Microsoft မှ မပြင်သေးသော အားနည်းချက်တစ်ခု


Microsioft မှ window ရဲ့ အားနည်းချက်တွေ မပြင်ဆင်မှုဟာ ဟက်ကာတွေအား ကျွန်တော်တို့် ရဲ့ username တွေ Password တွေ ခိုးယူနိုင်စေရန် ခွင့်ပြုမိနေသလို ဖြစ်နေပါတယ်။

ဒီအားနည်းချက်ဟာဆိုရင် အန္တှာရယ်ရှိတဲ့ ၀က်ဆိုဒ်တွေကို Microsoft အကောင့်နဲ့  ၀င်မိလိုက်တာနဲ့  အသုံးပြုသူရဲ့ password တွေကို ရယူဖို့  ခွင့်ပြုစေခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ အားနည်းချက်ဟာဆိုရင်ဖြင့် တိုက်ခိုက်သူတွေကို အသုံးပြုသူ တစ်ဦးချင်းစီရဲ့ usernameနဲ့  password တွေကို ခိုးယူုနိုင်စေမှာပဲ ဖြစ်ပါတယ်။

ဒါဟာ အလွန်ရိုးရှင်းပါတယ်။အသုံးပြုသူဟာ အန္တာရယ်ရှိတဲ့ ၀က်ခ်ဆိုက်ကို ၀င်ရောက်ကြည့် ရှုလိုက်ရုံပဲ ဖြစ်ပါတယ်။ ယခုအသစ်ထွက်ရှိလာတဲ့ အားနည်းချက်ဟာဆိုရင် User များရဲ့ မည်သူမည်ဝါဖြစ်တယ်ဆိုတာကအစ လွယ်ကူစွာ ခိုးယူနိုင်ပါတယ်။ ဒီအားနည်းချက်ဟာဆိုရင် အသက်၂၀သာ ရှိသေးတဲ့ Aaron Spangler မှ ၁၉၉၇ က တွေ့ ရှိထားတဲ့ လူသိများတဲ့ အချက်ပဲ ဖြစ်ပါတယ်။ဒီအားနည်းချက်ကို Las Vegas မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် Black Hat ရဲ့ နှစ်ပတ်လည် လုံခြုံ ရေးနဲ့ ဆိုင်တဲ့ ဟက်ကာများ အစည်းအဝေးမှာ ထပ်မံ သုတေသနပြုခဲ့ရတဲ့အချက်ပဲ ဖြစ်ပါတယ်။ 

ဒီအားနည်းချက်ဟာ window8 မှာ user တွေ microsoft account ဖြင့် login ၀င်လို့ မရခင် အထိ အရေးကြီးတဲ့ အချက်အဖြစ် မသတ်မှတ်ကြခဲ့ပါဘူး။ ဒီ microsoft account တွေဟာဆိုရင် Xbox,Hotmail, Outlook, Skype accounts နဲ့  တခြားသော အရာတွေကို ချိတ်ဆက်ထားမိခဲ့ ကြပါတယ်။ ဒီအားနည်းချက်မှ တဆင့်တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ဒီအချက်ဟာဆိုရင် တိုက်ခိုက်သူတွေကို Microsoft account အား အပြည့်အ၀ ထိန်းချုပ်သွားစေနိုင်သည်အထိ အခွင့်အရေး ရရှိစေပါတယ်။

10.8.20116
သတင်း စီစဉ်တင်ဆက်သူ - D3@D$"i"@R (MEHN Team )
Microsoft မှ မပြင်သေးသော အားနည်းချက်တစ်ခု Microsoft မှ မပြင်သေးသော အားနည်းချက်တစ်ခု Reviewed by Mr.Thein on 10:17 AM Rating: 5

No comments:

MEHN Team. Powered by Blogger.