Anonymous ဟက်ကာအဖွဲ့ မှ Istanbul လေဆိပ်တိုက်ခိုက်မှုအတွက် ISIS တို့ အား တူရကီလေဆိပ်ကို တိုက်ခိုက်ပြီး လက်စားချေလိုက်ခြင်း
၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ Istanbul လေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုကို လူတိုင်းနီးပါးသိရှိကြမှာပါ။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှု နှင့် အသေခံ ဗုံးခွဲမှုမှာ လူပေါင်း ၂၃၀ ခန့် ဟာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၄၄ ယောက်ဟာ သေဆုံးခဲ့ရပါတယ်။ဒီအတွက် ကျွန်တော်တို့ ဟာ ပြန်လည် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့  လွပ်လပ်မှုဟာ တိုက်ခိုက်မှုနဲ့  တခါပြန်လာပါပြီ။ကျွန်တော်တို့ ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တစ်ကမ္ဘာ လုံးမှာ ရှိနေသ၍ အနားယူမှာ မဟုတ်ပါဘူး။ကျွန်တော်တို့  သူတို့ ကို ပြန်လည် တိုက်ခိုက်နေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ သူတို့ ဝက်ဆိုက်ဒ်တွေကို ဟက်မယ်၊သူတို့ တွစ်တာအကောင့်တွေကို ပိတ်ပစ်မယ်၊ကျွန်တော်တို့  စွမ်းဆောင်နိုင်သလောက်နဲ့  ISIS တွေကို ဖြိုခွဲ သွားမှာပါ။အစ်စလာမ်မစ် ပြည်နယ် အတွက် ဥရောပ မှ မူဆလင်များကို လူမှုကွန်ယက်ကနေ တပ်သားသစ် စုဆောင်းနိုင်မှာ မဟုတ်တော့ပါဘူး။ဒါကြောင့် ကျွန်တော်တို့ ဟာ အတူတကွ ရပ်တည်ပြီး တွန်းလှန်ကြဖို့  အလိုရှိပါတယ်။
Istanbul စစ်ဆင်ရေးဟာဆိုရင် Daesh's internet ၀န်ဆောင်မှုကို သေးငယ်သွားစေပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေမှာပါ။OP ISIS လို့ လည်း လူသိများကြပါတယ်။
အစောပိုင်း အချိန်တုန်းကတည်းက Anonymous ဟက်ကာအဖွဲ့ ဟာ ပဲရစ်တိုက်ခိုက်ခံရမှု အတွက် ISISကို စစ်ကြေငြာပြီးတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ထိုစစ်ဆင်ရေးအတွက် ISIS ထောက်ပံ့သူ ၁၀၀၀ကျော်ရဲ့ တွစ်တာ အကောင့်တွေကို ဖော်ပြခဲ့ပါတယ်။
7-9-2016
သတင်းစီစဉ်တင်ဆက်သူ :: D3@D$"i"@R (MEHN Team )
Anonymous ဟက်ကာအဖွဲ့ မှ Istanbul လေဆိပ်တိုက်ခိုက်မှုအတွက် ISIS တို့ အား တူရကီလေဆိပ်ကို တိုက်ခိုက်ပြီး လက်စားချေလိုက်ခြင်း
Reviewed by Mr.Thein
on
9:49 AM
Rating:
Reviewed by Mr.Thein
on
9:49 AM
Rating:

ဘယ်လို ပြန်တိုက်ခိုက်လဲဆိုတာကိုရော မရေးတေ့ဘူးလား
ReplyDelete