Facebook ကိုဝင်ရောက်သိမ်းပိုက်သွားနိုင်သော Google Chrome ရဲ့ Extension
Google Chrome ရဲ့ extension မှ တစ်ဆင့် Facebook အကောင့်ကိုဝင်ရောက်သိမ်းနိုင်တယ်ဆိုတာကို ၁၉ နှစ်အရွယ်Danish ကျောင်းသားလေး Maxine Kjaer ကတွေ့ရှိခဲ့တာပါ။ Google မှ ထို extensionကို ဖယ်ရှားခံရပြီးတဲ့နောက်တွေ့ ရှိသွားတာပါ။ ဒီextensionက facebook post တွေကိုဖြန့်ဝေနိုင်အောင်လုပ်ဆောင်ထားတဲ့ extension တစ်ခုပါ။ Facebook အသုံးပြုသူတစ်ဦးက Chromeမှ ပေးတဲ့ link ကိုနှိပ်မိမယ်ဆိုလျှင် Chrome ပါဝင်တဲ့နည်းတွေနဲ့အတူ များပြားတဲ့လုပ်ဆောင်မှုတွေကသင့်Facebook အကောင့်ကိုhack ဖို့စနစ်လုပ်ဆောင်နေပါပြီ။
Google Chrome web store ကနေရရှိတဲextension တွေထဲမှာ Viral age နဲ့ Verify ဆိုတဲ့အကြောင်းအရာတွေနဲ့အတူuser ကိုတရားဝင်ဖြစ်အောင်လုပ်ဆောင်ပေးမယ်ဆိုတာလည်းပါဝင်နေတဲ့ အတွက် တရားဝင်extension ကဲ့သို့ လုပ်ဆောင်နေပါတယ် ။ သုတေသနပညာရှင်များတွေ့ရှိခဲ့တာကတော့ အားနည်းချက်ရှိတဲ့ extension ကို အသုံးပြုတဲ့ IP addresses မှတ်သားပြီး Digital Oceanမှာ တင်ထားတဲ့ C&C server ကနေ လှမ်းထိန်းချုပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
Kjaer ရဲ့ဒီနည်းပညာပေါ်ရှင်းပြထားတာကတော့
ဒီနည်းပညာအသစ်မှာဆိုရင်ကိုယ်မမျော်လင့်တဲ့အရာတွေပေါ်လာတတ်ပြီးအသုံးပြုသူရဲ့ Data တွေကိုပြောင်းလဲဖို့တိုက်တွန်းပါလိမ့်မယ်။ ဒီနည်းပညာမှာ file 3ခုပါဝင်ပြီး အဲ့ထဲမှာအသုံးပြုသူBrowser ကထွက်သည့်တိုင်အောင် သူ့အချက်အလက်တွေမပျက်ဆီးဘဲရှိနေအုံးမှာပါ။
၁၈ ချက်ထက်မနည်းတဲ့ပြည့်စုံတဲ့အချက်အလက်တွေထဲမှာ User က မွေးနေ့ကဲ့သို့သော လိုအပ်ချက်တွေကိုတောင်းဆိုသည့်အတိုင်းထည့်ပေးပြီး Loading လုပ်နေစဉ်အချိန်နဲ့Done ဆိုပြီးပြီးဆုံးသွားတာနဲ့ အချက်အလက်များဟာ C & C server ကို ရောက်ရှိသွားနိုင်ပါတယ်။
Kjaer ပြောဆိုခြင်းမှသိရှိရပါတယ်။
C&C server ကနေ Browser ကိုဝင်ရောက်ထိန်းချုပ်ခြင်း
အခြေခံအားဖြင့် script တွေကို dowload လုပ်ခဲ့မယ်ဆိုရင် C&C server ကနေcontrol လုပ်ထိန်းချုပ်နိုင်မှာပါ။ တွက်ချက်မှုတွေအရ Chrome နည်းအသစ်ကိုကွန်ပြူတာမှာInstall လုပ်ခဲ့သူ 132,265 အထိတိုက်ခိုက်မှုတွေခံနေရပါတယ်။ Maxine Kjaer ဟာ ဒီ extension ကို Chrome web store မှ ဖယ်ရှားဖို့ပြောကြားခဲ့သလို Blacklist လုပ်ဖို့ပါပြောကြားခဲ့ပါတယ်။ ဒီနည်းလမ်းကြောင့် ထို extension ကို အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားမှာလည်း ဖြစ်ပါတယ်။
စာရှုသူတို့အနေနှင့်လည်း Google Chrome extension များကို သတိထားပြီး အသုံးပြုကြပါလို့ အကြံပြုပါတယ်။
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Facebook ကိုဝင်ရောက်သိမ်းပိုက်သွားနိုင်သော Google Chrome ရဲ့ Extension
Reviewed by Mr.Thein
on
11:15 AM
Rating:
No comments: