Linux အသုံးပြုသူများအတွက် Games ကစားနည်းများ



ကဲ စာဖတ်သူတို့ ကျွန်တော်လည်း MEHN မှာ သတင်းတွေ/Tuto တွေမရေးဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီ . . စာဖတ်သူတွေနဲ့ ဝေးနေခဲ့တာလည်း အတော်ကြာခဲ့ပြီဆိုတော့ အခုတခါပြန်လည်ပြီးတော့ ကျွန်တော် မောင်ဘီလို (belo) ရောက်ရှိလာပါပြီဗျ။

ဒီတစ်ခေါက် ဘာကို Sharing လုပ်ပေးမလဲဆိုတော့  Linux Command လေးတွေနဲ့ Terminal မှာ နည်းနည်းကစားကြည့်ရအောင်။ ဒီသင်ခန်းစာကို လိုက်လုပ်မယ်ဆိုရင်တော့ Linux User တွေ အတွက်က အဆင်ပြေပေမယ့် Window User ဖြစ်မယ်ဆိုရင်တော့ VMware ဖြစ်ဖြစ် VBox ဖြစ်ဖြစ် မှာ Linux distro Os တစ်ခုခုတင်ပြီး စမ်းမယ်ဆိုလည်း အဆင်ပြေပါတယ်။ Internet Wifi ရနေဖို့တော့ လိုတယ်နော်။ ဘာကြောင့်လဲဆိုတော့ Package တစ်ချို့ Download ချဖို့လိုအပ်လို့ပါဗျ။ Size မကြီးပါဘူး မစိုးရိမ်ပါနဲ့ 1 M, 2 M, 3 M လောက် တွေပဲ ရှိပါတယ်ဗျ။

ကဲ ဒါဆို စလိုက်ကြရအောင် စက်ဖွင့် Terminal ဖွင့်ပြီး အသင့်ပြင်ထားပါ။

1.     အရင်ဆုံး Terminal ပေါ်မှာ ရထားမောင်းကြရအောင်။
Linux User တွေဆိုရင်တော့ သိပါလိမ့်မယ်  “ls” ဆိုတဲ့ cmd လေးကို Listing ထုတ်ကြည့်တဲ့ cmd လေးနော် အဲ့ဒါကိုလည်း အများစုက ရုတ်တရက်ရိုက်လိုက်ရင် မှားတတ်တဲ့ typing က ls ကို sl ဆိုပြီး မှားတတ်ကြတာပါပဲ ဒါကိုလည်း Linux User တွေသိပါတယ်။ အခု အဲ့ cmd လေးနဲ့ ရထားမောင်းရတော့မယ်။ အရင်ဆုံးအောက်က ပေးထားတဲ့ Package ကို Download ချပါ။ ပြီးရင် ပုံပါအတိုင်းလိုက်လုပ်ကြည့်လိုက်တော့နော်။





  

(မှတ်ချက်။ ။ sl package ဆွဲထားပြီးရင်တော့ နောက်တခါ ls & sl ကိုမှားရိုက်တဲ့အခါကျ ရထားမောင်းတာ ပြီးတဲ့အထိ စောင့်ရတော့မယ်ဆိုတာ ရဲရဲကြီးအာမခံရဲတယ်)

2.     အခုကျတော့ Terminal ကနေ Star Wars ရုပ်ရှင်လေးကြည့်ကြရအောင် . .


Star Wars လို့ပြောရင်တော့ လူတိုင်းသိလောက်ပါတယ်နော်။ မကြည့်ဖူးရင် အရင်ဆုံး Movie ကြည့်ပါ ပြီးမှ ဒီ Tuto လေးကို စမ်းပါ။ ဒီဟာလေးကျတော့ Download ချဖို့မလိုပါဘူး Terminal ဖွင့်ထားပြီး Internet လိုင်းကောင်းနေဖို့ဘဲ လိုပါတယ်။ ပြီးရင် Terminal ထဲမှာ အောက်ကပေးထားတဲ့ စာကြောင်းလေးရိုက်ထည့်ပြီး Enter ခေါက်လိုက်ရုံပါဘဲ
Command >>>> telnet towel.blinkenlights.nl










 
3.     ကဲ ဒါလေးကတော့ Terminal မှာ စာလုံးပြောင်းပြန် ရေးကျတာပေါ့ဗျာ . .


အောက်မှာသာ ကြည့်လိုက်ပါတော့ဗျာ .



   
4.      ဒီတစ်ခါကျ ငယ်ငယ်က ကွန်ပါဘူးတွေမှာ ပါတဲ့ အလီလေးတွေ မှတ်မိမယ်ထင်တယ် . .

အခု အဲ့အလီလေးတွေ ပြန်ရွတ်ကျတာပေါ့ . .  :P
အောက်က ပေးထားတဲ့ Script လေးကို ရိုက်ထည့်လိုက်ယုံပါပဲ။

>>> for i in {1..12}; do for j in $(seq 1 $i); do echo –ne $iA-$j=$((i*j))\\t;done; echo;done



 
5.     ကဲ ဒီတစ်ခါကျ Terminal မှာ စကားပြောတတ်တဲ့ နွားတစ်ကောင်လောက် ခေါ်မွေးကျတာပေါ့  . .

အောက်ဖော်ပြထားတဲ့ Package ကို Download ဆွဲပေးဖို့လိုပါတယ် . .

>>> yum install cowsay  ( for Red Hat based OS )
>>> apt-get install cowsay  ( for Debian based OS )

ပြီးရင် Terminal ကနေ အောက်ပုံအတိုင်း ရိုက်ထည့်လိုက်ပါ။



 6.     ခုနက Terminal မှာ ASCII နဲ့ နွားပုံစံလေးကျွန်တော်တို့ ကစားပြီးပြီ

အခု အဲ့နွားပုံစံကိုပဲ ကျွန်တော်တို့  Graphical နဲ့ ထုတ်ကြည့်ရအောင် . .
ဒီတစ်ခါအတွက် ထပ်ဆွဲရမယ့် Package က
>>> yum install xcowsay   (for Red Hat based OS)
>>> apt-get install xcowsay   (for Debian based OS)

ပြီးရင် အောက်ကပုံအတိုင်း terminal မှာ ရိုက်ထည့်ပေးလိုက်လို့ရပါပြီ . .



ကဲ အားလုံးလည်းလိုက်စမ်းရတာပျော်စရာကောင်းမယ်လို့ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ဒီလောက်ပါဘဲ။ Sharing လုပ်လိုက်ပါရစေ။ နောက်ပိုင်းတွေကျရင်လည်း Linux နဲ့ပက်သက်တာလေးတွေ ထပ်ပြီး Sharing လုပ်ပေးပါအုံးမယ်ဗျ။

20-9-2016
သတင်းစီစဉ် တင်ဆက်သူ - bel0 (MEHN Team)
Linux အသုံးပြုသူများအတွက် Games ကစားနည်းများ Linux အသုံးပြုသူများအတွက် Games ကစားနည်းများ Reviewed by Myanmar Ethical Hacking News on 9:50 PM Rating: 5

No comments:

MEHN Team. Powered by Blogger.