Yahoo Accounts များ မြေအောက်ဈေးတွင် ရောင်းချ
ဖွင့်ထုတ်ခြင်း ဖွင့်ချခြင်း စသည့် ကိစ္စရပ်များသည်
နေ့စဉ်တိုင်းတွင် ကြုံတွေ့နေရသော အခြေအနေတရပ်ဖြစ်သည်။ ပြီးပြည့်စုံကောင်းမွန်သော စံနစ်ဆိုသည်မှာ
မည်သည့်နေရာတွင်မှ မရှိပါ။ ကမ္ဘာ့ လုံခြုံရေးအကောင်းဆုံးဟု ခေါ်ဆိုထိုက်သော ပင်တဂွန်
စစ်ဌာနချူပ်ဝက်ဘ်ဆိုက်တွင်ပင် အားနည်းချက်ပေါင်း ၁၀၀ ကျော်ရှိသည်။ ကမ္ဘာတွင် ကျော်ကြားလှသော
ဆိုက်ဘာ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသော NSA (National
Security Agency) သည်ပင်လျှင် တိုက်ခိုက်မှူ့များကို ကြုံတွေ့နေရပါသည်။ မကြာသေးမှီကာလများတွင်
NSA မှ အချက်အလက်များကို Shadow Brocker ဟုခေါ်သော မြေအောက် ဆိုက်ဘာအဖွဲ့မှ NSA ကို
တိုက်ခိုက်ခဲ့ပြီး အချက်အလက်များကို ဖွင့်ချခဲ့သည်။ ရုရှားဟက်ကာများသည်လည်း အမေရိကန်လွှတ်တော်
အမတ်များ၏ အချက်အလက်များကို ထိုးဖောက်တိုက်ခိုက်ခဲ့သည်။
အချက်အလက်များသည် လူတိုင်းအတွက် အသက်တမျှ
အရေးကြီးပါသည်။ အချက်အလက်များ ဖွင့်ထုတ်ခံရခြင်း ပေါက်ကြားခြင်း ဟက်ကာများလက်သို့ရောက်ရှိသွားခြင်း
စသည့် ကိစ္စရပ်များသည် အလွန်ပင် အန္တရာယ်ကြီးမားသော အခြအနေဖြစ်သည်။ အချက်အလက်များ ဖွင့်ချခံရခြင်းကြောင့်
အန္တရာယ်ရှိသော အရာများ မြောက်များစွာ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် အချက်အလက်များသည်
အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျှက်ရှိပါသည်။
မြေအောက်လောကတွင် Peace သို့မဟုတ်
Peace_of_Mind ဟု ခေါ်တွင်သော ဟက်ကာသည် ၂၀၀ မီလီယံခန့်ရှိသော Yahoo Accounts များကို
တင်ပြီး ရောင်းချနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုဈေးကွက်ကို The Real Deal ဟု ခေါ်တွင်ပါတယ်။
ဟက်ကာအများစုသည် တိုက်ခိုက်ပြီး ရရှိလာသော အချက်အလက်များကို မြေအောက်လောကတွင် ရောင်းချလေ့ရှိပါသည်။
Linkedin , MySpace , Tumblr နှင့် VK တို့ကဲ့သို့သော လူမှူ့ကွန်ယက်များကို တိုက်ခိုက်ပြီး
ရရှိလာသော အချက်အလက်များကို The Real Deal အမည်ဖြင့် ရောင်းချကြပါသည်။ The Real Deal
ဆိုသည်မှာ အချက်အလက်များကို အမှန်တကယ်ရောင်းချသည့် ဈေးကွက်အမည် ဖြစ်သည်။
Yahoo မှ ၂၀၀ မီလီယံခန့် ပမာဏရှိသော အချက်အလက်များကို
၃ Bitcoin (အမေရိကန် ဒေါ်လာ ၁၈၀၀) တည်းနှင့် ရောင်းချနေပါတယ်။ Bitcoin ဆိုသည်မှာ
Digital Currency ဖြစ်သည်။ တနည်းအားဖြင့် အင်တာနက်ပေါ်တွင် ပစ္စည်းအလဲအလှယ်ပြုလုပ်သည့်အခါ
ရောင်းချသည့်အခါတွင် သုံးသော ငွေကြေးစံနစ်ဖြစ်သည်။ အခြားသော Digital Currency များလည်း
မြောက်များစွာရှိပါတယ်။ Qiwi , Webmoney , Yandex Money စသည်ဖြင့် နိုင်ငံအလိုက် အင်တာနက်
ငွေကြေးစံနစ်ပေါင်း များစွာရှိပါတယ်။ ထို အင်တာနက်ငွေကြေးများကို အသုံးပြုပြီး အင်တာနက်ပေါ်တွင်
ပစ္စည်းရောင်းဝယ်ခြင်းကို ပြုလုပ်ကြပါတယ်။
Yahoo အကောင့်၏ အချက်အလက်များမှာ - အမည်
၊ နေရပ်လိပ်စာ ၊ အီးမေလ်း အချက်အလက် ၊ Password ၊ စသည့်အချက်အလက်များပါဝင်ပါတယ်။ စာချစ်သူတို့အနေနှင့်
ဝယ်ယူချင်တယ်ဆိုရင်တော့ မြေအောက် လောကတွင်ရှိသော Peace_of_Mind ထံမှ ၀ယ်ယူနိုင်ပါတယ်။
21-9-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Yahoo Accounts များ မြေအောက်ဈေးတွင် ရောင်းချ
Reviewed by Myanmar Ethical Hacking News
on
6:17 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:17 PM
Rating:

No comments: