ်။
ထို့ကြောင့် မိမိတို့ Xiaomi Device များအား အားနည်းချက်မှ ကင်းဝေးစေရန် ကုမဏီမှ တရားဝင် ပြန်ပြင်ပြီးဖြစ်သော Firmware version 7.2 အား အမြန်ဆုံး upgrade လုပ်ရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ။
သတင်းတင်ဆက်သူ
ကိုသိန်း( MEHN Team )
Remote Hacking အားနည်းချက် ရှိနေသည့် သန်းပေါင်းများစွာသော Xiaomi Phones များ
Reviewed by Mr.Thein
on
10:13 AM
Rating:
Reviewed by Mr.Thein
on
10:13 AM
Rating:

No comments: