Android ဖုန်း ၉၀၀ မီလီယံ ကျော်၏ အားနည်းချက်များ



Android ဖုန်းများ၏ အားနည်းချက်ကို Qualcomm Chipsets အသုံးပြုထားသော ဖုန်းများတွင် ရှာဖွေတွေ့ရှိခဲ့ပြီး Android Smartphone တွေနဲ့ Tablet ၉၀၀ မီလီယံ ကျော်သည် တိုက်ခိုက်ခံနေရသည့် အခြေအနေတွင် ရှိနေပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ Quardrooter အမည်ရသော လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာရှင်များသည် Android Mashmallow နှင့် Qualcomm Chipsets အသုံးပြုထားသော Android ဖုန်းများတွင် အားနည်းချက် ၄ ချက် ရှိနေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

ထို အားနည်းချက် ၄ ချက်မှာ -

1. CVE-2016-2503 ကို Qualcomm GPU driver တွင် တွေ့ရှိခဲ့ပြီး Google Android Security Bulletin မှ ဇူလိုင်လ ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါတယ်။
2. CVE-2016-2504 ကို Qualcomm GPU driver တွင် တွေ့ရှိခဲ့ပြီး Google Android ထိန်းချုပ်ရေးက သြဂုတ်လ ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါတယ်။
3. CVE-2016-2059 ကို Qualcomm Kemel Module တွင် တွေ့ရှိခဲ့ပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။ သို့သော် ပြင်ဆင်နိုင်ထားပြီးဖြစ်သော Android ဖုန်းများ၏ အရေအတွက်ကို မသိရှိရသေးပေ။
4. CVE-2016-5340 ကို Qualcomm GPU Driver တွင် တွေ့ရှိခဲ့ပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။ သို့သော် ပြင်ဆင်နိုင်ထားပြီးဖြစ်သော Android ဖုန်းများ၏ အရေအတွက်ကို မသိရှိရသေးပေ။

Qualcomm ကတော့ ကမ္ဘာမှာ Designer LTE (Long Term Evolution) ကို ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး LTE Modern ဈေးကွက်မှာ 65% ပါဝင်ပါတယ်။ အကယ်၍ တိုက်ခိုက်သူများသည် မည်သည့် အားနည်းချက် တစ်ခုကို တိုက်ခိုက်သည်ဖြစ်စေ Android System တစ်ခုလုံးကို ထိန်းချူပ်နိုင်သွားမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သူများသည် ထိုအားနည်းချက်များကို ထိုးဖောက်ပေးနိုင်သော Malware ပေါင်း မြောက်များစွာကိုလည်း ရေးသားထားပြီးဖြစ်ပါတယ်။ သားကောင်သည် တိုက်ခိုက်သူများ ဖန်တီးထားသော Malwares များကို Installation ပြုလုပ်မိသည်နှင့် တပြိုင်နက် ထိန်းချူပ်ခံရမှာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရနိုင်သော Android ဖုန်း များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

·         Samsung Galaxy S7 and Samsung S7 Edge
·         Sony Xperia Z Ultra
·         OnePlus One, OnePlus 2 and OnePlus 3
·         Google Nexus 5X, Nexus 6 and Nexus 6P
·         Blackphone 1 and Blackphone 2
·         HTC One, HTC M9 and HTC 10
·         LG G4, LG G5, and LG V10
·         New Moto X by Motorola
·         BlackBerry Priv

သင့်ဖုန်းရဲ့အားနည်းချက်ကိုဘယ်လိုစစ်ဆေးရင်ရမလဲ?

Android ဖုန်းများ၏ အားနည်းချက်များကို စစ်ဆေးနိုင်ရန်အတွက် Quadrooter မှ ထုတ်သော App ကို Installation ပြုလုပ်ထားရပါမယ်။


လစဉ်ထုတ် Security Patch များကို မမြဲ ကြည့်ရူ့နေပြီး ပြင်ဆင်ပေးထားရပါတယ်။

အမြဲ မပြတ် Android Version များကို မြှင့်တင်ထားရမည် ဖြစ်သည်။


23-8-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Android ဖုန်း ၉၀၀ မီလီယံ ကျော်၏ အားနည်းချက်များ Android ဖုန်း ၉၀၀ မီလီယံ ကျော်၏ အားနည်းချက်များ Reviewed by Myanmar Ethical Hacking News on 7:39 PM Rating: 5

No comments:

MEHN Team. Powered by Blogger.