Microsoft Office ကို ယှဉ်ပြိုင်မည့် LibreOffice



ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်မှ စတင်ပြီး အီတလီ စစ်ဘက်ဆိုင်ရာ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အီတလီအခြေစိုက် အမြတ်အစွန်းအတွက် မရည်ရွယ်သော Non-Profit ကုမ္ပဏီ တစ်ခုဖြစ်သော LibreItalia နှင့် သဘောတူညီမှူ့များ ပြုလုပ်ခဲ့သည်။ ထို ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ လူမှူ့ရေးလုပ်ငန်းများ ၊ အစိုးရဘက်ဆိုင်ရာလုပ်ငန်းများ ၊ ပညာရေးဆိုင်ရာလုပ်ငန်းများ နှင့် ပြည်သူလူထုအကျိုးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုစေရန် အတွက် ဖြစ်သည်။

အီတလီ စစ်ဘက်ဆိုင်ရာ သတင်းတစ်ခုတွင် Open Source များကို အသုံးပြုခြင်းဖြင့် ယူရို 29 မီလီယံ ခန့် လျှော့ချနိုင်ဖွယ် ရှိကြောင်း ဆိုထားပါသည်။ ထို လျှော့ချနိုင်သည့် ငွေပမာဏသည် လာမည့်ဘဏ္ဍာရေး အခန်းကဏ္ဍတွင် များစွာ အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့လည်း ရေးသားထားပါသည်။

အီတလီစစ်ဘက်ဆိုင်ရာ ရုံးများတွင် Microsoft Office များကို အသုံးပြုနေရာမှ အစားထိုး အနေဖြင့် Open Source LibreOffice ကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ယခု ၀ယ်ယူထားသော Microsoft Office ၏ လိုင်စင်သက်တမ်း ကုန်ဆုံးသည့်အခါ LibreOffice ကို စတင် အသုံးပြုရန်အတွက် အီတလီ စစ်ဘက်ဆိုင်ရာ ဌာနများတွင် အကြောင်းကြားထားပြီးဖြစ်သည်။ 2017 ခုနှစ်တွင် အသုံးပြုသည့် အရေအတွက်ပေါင်း 75000 ခန့် ရှိမည်ဟုခန့်မှန်းထားပြီး ထိုအရေအတွက်မှာ အသုံးပြုသူအားလုံး၏ 70 ရာခိုင်နှုန်းရှိကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိပါတယ်။ 2020 ခုနှစ်မှာ နောက်ထပ် 25000 ခန့် ထပ်မံအသုံးပြုမှာ ဖြစ်ပါတယ်။

ယခုဆိုရင် Microsoft Office နှင့် ပြုလုပ်ထားသော စာရွက်စာတမ်းများကို LibreOffice ဖြင့် ပြန်လည် ပြုလုပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိနေပါတယ်။ အရေအတွက် 5000 နီးပါးခန့် LibreOffice ၏ ထောက်ပံ့ပေးခြင်းဆိုင်ရာ Workstations များကိုလည်း တပ်ဆင်ပြီး ဖြစ်ပါတယ်။ LibreItalia မှ LibreOffice ကို ဌာနဆိုင်ရာ ၀န်ထမ်းများ ကျွှမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်ခန်းစာများကို ၊ ဗွီဒီယိုဖြင့် သရုပ်ပြသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးထားပါတယ်။

အီတလီတပ်မတော်မှ ဗိုလ်ချူပ်တစ်ဦးဖြစ်သူ Camillo Sileo မှ “ဒီ ပရောဂျက်က ကျွှန်တော်တို့ စစ်ဘက်ဆိုင်ရာ ရုံးလုပ်ငန်းများအတွက် အများကြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ အခုလည်း ရုံးဌာနအသီးသီးရှိ ၀န်ထမ်းများကို LibreOffice နှင့် ပတ်သက်ပြီး ကျွှမ်းကျင်စွာ အသုံးပြုတတ်စေရန် ဆရာများနှင့် အတူ သင်ကြားစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အီတလီနိုင်ငံမှ ရုံးလုပ်ငန်းသုံး Microsoft Office ကိုသာ အစားထိုးသုံးစွဲသည်မဟုတ်လည်း များမကြာခင်မှာ Microsoft Windows OS များကို အစားထိုးနိုင်မည့် Zorin OS ဟုခေါ်သော Linux Distro ကိုပါ အစားထိုးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်။ အကယ်၍သာ LibreOffice သည် ကမ္ဘာကိုသာ ဖြန့်ကျက်နိုင်မည် ဆိုပါက Microsoft Office ကို အလဲထိုးနိုင်မည့် အခြေအနေမှာ ရှိနေပါသည်။ ထိုကြောင့် မည်သူကသာမည်လဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


2-8-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Microsoft Office ကို ယှဉ်ပြိုင်မည့် LibreOffice Microsoft Office ကို ယှဉ်ပြိုင်မည့် LibreOffice Reviewed by Myanmar Ethical Hacking News on 7:30 PM Rating: 5

No comments:

MEHN Team. Powered by Blogger.