kali linux ပေါ်မှာ DVWA ( Damn Vulnerable Web Application ) တင်နည်း


ပထမဆုံး အနေနဲ့ DVWA အကြောင်းလေးနည်းနည်း ပြောချင်ပါတယ်ဗျ။ DVWA ဆိုတာ PHP နဲ့  MySQL တို့  ပေါင်းစပ်ထားတဲ့ အားနည်းချက်ရှိအောင် ပြုလုပ်ထားတဲ့ web application ပဲ ဖြစ်ပါတယ်။ DVWA ပြုလုပ်ထားတဲ့ ရည်ရွယ်ချက်ကတော့ security  သမားတွေ (ဟက်ာကာတွေရော) သူတို့ ရဲ့ စွမ်းရည်တွေ ကို စမ်းသပ်လေ့ကျင့်ဖို့ နဲ့  ဟက်ကင်း tools တွေကို မည်သူမှ မထိခိုက်ဘဲ တရားဝင် သုံးနိုင်စေရန် အတွက်လည်း ဖြစ်သလို web developer တွေ အတွက်လည်း web applications ရဲ့ လုံခြုံမှုဘယ်လို ထားသင့် လုပ်သင့်တယ်ဆိုတာကို သဘောပေါက်နားလည်စေဖို့ ပဲ ဖြစ်ပါတယ်။ထို့ ပြင်  ကျောင်းသားတွေနဲ့ ဆရာတွေ စာသင်ခန်းတွင်းမှာ ဥပမာပေး လေ့လာနိုင်ဖို့ ပဲ ဖြစ်ပါတယ်။

DVWA  ဟာဆိုရင် web application တွေရဲ့ အားနည်းချက်တော်တော်များများ ထည့်သွင်းထားပေးပြီး ခက်ခဲမှု အဆင့်တွေကို လည်း မြှင့်ပြီး သုံးနိုင်အောင်လို့ လည်း ပြုလုပ်ပေးထားပါတယ်။ DVWA ဟာဆိုရင် စမ်းသပ်ဖို့  အတွက် ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။တခြားသော အကြောင်းနဲ့ တော့ မသုံးသင့်ပါဘူး။ ကျွန်တော်တို့  ပထမဆုံး DVWA ကို ဒေါင်းလုပ် လုပ်ပါ။

https://github.com/ethicalhack3r/DVWA/archive/v1.9.zip

490 MB လောက်တော့ရှိပါတယ်။ရလာတဲ့ zip file လေးကို ဖြည်ထုတ်လိုက်ပါ။ DVWA ဆိုတဲ့ file လေးရလာပါ့မယ်။
 အဲ့ file လေးကို /var/www/ or /var/www/html အောက်ကို ထည့်လိုက်ပါ။


ပြီးရင်တော့ dvwa file ရဲ့ permission ကိုပြောင်းပေးရပါ့မယ်။ဒါမှသာ ကျွန်တော်တို့  လုပ်ချင်တာ လုပ်လို့ ရမှာပါ။       chmod –R 755 /var/www/dvwa or /var/www/html


နောက်တဆင့်ကတော့ apache web server ကို run ပေးရမှာပါ။kali မှာကတော့ apache ကပြါ့ပီးသားမို့  တင်စရာမလိုပါဘူး။အောက်က ပုံထဲက အတိုင်း service apache2 start ရိုက်လိုက်ပါ။ service apache2 status ကတော့ web server အလုပ် လုပ်၊ မလုပ် ကြည့်တာပါ။active(running)ဆိုတော့ အဆင်ပြေပီလေ။


နောက်တဆင့်ကတော့ mysql ကို run ရမှာပဲ ဖြစ်ပါတယ်။ ရိုက်ရမယ်.ဟာလေးကတော့ service mysql start ပါ။ service mysql status လေးနဲ့  စစ်ကြည့်ပါတယ်။အိုကေနေပါတယ်။


ပြီးရင်တော့ mysql ရိုက်လိုက်ပါ။
နောက်တဆင့် အနေနဲ့  ပုံပါအတိုင်း database တည်ဆောက်လိုက်ပါတယ်။ create database dvwa; ရိုက်ပြီးတာနဲ့  enter ခေါက်ပါ။ပြီးရင်  exit နဲ့ ပြန်ထွက်ပါ။

နောက်တဆင့်နေနဲ့ အောက်ကအတိုင်းလေး ရိုက်ရမှာပါ။
curl –data ‘create db=create+%2f+Reset+Database’ http://127.0.0.1/dvwa/setup.php#  --cookie PHPSESSID=1

Firefox မှာ 127.0.0.1/dvwa/login.php ကို ရိုက်ပြီးခေါ်လိုက်ပါ။
Login page ကျလာပါလိမ့်မယ်။ username က admin ၊ passord ကတော့ password ပါပဲ။


အောင်မြင်သွားပါပြီ။စမ်းချင်တာစမ်းနိုင်သွားပါပြီင်္။

စီစဉ်တင်ဆက်သူ :: D3@D$ “I”@R ( MEHN Team )
kali linux ပေါ်မှာ DVWA ( Damn Vulnerable Web Application ) တင်နည်း kali linux ပေါ်မှာ DVWA ( Damn Vulnerable Web Application ) တင်နည်း Reviewed by Mr.Thein on 12:27 PM Rating: 5

No comments:

MEHN Team. Powered by Blogger.