Drupal Web Application အား တိုက်ခိုက်နိုင်သော အားနည်းချက် ၃ ခု
Web Applications ပေါင်း မြောက်များစွာရှိပါတယ်။
Website ဖန်တီးသူများအတွက် အလွယ်တကူ အသုံးပြုနိုင်ရန် Web Developers များမှ ဖန်တီးပေးထားခြင်းဖြစ်သည်။
Web Applications များကို တနည်းအားဖြင့် CMS (Content Management System) ဟုလည်း ခေါ်ပါတယ်။
CMS လို့ခေါ်ဆိုရခြင်းမှာ Applications များကို အသုံးပြုပြီး အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေသော
Interfaces များဖန်တီးနိုင်ခြင်း ၊ တစ်ကြိမ်တည်း တစ်ပြိုင်တည်းတွင် အသုံးပြုသူအများအပြား
အသုံးပြုနိုင်အောင် ဖန်တီးနိုင်ခြင်း ၊ အနေအထား
အသွင်အပြင် စသည်တို့ကို လိုသလို ပြုပြင်နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကြောင့်
CMS ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
CMS ပေါင်း များစွာရှိပါတယ်။ Joomla ,
Drupal , WordPress , TYP03 , WebAsyst , Modx , Magento , ABO.CMS စသည်တို့အပြင် အခြားသော
မြောက်များလှစွာသော CMS အမျိုးကွဲပေါင်းများစွာရှိပါသည်။ CMS အမျိုးအစားလိုက် အသုံးပြုထားသော
Web Programming Languages များလည်း မတူညီကြပါဘူး။ ပါဝင်သော Modules များ Security
Systems များစတာတွေလည်းမတူကြသလို အားနည်းချက် အားသာချက်များလည်း ရှိကြပါတယ်။ CMS များ
အားလုံးတွင် အားနည်းချက် အားသာချက်များ ရှိသော်လည်း အဓိကမှာ အသုံးပြုသည့် Web
Master အပေါ်တွင် မူတည်သည် Web Master ၏ ကျွှမ်းကျင်မှူ့အလိုက် လုံခြုံရေးဆိုသည့် ကိစ္စရပ်များသည်
အပြောင်းအလဲဖြစ်နေမည် ဖြစ်သည်။ ကျွှမ်းကျင်သော Web Master များသည် Websites များနှင့်
ပတ်သက်သော လုံခြုံရေးသတိ အမြဲရှိနေကြပြီး Web System မျာကို အမြဲတစ်စေ စစ်ဆေးကြည့်ရူ့ကာ
အကာကကွယ်များ ပြုလုပ်ထားမည် ဖြစ်သည်။
CMS ပေါင်းများစွာထဲမှ Drupal သည် လူသိများ
ထင်ရှားကျော်ကြားလှသော Web Application တစ်ခုဖြစ်သည်။ Drupal ကို သန်းပေါင်းများစွာသော
Web Developers များ ယနေ့အချိန်တွင် အသုံးပြုနေကြပြီဖြစ်သည်။ မကြာသေးမှီကာလများက နည်းပညာရှင်များ
တင်သွင်းခဲ့သော စာတမ်းတစ်စောင်တွင် Drupal Module တစ်ခုတွင် Remote Code Execution
(RCE) ဟုခေါ်သော အားနည်းချက် ယိုပေါက်တစ်ခုရှိနေကြောင်း ရေးသားဖော်ပြခဲ့သည်။ ထိုအားနည်းချက်
ယိုပေါက်ကြောင့် သန်းပေါင်းများစွာသော Websites များ အန္တရာယ်ဖြစ်နိုင်ကြောင်းကိုလည်း
ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။
RESTful Web Service
RESTful Web Service သည် Web Developer
များထံသို့ အချက်အလက်များ ပြန်လည်ပေးပို့သည့် လုပ်ငန်းစဉ် ဖြစ်သည်။ တိုက်ခိုက်သူများသည်
ထို ၀န်ဆောင်မှူ့မှတဆင့် အချက်အလက်များကို ဖမ်းယူနိုင်ပါသည်။ RESTful Web Service အားနည်းချက်
ယိုပေါက် ဖြစ်နေသော Drupal Version တွေကတော့ 7.x-2.x prior မှ 7.x-2.6 အထိ နှင့်
7.x-1.x prior မှ 7.x-1.7 အထိ ဖြစ်သည်။
Coder
Coder သည် Code များကို ခွဲခြမ်းစိတ်ဖြာ
စစ်ဆေးပေးနိုင်သော လုပ်ငန်းစဉ် ဖြစ်သည်။ အားနည်းချက်မှာ Coder သည် အသုံးပြုသူသည် ခွင့်ပြုချက်ရရှိထားသူလား
ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်အသုံးပြုနေသူလားဆိုသည့်အချက်ကို မခွဲခြားနိုင်ခြင်းပင်
ဖြစ်သည်။ တိုက်ခိုက်သူများသည် PHP Script ဖြင့် Coder အတွင်း ခွင့်ပြုချက်မရှိသော အကောင့်များကို
ထည့်သွင်းပြီး ထိုးဖောက်သွားနိုင်ပါသည်။ Coder အားနည်းချက် ယိုပေါက် ဖြစ်နေသော
Drupal Version တွေကတော့ 7.x-1.x prior မှ 7.x-1.3 အထိ နှင့် 7.x-2.x prior မှ
7.x-2.6 အထိ ဖြစ်သည်။
Webform Multiple File Upload
Webform Multiple File Upload သည် Websites သို့လာရောက်ကြသော အသုံးပြုသူများပေးပို့သည့်
Files များကို စုဆောင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အားနည်းချက်မှာ အသုံးပြုသူများ ပေးပို့သည့်
Forms များထဲတွင် တိုက်ခိုက်သူများမှ Remote Code Execution ဟုခေါ်သော တိုက်ခိုက်နည်းဖြင့်
PHP Scripts များ အတွင်း Malicious Codes များထည့်သွင်းပြီး ဖောက်ထွင်းသွားနိုင်ပါသည်။
Webform Multiple File Upload အားနည်းချက် ယိုပေါက် ဖြစ်နေသော Drupal Version တွေကတော့
7.x-1.x မှ 7.x-1.3 အထိ ဖြစ်သည်။
Web Security နည်းပညာရှင်များမှ Drupal
၏ နောက်ဆုံးထွက် Version များကို အသုံးပြုကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ စာချစ်သူတို့လည်း
Drupal ကို အသုံးပြုနေတယ်ဆိုရင်တော့ နောက်ဆုံးထွက် Version ကို မြှင့်ထားဖို့ မမေ့ကြနဲ့ဦးနော်.....
11-8-2016
ကိုရီချင်
Drupal Web Application အား တိုက်ခိုက်နိုင်သော အားနည်းချက် ၃ ခု
Reviewed by Myanmar Ethical Hacking News
on
7:46 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:46 PM
Rating:

No comments: