Google မှ အကူအညီများဖြင့် အချက်အလက်တွေကို ပိုမို ရှာဖွေနိုင်မည့် Search Engine အသစ်



အင်တာနက်ဆိုသော အရာနှင့် ချိတ်ဆက်ရန်အတွက် Modems နှင့် Routers ဆိုသည်မှာ ကြားခံ မရှိမဖြစ် အသုံးပြုရသော ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် Modems နှင့် Routers များ၏ လုံခြုံရေးများကို အထူးဂရုစိုက်ရမည် ဖြစ်သည်။ တိုက်ခိုက်သူများသည် အမြဲမပြတ် စောင့်ကြည့်နေနိုင်ပြီး တိုက်ခိုင်နိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

SEC ကုမ္ပဏီမှ နည်းပညာအကြံပေး ဖြစ်သူ သြစတြေးလျလူမျိး တစ်ယောက်သည် ကမ္ဘာပေါ်တွင် သုံး မီလီယံမျှ ပမာဏရှိသော Modems နှင့် Routers များသည် အားနည်းချက်ရှိနေပြီး တိုက်ခိုက်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Modems နှင့် Routers များ၏ အားနည်းချက်များကို Censys ( https://censys.io/ ) ဆိုသော Search Engine မှတဆင့် ရှာဖွေတွေ့ရှိ ခဲ့တာဘဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး Search Engine တစ်ခုဖြစ်သော Google မှ Censys Search Engine အား ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ Censys Search Engine ကို အခမဲ့ နှင့် Open Source အနေဖြင့် အသုံးပြုနိုင်အာင် ဖန်တီးထားပါတယ်။ “အခု ကျွှန်တော်တို့ တည်ဆောက်နေသော Database System သည် ကမ္ဘာတ၀ှမ်းလုံးတွင်ရှိသော အင်တာနက်အပေါ်မှ ရှိရှိသမျှ အချက်အလက်အားလုံးကို ရှာဖွေနိုင်စေရန်အတွက် ကြိုးစား တည်ဆောက်နေတာ ဖြစ်ပါတယ်” လို့ မိချိကန် တက္ကသိုလ်မှ နည်းပညာရှင် Zakir Durumeric မှ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Zakir Durumeric သည် Censys Search Engine ဖန်တီးသည့်အဖွဲ့တွင် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

Censys Search Engine အလုပ်လုပ်ပုံ

Censys Search Engine သည် Censys Search Engine Zmap နှင့် ချိတ်ဆက်ထားပြီး လုပ်ဆောင်ပါသည်။ Zmap သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ IP Address ပေါင်း လေး ဘီလီမျှ ပမာဏကို နေ့စဉ် Scanning လုပ်ဆောင်ပြီး အချက်အလက်များကို စုဆောင်းပါသည်။ ထို့နောက် ရရှိလာသော အချက်အလက်များကို Search Engine တွင် အလွယ်တကူ ရှာဖွေနိုင်စေရန် Censys Search Engine နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။

Censys Search Engine ကို အသုံးပြုပြီး လုံခြုံရေးနည်းပညာများကို လေ့လာနေသော ပညာရှင်းများအနေဖြင့် သာမန်ထက်ပိုသော ရှာဖွေမှူ့များကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Websites များ၏ IP Address , OS Type , Network Type , Routing Type , Protocols Types , HTTP Request Type စသည်တို့ကိုပါ တစ်ပါတည်း ဖော်ပြမည် ဖြစ်သည်။

Censys Search Engine Website တွင် “ကျွှန်တော်တို့ အနေဖြင့် Google ကို အထူးပင် ကျေးဇူးတင်မိပါတယ် Google ရဲ့ အကူအညီများဖြင့် Censys Search Engine ကို တည်ဆောင်ခဲ့တာ ဖြစ်ပါတယ်လို့” ကျေးဇူးတင် သ၀ဏ်လွှာကို ရေးသားထားပါတယ်။

Censys Search Engine ၏ အဓိကပြိုင်ဘက်ကတော့ Hacker Search Engine ဟု လူသိများသည့် Shodan Search Engine ဘဲဖြစ်ပါတယ်။ Censys Search Engine သည် Shodan Search Engine နှင့် အလားသဏ္ဍန်တူပါသည်။ Censys Search Engine ကို အသုံးပြုခြင်းအားဖြင့် အင်တာနက်အပေါ်တွင် လျှို့ဝှက်ထားသော ကိစ္စရပ်များကိုပါ ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။

6-9-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Google မှ အကူအညီများဖြင့် အချက်အလက်တွေကို ပိုမို ရှာဖွေနိုင်မည့် Search Engine အသစ် Google မှ အကူအညီများဖြင့် အချက်အလက်တွေကို ပိုမို ရှာဖွေနိုင်မည့် Search Engine အသစ် Reviewed by Myanmar Ethical Hacking News on 7:46 PM Rating: 5

No comments:

MEHN Team. Powered by Blogger.